နံနက်ပိုင်းအားကစားသတင်းတိုများ (၃၁.၁၀.၂၀၂၀)

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာအနေနဲ့ အစ္စတန်ဘူလ်ကို (၂-ဝ)နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်က ဒဏ်ရာကြောင့် (၃)ပွဲလောက် ထပ်အနားယူရဖို့ရှိနေတယ်လို့သိရပါတယ်။ နေမာအနေနဲ့ ကြွက်သားနာကျင်မှုကိုခံစားနေရတာဖြစ်ပြီး၊ လုံလုံလောက်လောက်ပြန်အနားယူဖို့လိုနေတာဖြစ်ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ လူစားလဲတဲ့စည်းမျဉ်းကို ငါးယောက်အထိ ခွင့်ပြုသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ကစားသမားတွေအနေနဲ့ ပွဲဆက်ကစားနေရတာက ကြံ့ခိုင်မှု မလုံလောက်တဲ့ ပြဿနာတွေကို ဆက်တိုက်ခံစားနေရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ရာသီကလို ငါးယောက်အထိထားပေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။ မှတ်တမ်းအရ ပရီးမီးယားလိဂ်ရဲ့ လက်ရှိဒဏ်ရာရ ကစားသမားတွေရဲ့ …

Read More

တန်းဆင်းသွားခဲ့တာတောင် သစ္စာရှိခဲ့တဲ့ ဒိုင်ချီ၊ ပရီးမီးယားလိဂ်ရဲ့ဘိုးသက်ရှည်စာရင်းထဲဝင်လာ

ဒီဖက်ခေတ်လို ပရီးမီးယားလိဂ်မှာ အသင်းတသင်းကို အကြာကြီးကိုင်တွယ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ အောင်မြင်တဲ့အသင်းတသင်းဖြစ်မလာရင် အထုတ်ခံရတာမျိုးနဲ့ ကိုယ်တိုင်က ပိုကောင်းတဲ့အခွင့်အရေးတွေဆီသွားတာမျိုးတွေကြောင့် သက်တော်ရှည်နည်းပြတွေဟာ မြင်ရခဲလာပါတယ်။ ဒီအချိန်မှာ ဘန်လေနည်းပြ ဒိုင်ချီတယောက်ကော့ မတူခဲ့ပါဘူး။ (၃၀.၁၀.၂၀၂၀)နေ့ဟာ ဘန်လေအသင်းကို ဒိုင်ချီကိုင်တွယ်တာ (၈)နှစ်ပြည့်နှစ်ဖြစ်ပါတယ်။ (၂၀၁၂) အောက်တိုဘာ ၃၀ ရက်နေ့မှာ ဒိုင်ချီကို ဘန်လေအသင်းခန့်အပ်ခဲ့ပြီး၊ အသင်းကိုအလုံးစုံကိုင်တွယ်ဖို့ တာဝန်ယူစေခဲ့ပါတယ်။ ကစားသမားကောင်းကောင်းဝယ်ဖို့ဘတ်ဂျတ်မရခဲ့ပေမဲ့ အသင်းကို အနိမ့်အမြင့်အတက်အကျ …

Read More

ပရီးမီးယားလိဂ် ရက်သတ္တပတ် (၇)အတွက် ပွဲစဉ်တွေကို ခန့်မှန်းပေးခဲ့တဲ့ လော်ရိုး

ဒီတပတ်မှာ ပွဲကြီးပွဲကောင်းလို့ဆိုရမယ့် မန်ယူ-အာဆင်နယ်တွေ့ဆုံတဲ့ ပွဲစဉ်က ပရိသတ်တွေကို စိတ်ဝင်စားစေပါတယ်။ အပတ်စဉ် (၇)လို့ဆိုရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပရိသတ်တွေ မနားတမ်းကြည့်ရမှာက သောကြာကနေ တနင်္လာနေ့အထိ ပွဲတွေကဆက်နေတာပါ။ ပွဲပမ်းနေတဲ့အနေအထားတွေနဲ့ သုံးရက်ခြားကန်ရမှာဖြစ်တဲ့အတွက် ခန့်မှန်းရခက်ဖို့ ရှိလာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘီဘီစီရဲ့ကျွမ်းကျင် ခန့်မှန်းသူ လော်ရိုးက အပတ်စဉ်တင်ဆက်ပေးနေကြသူ့အစီအစဉ်တိုင်း ရလဒ်တွေ ခန့်မှန်းခဲ့ပါတယ်။ ပြတ်သားတဲ့အနိုင်ရလဒ်တွေကို တင်ဆက်ပေးခဲ့ချိန်မှာတော့ မှန်မမှန်စောင့်ကြည့်ဖို့က ပရိသတ်တာဝန်ဖြစ်လာပါပြီ။ …

Read More

ဒူးဒဏ်ရာကို အောင်မြင်အောင်ခွဲစိတ်နိုင်ခဲ့ပေမဲ့ ထင်ထားသလိုဖြစ်မလာတဲ့ ဗန်ဒိုက်

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ယောက် သူ့ရဲ့ဒူးဒဏ်ရာ ACL ကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပါတယ်။ လီဗာပူးက တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက်မှာ မကြာခင်ဗန်ဒိုက်ပြန်လာနိုင်မယ့်အနေအထားကို ပိုနီးစပ်လာခဲ့ပါပြီ။ ဒါပေမဲ့ ပရိသတ်တွေ ထင်ထားသလိုမဟုတ်ဘဲ ဗန်ဒိုက်ဟာ နဂိုခန့်မှန်းထားသလိုပဲ ကာလရှည်ကြာဦးမယ်လို့သိရပါတယ်။ နိုဝင်ဘာလ (၁၇)ရက်နေ့ အဲဗာတန်နဲ့ ပွဲပြီးကတည်းက ဗန်ဒိုက်တယောက်မပါဝင်နိုင်ခဲ့ပါဘူး။ အဲဗာတန်ဂိုး သမားပစ်ဖို့ဒ်နဲ့ထိခိုက်မိခဲ့ချိန်၊ ဒူးနာသွားခဲ့ပြီး၊ ဒူးအရှေ့ပိုင်း အရွတ်ကြောစုတ်ပြဲတဲ့ ဒဏ်ရာ ACL ရခဲ့တယ်လို့ ကလပ်ကထုတ်ပြန်ခဲ့ပါတယ်။ …

Read More

နံနက်ပိုင်းအားကစားသတင်းတိုများ (၃၀.၁၀.၂၀၂၀)

ပရီးမီးယားလိဂ်ပရိသတ်တွေ မကျေမနပ်ဖြစ်နေတဲ့ ပေးပါဗျူးစနစ်ကို နိုဝင်ဘာလ (၆-၈)ရက်နေ့အထိ တိုးမြင့်သွားမယ်လို့သိရပြီး၊ အစီအစဉ်ကို ဆက်လက်စမ်းသပ်သွားမယ်လို့ဆိုပါတယ်။ အင်တာနေရှင်နယ်ဘရိတ်တွေပြီးမှ ဆက်ပြသင့်မပြသင့်ပြန်သုံးသပ်သွားမှာဖြစ်တဲ့အတွက် ယူကေ ပရိသတ်တွေဟာ လောလောဆယ် ပိုက်ဆံပေးကြည့်နေရဦးမှာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ သူတို့အသင်းရဲ့အိမ်ကွင်းလက်မှတ်တွေဝယ်ထားပြီး၊ ပရိသတ်ဝင်ခွင့်မရတာကြောင့် မကြည့်လိုက်တဲ့ လက်မှတ်ကိုင်ထားသူတွေကို ပိုက်ဆံတွေပြန်အမ်းနေပြီလို့သိရပါတယ်။ အရင်ဆုံး ပထမဆုံးအိမ်ကွင်းငါးပွဲအတွက် လက်မှတ်တွေပြန်အမ်းဖို့ စတင်နေပြီဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်ကူးစက်နှုန်းမြင့်တက်လာတာကြောင့် ဒီဇင်ဘာလ (၁)ရက်နေ့အထိ ပြင်သစ်ဖလားပွဲစဉ်တွေကို ရွှေ့ဆိုင်းထားလိုက်တယ်လို့သိရပါတယ်။ လီဂူးဝမ်း၊ …

Read More

ဘောလုံးသမိုင်းတလျှောက် တရားဝင်သွင်းဂိုးအများဆုံး အဆင့်လေး ရောက်လာတဲ့မက်ဆီ

ဂျူဗင်တပ်ကို (ဝ-၂)နဲ့ ဘာစီလိုနာအသင်းအနိုင်ရခဲ့တဲ့ ပွဲမှာ မက်ဆီဟာ အသင်းအတွက် ပင်နယ်တီကနေ အနိုင်ဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။ မက်ဆီအတွက်ပုံမှန်သွင်းဂိုးတစ်ဂိုးလို ဆိုရပေမဲ့ စံချိန်တွေကတော့ မနေခဲ့ပါဘူး။ ဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံးဆိုတဲ့ ကစားသမားစာရင်းမှာ နေရာတနေရာပြီးတနေရာတက်လာခဲ့ပြီး၊ စံချိန်တွေက ဆက်သွားနေပါတယ်။ ဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံးအဖြစ်လက်ရှိမှာ သတ်မှတ်ထားတဲ့ ကစားသမားတွေရှိပါတယ်။ (၁)ဂျိုးဆက်ဘီကန် (၈၀၅+)ဂိုး၊ (၂)ရိုမာရီယို (၇၇၂)ဂိုး၊ (၃)ပီလီ (၇၆၇)ဂိုး၊း၊ (၄)ဖာရန့်စ် ပူးကပ် …

Read More

ဟယ်ရီကိန်းမှာ အပြစ်ရှာစရာတကွက်မှ မရှိအောင်ကောင်းတယ်လို့ အသင်းဖော်ဂျိုးဟတ်ချီးကျူး

စပါးအသင်းရဲ့ဂိုးသမား ဂျိုးဟတ်နဲ့ ဟယ်ရီကိန်းဆိုတာ အင်္ဂလန်အသင်းမှာ (၂၀၁၅)လောက်က အတူတူအသင်းဖော်ဖြစ်ဖူးတဲ့သူတွေပါ။ (၃၃)နှစ်ရှိနေပြီဖြစ်ပေမဲ့ စပါးအသင်းက ဂျိုးဟတ်ကိုအလွတ်ကြေးနဲ့ ဟူဂိုလိုရစ်နောက် အရန်အနေနဲ့ထားဖို့ စာချုပ်လိုက်ချိန်မှာ နှစ်ယောက်သားစပါးအသင်းဖော်တွေဖြစ်လာခဲ့ပါတယ်။(၂) နှစ်စာချုပ်နဲ့အတူ ဂျိူးဟတ်တယောက် ပရီးမီးယားလိဂ်မှာဆက်အခြေချနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းကလည်း ဒီရာသီမှာ ဆွန်+ကိန်း အတွဲနဲ့ (၁၃)ဂိုးတိတိ ပရီးမီးယားလိဂ်မှာ ပါဝင်ပတ်သက်ထားပါပြီ။ ဒါဟာပရီးမီးယားလိဂ်မှာ ကစားထားသမျှကစားသမားတွေထဲမှာ ဂိုးပတ်သက်မှုအများဆုံးအနေနဲ့ ရှိနေတာပါ။ အခုလိုခြေစွမ်းမျိုးတွေပြနေချိန်မှာ ဂျိုးဟတ်အနေနဲ့ အသင်းဖော်ဖြစ်လာတဲ့ …

Read More

ဆာလီဘာကို လူစာရင်းမှာ မသွင်းမိလို့ နောင်တရနေတဲ့ အာဆင်နယ်နည်းပြ

အာဆင်နယ်အသင်းရဲ့နောက်တန်းပြဿနာက အတော်လေးကို ဆိုးရွားနေပါတယ်။ အသင်းရဲ့နောက်ခံလူ ဒေးဗစ်လူးဝစ်ဒဏ်ရာရသွားတဲ့အပြင် လူစာရင်းမှာရှိနေတဲ့ ကစားသမားတွေက ပွဲထွက်မပါနိုင်သေးတဲ့အနေအထားကို ရောက်ရှိနေပါတယ်။ ပါဘလိုမာရီ၊ ဟိုဒင်း၊ ချမ်ဘာ၊ သုံးဦးလုံးပွဲမထွက်နိုင်သလို အမှားများတဲ့မူစတာဖီကိုပဲသုံးရဖို့ရှိနေတဲ့ အနေအထားမျိုးကို ဖြစ်လာခဲ့ပါတယ်။ အသင်းရဲ့နောက်ခံလူတွေထဲမှာ ပေါင်(၂၇)သန်းနဲ့ (၂၀၁၉)တုန်းကဝယ်ယူထားတဲ့ ပြင်သစ်သား (၁၉)နှစ်အရွယ် နောက်ခံလူလေးရှိနေပေမဲ့ အာတီတာဟာ ဒီနှစ်ရဲ့လူစာရင်းမှာ မသွင်းခဲ့ပါဘူး။ ဝယ်ပြီးပြီးချင်းနှစ်မှာပဲ ဆာလီဘာကိုတနှစ်အငှားပြန်ချခဲ့ပြီး၊ အခုရောက်လာတဲ့နှစ်မှာလည်း ဥရောပပွဲတွေအတွက်စာရင်းမသွင်းခဲ့တာပါ။ နောက်တန်းမှာလုံး၀ …

Read More

(၁၆)မိနစ်နဲ့ ဟက်ထရစ်သွင်းအပြီးမှာ တဦးချင်းထူးချွန်စံချိန် (၃)ခုရခဲ့တဲ့ ရက်ရှ်ဖို့ဒ်

လစ်ဇစ်ကို (၅-ဝ)နဲ့ နိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ဟာ ဟက်ထရစ်သင်းနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း (၆၃)မိနစ်မှာမှ လူစားဝင်လာခဲ့ပြီး၊ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကနေ စလို့ ဟက်ထရစ်ရချိန်အထိ (၁၆)မိနစ်ပဲကြာခဲ့ပါတယ်။ (၇၄၊ ၇၈၊ နဲ့ ၉၂ )မိနစ်တွေမှာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဝင်မလာခင်အထိ (၁-ဝ)နဲ့ပဲ နိုင်နေခဲ့တဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်လမ်းကြောင်းကို ဂိုးတွေရရှိအောင်ပြောင်းလဲပေးနိုင်ခဲ့ချိန်၊ ထူးခြားစံချိန်တွေတင်ခဲ့ပြီး၊ optajoe ရဲ့ …

Read More

နံနက်ပိုင်းအားကစားသတင်းတိုများ (၂၉.၁၀.၂၀၂၀)

ဒန်းဒေါ့ကို ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ နောက်ခံလူ ဒေးဗစ်လူးဝစ် ဒဏ်ရာကြောင့်မပါဝင်နိုင်ဘူးလို့ သိရပါတယ်။ ဂါဘရီရယ်နဲ့ မူစတာဖီနှစ်ဦးပဲ နောက်တန်းမှာ ကြံ့ခိုင်မှုအပြည့်ရှိနေပြီး၊ အာဆင်နယ်ဟာ နောက်တန်းပြဿနာ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကွင်းထဲကို ပရိသတ်တွေဝင်ခွင့်ရဖို့အတွက် ယူနိုက်တက် တာဝန်ရှိသူတွေဟာ စီစဉ်ထားပြီးပြီဖြစ်ပါတယ်။ ယူကေအစိုးရကသာ ခွင့်ပြုတာနဲ့ ပရိသတ် (၂၃၅၀၀) ကို ချက်ချင်းဆိုသလို ကွင်းထဲဝင်လို့ရအောင် လုပ်ထားပြီဖြစ်တဲ့အတွက် ယူနိုက်တက်ပရိသတ်အများစုဟာ ကွင်းထဲပြန်ကြည့်နိုင်ဖို့ အားသာချက်ရှိနေပါတယ်။ …

Read More

ကိုယ့်လူကိုယ်တောင်မချန် ဘောလုံးမပေးဖို့ ပြောခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီးမား

ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ကိုယ့်အသင်းဖော်ကို တိုက်ခိုက်ခဲ့တဲ့ စကားလုံးတွေကို ရီးရဲလ်မက်ဒရစ်နဲ့ မိုချင်ဂလာဘတ်ပွဲစဉ်မှာ ကြုံတွေ့ခဲ့ရပါတယ်။ သူ့ရဲ့ အသင်းဖော် ဖာလန်မန်ဒီကို အသင်းသားတဦးကို ဘောလုံးမပေးဖို့ ပြောကြားနေတာဖြစ်ပြီး၊ အခုလို ပြောကြားခဲ့တဲ့ စကားလုံးတွေကို (၂-၂)နဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ကင်မရာတခုက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြောခဲ့တဲ့အချိန်က ပထမပိုင်းပြီးလို့ ဥမင်လိုဏ်ခေါင်းထဲမှာ နှစ်ယောက်သားလမ်းလျှောက်နေတဲ့အချိန်မှာပါ။ ရီးရဲလ်မက်ဒရစ်က ဦးဆောင်ဂိုးပေးထားရပြီး၊ မိုချင်ဂလာဘတ်ရဲ့ သူရမ်က …

Read More

တိုက်စစ်မှူးမပါဘဲ ကစားပြခဲ့ပြီးနောက်မှာ သူ့ကိုဝေဖန်သူတွေအပေါ် တုံ့ပြန်လိုက်တဲ့ ပတ်ဂွါဒီယိုလာ

ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လုပ်ကွက်တွေက တပွဲပြီး တပွဲလေးစားစရာပါ။ အဂူရိုနာနေတဲ့အချိန်၊ ဂါဘရီရယ်ဂျီးဆပ်နဲ့ အလုပ်မဖြစ်သေးတဲ့ တိုက်စစ်ကို ခန့်မန်းထားတဲ့ လူစာရင်းနဲ့လွဲအောင်ထုတ်ပြီး၊ မာဆေးလ်ကို ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ်။ ဖိုဒင်၊ စတာလင်ကို duo တွဲပြီး၊ ဒီဘရိုင်းက ကွင်းလယ်တိုက်စစ် ကစားသမား စစ်စစ်ကစားဟန်နဲ့ ဆော့ခဲ့တာပါ။ ရလဒ်ကတော့ မာဆေးလ်နည်းပြ ဗီလာဘိုအာ့စ်တယောက် မထင်မှတ်ထားဘဲ အမှားမှားအယွင်းယွင်းခံစစ်တွေကြုံခဲ့ရပြီး (ဝ-၃)ရလဒ်နဲ့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပတ်ရဲ့ဗျူဟာက …

Read More