လမ်းပတ်ရာထူးကို ဆက်ခံမယ့်နည်းပြအဖြစ် ထိပ်ဆုံးက ရေပန်းစားလာတဲ့ နည်းပြ ၅ ဦး

ချဲလ်ဆီးအသင်းနည်းပြလမ်းပတ်တယောက် လက်စတာကို ရှုံးအပြီးမှာ နည်းပြရာထူး ထိုင်ခုံလှုပ်နေပါတယ်။ ပေါင်သန်း ၂၀၀ သုံးထားတဲ့အသင်းကအလုပ်မဖြစ်သလို လမ်းပတ်ကိုယ်တိုင်က ကစားသမားတွေကို အပြစ်တင်တာမျိုးပြုလုပ်ခဲ့တဲ့အပေါ် ချဲလ်ဆီးတာဝန်ရှိသူတွေဟာ နည်းပြသစ်ရှာဖွေနေပြီလို့သိရပါတယ်။ ရှာဖွေနေတဲ့အတွက် ကမ္ဘာကျော် ပက်ဒီပါဝါလို လောင်းကစားဒိုင်တွေကအစ လောင်းကြေးဖွင့်လိုက်ပြီဖြစ်ပြီး၊ လမ်းပတ်အလွန်ဘယ်သူဖြစ်မလဲနဲ့ ဘယ်အချိန်မှာထုတ်ခံရမလဲကို ခန့်မှန်းစေခဲ့ပါတယ်။ ထုံးစံအတိုင်း ရေပန်းစားလာတဲ့နည်းပြတွေထွက်လာချိန်မှာတော့ ချဲလ်ဆီးမန်နေဂျာသစ်ဖြစ်လာနိုင်တဲ့နည်းပြ ၅ ဦးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ (၅)ဘရန်ဒန်ရော်ဂျာ-လက်စတာ- လက်စတာအသင်းကိုဇယားထိပ်ရောက်အောင်ပို့ပေးထားတဲ့ …

Read More

ရီးရဲလ်အသင်းကတရားဝင်ထွက်ခွင့်တောင်းလိုက်တဲ့ အိုဒီဂတ်ကို အပြိုင်လုတော့မယ့် ဥရောပကလပ် ၄ သင်း

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားလေး မာတင်အိုဒီဂတ်ဟာ အသင်းကနေထွက်ခွာဖို့ တရားဝင်ခွင့်တောင်းလိုက်ပါတယ်။ မာကာသတင်းဌာနကနေ ဖော်ပြခဲ့တဲ့သတင်းအရ ၂၂ နှစ်သားကိုယ်တိုင်က ပွဲထွက်ခွင့်မလုံလောက်တဲ့အတွက် တောင်းဆိုလိုက်တာဖြစ်ပြီး၊ ရီးရဲလ်အသင်းဟာ ကစားသမားကို ရောင်းချဖို့ပြင်ဆင်ထားပြီလို့သိရပါတယ်။ အိုဒီဂတ်ဆိုတာက ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်ကနေ ရီးရဲလ်ဆိုစီဒက်ကို အငှားထွက်ကစားခဲ့တဲ့ ကစားသမားပါ။ ကွင်းလယ်တိုက်စစ်၊ ကွင်းလယ်ညာတောင်ပံ၊ ဗဟိုကွင်းလယ်လူစတဲ့ နေရာတွေမှာ ခြေစွမ်းပြခဲ့တဲ့ အိုဒီဂတ်ဟာ ဆိုစီဒက်မှာအငှားလာကစားခဲ့ရပေမဲ့ အဓိက ပွဲထွက်ကစားသမားဖြစ်ခဲ့ပါတယ်။ ၁၈ …

Read More

မန်ချက်စတာယူနိုက်တက်ကို ပြန်လာဖို့ သဲလွန်စတခုချပေးလိုက်တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်အသင်းစတား စီရော်နယ်ဒိုတယောက် သူ့ရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်လာနိုင်ခြေမြင့်နေတယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ စီရော်နယ်ဒိုပေးလိုက်တဲ့ သဲလွန်စတခုကြောင့် မန်ယူ-စီရော်နယ်ဒို ပေါင်းစည်းမှုဟာ မကြာခင်မှာဖြစ်လာနိုင်ပြီး၊ ကစားသမားဟာ တကယ်ပဲယူနိုက်တက်ကို ပြန်လာမလားက မေးခွန်းဖြစ်လာပါတယ်။ စီရော်နယ်ဒိုရဲ့ပရိသတ်တွေက ထုံးစံအတိုင်းကစားသမားရဲ့အင်စတာဂရမ်ကို စောင့်ကြည့်နေကြသူတွေပါ။ ဖော်လိုဝါ ၂၅၅ သန်းကို မကြာသေးခင်ကမှ ပြည့်သွားတဲ့ စီရော်နယ်ဒိုဟာ သူကိုယ်တိုင်က ဖော်လိုးလုပ်ထားတာ ၄၆၂ ခုပဲရှိပါတယ်။ ဒါကတော့ …

Read More

အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြအောင် မန်ယူနိုက်တက်ရဲ့ ဘရူနိုဖာနန်ဒက်ကို အတုယူခဲ့ရတယ်ဆိုတဲ့ စမစ်ရိုး

အာဆင်နယ်ရဲ့လတ်တလောအခြေအနေက နိုင်ပွဲဆက်တိုက်၊ ပေးဂိုးမရှိရလဒ်တွေနဲ့အတူ အကောင်းဆုံးလမ်းကြောင်းပေါ်ပြန်ရောက်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲနိုင်ထားသလို သရေတပွဲနဲ့ ပေးဂိုးလုံးဝမရှိစွမ်းဆောင်ထားတာပါ။ အတော်လေးကို ကောင်းတဲ့ရလဒ်တွေရလာဖို့ အာဆင်နယ်ရဲ့လူငယ်ကစားသမားလေး စမစ်ရိုးကလည်း ကျရာနေရာက ပါဝင်ထားပါတယ်။ ၂၀ နှစ်သား ကစားသမားလေးအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ နှစ်လုံးဖန်တီးပေး၊ ဘရိုက်တန်၊ ဝက်စ်ဘရွန်း၊ ပဲလေ့စ်ပွဲတွေမှာ တလုံးစီဖန်တီးပေးထားပြီး၊ စုစုပေါင်း ၅ လုံးကို နောက်ဆုံးငါးပွဲဆက်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာ …

Read More

အသက် (၃၀)အထက် ကစားသမားတွေထဲကမှ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား (၆)ဦး

လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့မှာ ဘာစီလိုနာရဲ့မက်ဆီလိုမျိုး အလွတ်ကြေးဖြစ်မယ့် ကစားသမားတွေရှိနေပါတယ်။ အသက် ၃၀ ကျော်အရွယ် ကမ္ဘာကျော်တွေဖြစ်ပြီး၊ မန်စီးတီးရဲ့အဂူရိုတို့လိုမျိုး ထိပ်တန်းအဆင့်မှာရှိနေတဲ့ ကစားသမားတော်တော်များများ အလွတ်ပြောင်းရွှေ့ကြေးကို ဖြစ်သွားမယ့်ရာသီပါ။ ဒီလိုမျိုး အသက် ၃၀ ကျော်အရွယ်တွေ အလွတ်ကြေးနီးပါးဖြစ်လာမယ့်အခြေအနေမျိုးမှာတော့ ပရိသတ်တွေအထင်မှာ အသက်ကြီးကစားသမားတွေဟာ ပြောင်းရွှေ့ကြေးတွေ မမြင့်နိုင်တော့ဘူးလို့ ထင်စရာရှိနေပါတယ်။ ဒါပေမဲ့ ဖိုးဖိုးတူး မဂ္ဂဇင်းကထုတ်ပြန်ခဲ့တဲ့ စာရင်းတခုအရ အသက် ၃၀ …

Read More

မက်ဆီနဲ့ ရော်နယ်ဒိုနှစ်ဦးမှာ ဗိုလ်လုပွဲတွေနဲ့ပတ်သက်လို့အောင်မြင်မှု ဘယ်သူပိုများလဲ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကတော့ လောလောလတ်လတ်မှာပဲ စပိန်စူပါဖလား ဗိုလ်လုပွဲကို ရှုံးနိမ့်ထားပါတယ်။ အသင်းက ပွဲချိန်ပြည့်နီးပါးဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုး၊ အနိုင်ဂိုးတွေခွင့်ပြုခဲ့ရတဲ့အပြင် ကိုယ်တိုင်ကပါ အနီကတ်နဲ့ထွက်ခဲ့ရတဲ့အတွက် ရှုံးပွဲက မက်ဆီအတွက် ကံဆိုးခဲ့ပါတယ်။ မက်ဆီအနေနဲ့ အခုလိုဖိုင်နယ်ပွဲတွေကို ရှုံးတာက ပရိသတ်တွေမြင်ရခဲ့ပေမဲ့ တခုသတိပြုရမှာက ပြိုင်ဘက်ဟောင်း ရော်နယ်ဒိုနဲ့ယှဉ်ရင် သိသာမြင်သာရှိနေပါတယ်။ ရော်နယ်ဒိုဟာ မက်ဆီလို ၃၃ နှစ်သားအရွယ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို သုံးကြိမ်ဆက်တက်ပြီး၊ ဗိုလ်စွဲနေချိန်ဖြစ်ပေမဲ့ …

Read More

ဥရောပဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီပွဲ (၆)ပွဲ

ဒါဘီပွဲလိုဆိုလိုက်တာနဲ့ ကစားပြီးခဲ့တဲ့ လီဗာပူး-မန်ယူပွဲကို ပရိသတ်တွေပြေးမြင်ကြမှာပါ။ ဒါဘီပွဲတွေရဲ့ထုံးစံအတိုင်း တသင်းနဲ့တသင်းအကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး ပရိသတ်တွေထက်ကို နိုင်လိုစိတ်ပြင်းတဲ့စိတ်တွေနဲ့ ကစားကြပါတယ်။ ဒါပေမဲ့ လီဗာပူး-မန်ယူ ပွဲကတော့ ဝ-၀ နဲ့ ပြီးဆုံးသွားခဲ့တဲ့အတွက် သိပ်တော့ အားရဖို့မကောင်းပါဘူး။ ဒီလိုမျိုးဖြစ်နေတဲ့ ပရိသတ်တွေအတွက် ဘယ်လိုဒါဘီပွဲတွေဆိုရင် အကြိတ်အနယ်ရှိမလဲ။ အကြိတ်အနယ်အရှိဆုံးဒါဘီပွဲကဘယ်လိုလဲကို သိချင်ကြမှာပါ။ ဒါကြောင့် ထူးထူးခြားခြားတင်ဆက်မှုတွေကို လုပ်ပေးနေကြ The Athletic ကနေ ပရိသတ်တွေအတွက် …

Read More

သူဝတ်တဲ့ဂျာစီကို ဆောက်လုပ်ရေးအလုပ်သမားဆီပစ်ခဲ့တာကြောင့် အရေးယူခံရနိုင်တဲ့ သီယာဂိုဆေးလ်ဗား

ချဲလ်ဆီးအသင်းရဲ့နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ လက်ရှိမှာ အက်ဖ်အေရဲ့အရေးယူမှုကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ချဲလ်ဆီး-ဖူလ်ဟမ်ပွဲစဉ်မှာ (၁-ဝ) နဲ့အသင်းအနိုင်ရခဲ့တဲ့အပေါ် အပျော်လွန်ပြီး၊ ပွဲချိန်တွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ပရိသတ်ဆီပစ်ပေးခဲ့တာကြောင့်ပါ။ ခဲျလ်ဆီးအသင်းဟာ အဆိုပါနိုင်ပွဲကို မေဆင်မောင့်ရဲ့တလုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ၆ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးမှ ပထမဆုံးပြန်နိုင်တာဖြစ်တဲ့အတွက် သီယာဂိုဆေးလ်ဗားအပါအဝင် ချဲလ်ဆီးအသင်းသားတွေအတွက် အများကြီးအဓိပ္ပာယ်ရှိခဲ့ပါတယ်။ ဒီအချိန်မှာ ဆေးလ်ဗားက ဂျာစီကိုချွတ်ပြီး၊ ပွဲကြည့်စင်မှာရှိနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားဆီပစ်ပေးခဲ့ပါတယ်။ ဒီလိုပစ်ပေးတာက ပုံမှန်ဆိုရင် …

Read More

အန်ဖီးမှာ အနိုင်ကန်နိုင်ရဲ့သားနဲ့ အခွင့်အရေးကို အသုံမချနိုင်ခဲ့ဘူးလို့ ဆိုးလ်ရှားဝန်ခံ

လီဗာပူးအိမ်ကွင်းမှာ ဝ-၀ သရေရလဒ်ထွက်ပေါ်ပြီးချိန်မှာ မန်ယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်မှာပဲ ဆက်ရပ်တည်နေပါတယ်။ အန်ဖီးကွင်းမှာ သွားကစားခဲ့ရတာဖြစ်တဲ့အတွက် အဝေးကွင်းခြေစွမ်းကောင်းတွေရှိနေတဲ့ သူ့အသင်းဟာ အိမ်ရှင်လီဗာပူးကို အနိုင်ရယူနိုင်တဲ့အထိ ခြေစွမ်းရှိခဲ့တယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။ တဖက်မှာလည်း လီဗာပူးဟာ ဗဟိုနောက်ခံလူတွေမပါတဲ့ ကစားကွက်နဲ့ ရင်ဆိုင်သွားခဲ့ပြီး၊ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့ဟာ ကလော့ပ်အတွက် နောက်ခံလူလို ကစားပေးခဲ့ရပါတယ်။ ဒါပေမဲ့ ပထမပိုင်းတပိုင်းလုံးမှာ ကိုက် ၂၀ အကွာက …

Read More

လီဗာပူး-မန်ယူ ပွဲအမှတ်တရ တွစ်တာပို့စ်ကြောင့် ဒဏ်ရိုက်ခံရတဲ့ ကစားသမားကို ပြန်ခံစားခြင်း

လီဗာပူးအသင်း ကစားသမား ဘာဘယ်ဆိုရင် လေးနှစ်ကစားသွားပေမဲ့ ပရိသတ်တွေ သိပ်အမှတ်တရရှိလှသူမဟုတ်ပါဘူး။ နယ်သာလန်သားက လီဗာပူးအတွက် စုစုပေါင်းမှ ၁၂ ဂိုးပဲ ပရီးမီးယားလိဂ်မှာ သွင်းဖူးပါတယ်။ ဆိုပေမဲ့ လီဗာပူးပရိသတ်တွေ သူ့ကိုအမြဲအမှတ်ရနေအောင် ခြေစွမ်းနဲ့မဟုတ်ပေမဲ့ တခြားကိစ္စတခုနဲ့ ဘာဘယ်ကလုပ်ခဲ့ဖူးပါတယ်။ အဲဒါက မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲတွေမှာပါ။ ဘာဘယ်က ၂၀၀၈-၀၉ ရာသီရဲ့ ပထမဆုံးဂိုးကို စသွင်းတော့ လီဗာပူးက မန်ယူကို ၂-၁ …

Read More

လော်ရိုး၊ လူးဝစ်ဂျုန်း၊ မိုက်ကယ်အိုဝင် သုံးဦးရဲ့ လီဗာပူး V မန်ယူပွဲ ခန့်မှန်းရလဒ်

လက်ရှိအမှတ်ပေးဇယားထိပ်ဆုံးမှာ ရောက်နေတဲ့ မန်ယူနိုက်တက်နဲ့ ဒီနှစ်ရဲ့ရေပန်းအစားဆုံး လီဗာပူးတို့တွေ့ဆုံတဲ့ပွဲက ပရိသတ်စောင့်အကြည့်ချင်ဆုံးပွဲဖြစ်နေမှာပါ။ မြန်မာစံတော်ချိန် (၁၇-၁-၂၀၂၁) ည (၁၁)နာရီမှာ ကစားမယ့်ပွဲက ကြည့်တန်ကောင်းအချိန်လေးဖြစ်နေလို့ ပရိသတ်တွေ အများစုက စောင့်ကြည့်ကြမယ့်ပွဲဆိုလည်း မမှာပါဘူး။ လံ ထုံးစံအတိုင်း ပွဲကြိုခန့်မှန်းချက်တွေအများအပြားလုပ်နေကြတဲ့အထဲကနေ ရေပန်းအစားဆုံး ဘောလုံးဂုရုသုံးဦးရဲ့ ခန့်မှန်းချက်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးဖို့ရောက်လာပါပြီ။ ဘီဘီစီရဲ့ လော်ရိုး၊ စကိုင်းစပေါ့ရဲ့ လူးဝစ်ဂျုန်းနဲ့ ဘတ်ဗစ်တာရဲ့ မိုက်ကယ်အိုဝင် …

Read More

လူကာကူအပါအဝင် သုံးနေရာကိုခေါ်ဖို့ ပေါင်သန်း ၂၀၀ သုံးမယ့် မန်စီးတီးရဲ့အစီအစဉ်အသစ်

အော်ပရေးရှင်း မန်စီးတီးလို့တင်စားရမယ့် အစီအစဉ်သစ်တခုကို ဒေးလီးမေး သတင်းဌာနက တင်ဆက်လာပါတယ်။ မန်နေဂျာပတ်ဂွါဒီယိုလာအနေနဲ့ မန်စီးတီးမှာ ပေါင်သန်း ၂၀၀ အထိသုံးစွဲဖို့ ဘတ်ဂျတ်ရမယ်လို့သိရပြီး၊ အသင်းရဲ့နေရာတော်တော်များများကိုအားဖြည့်ဖို့အတွက် အကုန်လုံး သုံးစွဲခွင့်ရမယ်လို့ ဆိုပါတယ်။ အဲဒီဘတ်ဂျတ်တွေထဲမှာ အဓိက သုံးစွဲမှာက အင်တာမီလန်ရဲ့တိုက်စစ်မှူး လူကာကူကို ခေါ်ယူစာချုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အသင်းက လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ရဲ့နောက် လေးမှတ်အကွာနဲ့လိုက်နေပါတယ်။ လီဗာပူးနဲ့မကစားရသေးတဲ့ မန်ယူနိုက်တက်အနေနဲ့ မန်စီးတီးကို …

Read More