အားကစားလောကရဲ့ဈေးအကြီးဆုံး စာချုပ်ပိုင်ရှင်အဖြစ်ရပ်တည်သွားပြီဖြစ်တဲ့ မက်ဆီ

စပိန်သတင်းဌာန အယ်မန်ဒိုဖွင့်ချလိုက်တဲ့အချက်အလက်တချို့က ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီရဲ့စာချုပ်ဖြစ်နေပါတယ်။ မက်ဆီကို လေးနှစ်စာချုပ်ခအတွက် စုစုပေါင်း ယူရို ၅၅၅ သန်းတန်ကြေးရှိတဲ့ စာချုပ်ကို ဘာစီလိုနာတို့ချုပ်ဆိုပေးခဲ့တဲ့အကြောင်းပါ။ ပေါက်ကြားတာမျိုးဖြစ်တဲ့အတွက် ဘာစီလိုနာအသင်းကလည်း အယ်မန်ဒိုကို တရားစွဲမယ်လို့ ကြေညာထားပါတယ်။ လေးနှစ်ကို ယူရို ၅၅၅ သန်းဖြစ်တဲ့အတွက် ဘာစီလိုနာအနေနဲ့ မက်ဆီကို တနှစ်ပျှမ်းမျှ ယူရို ၁၃၈.၇၅ သန်းလောက် ပမာဏရှိတဲ့ လစာကိုရခဲ့တယ်ဆိုရမှာပါ။ အယ်မန်ဒိုရဲ့ဖွင့်ချမှုမှာ အကုန်နီးပါး …

Read More

ဖရီးကစ်ဘလော့ခ်နိုင်ခဲ့တာကို ဂိုးသွင်းသလို လူးဝစ်ပျော်နေခဲ့တယ်လို့ ဟာသဖောက်လိုက်တဲ့ ရွိုင်ကိန်း

မန်ယူနိုက်တက်အနေနဲ့ အာဆင်နယ်ကို အနီးစပ်ဆုံးဂိုးရနိုင်ခြေရှိခဲ့တဲ့ အခွင့်အရေးတခုက ပထမပိုင်းမှာ ဖရီးကစ်ရခဲ့တာပါ။ လီဗာပူးနဲ့ပွဲမှာ ဖရီးကစ်အစွမ်းပြထားတဲ့ ဖာနန်းဒက်စိတ်ကြိုက် ၂၅ ကိုက်အကွာကနေ ကန်ခွင့်ရခဲ့ပြီး၊ ဂိုးရဖို့အတွက် အသေအချာကို ခင်ပေးထားသလိုဖြစ်ခဲ့တဲ့အနေအထားက ပရိသတ်ကိုရင်ခုန်စေခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ခံစစ်ကို မကျော်နိုင်ဘဲ ဖရီးကစ်က အသက်မဲ့သွားခဲ့ပါတယ်။ နောက်တန်းဝေါ ကာချိန်မှာ အာဆင်နယ်ရဲ့ ဒေးဗစ်လူးဝစ်တယောက် ဖာနန်ဒက်ကန်သွင်းလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ကာ ဂိုးအဖြစ်ပြောင်းလဲသွားနိုင်တဲ့ ဘောလုံးကို အကောင်းဆုံးလမ်းကြောင်း …

Read More

ဥမကွဲသိုက်မပျက်ရေးကြိုးပမ်းပြီးတဲ့နောက် မန်ယူနည်းပြတွေထဲ အာဆင်နယ်ကိုရင်ဆိုင်ရာမှာ အညံ့ဆုံးဖြစ်လာတဲ့ ဆိုးလ်ရှား

အဝေးကွင်းရလဒ်ကောင်းတွေတောက်လျှောက်ရနေတဲ့ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နှစ်ရှည်ခါးသီးပြိုင်ဘက် အာဆင်နယ်ကို အဝေးကွင်းမှာသွားရင်ဆိုင်ခဲ့ရပါတယ်။ တဖက်မှာ လူမစုံတဲ့ အာဆင်နယ်ကို ပထမတပိုင်းလုံးအသာစီးခဲ့ရပေမဲ့ အခွင့်အရေးတွေအသုံးမချနိုင်ခဲ့သလို ကာဗာနီအဆုံးသတ်တွေ လိုအပ်နေတာက မြင်သာထင်သာရှိခဲ့ပါတယ်။ ဒုတိယပိုင်းအရောက် ကစားအားတက်လာတဲ့ အာဆင်နယ်ကြောင့် တိုက်စစ်ပြန်ဆင်ချိန်မရတော့ဘဲ ဂိုးမပေးရရေးကိုဦတည်ခဲ့ပါတယ်။ အဖျက်အထုတ်အနည်းငယ်ကြမ်းခဲ့လို့ အဝါတွေတောက်လျှောက်မိခဲ့သလို လူစားလဲတာတွေလည်းအလုပ်မဖြစ်ချိန်မှာတော့ နှစ်သင်းလုံး ဝ-၀ ကိုဦးတည်လာခဲ့ပါတယ်။ ဂိုးမပေးရရေး အလုပ်ဖြစ်သွားကာ ဥလည်းမကွဲခဲ့ချိန်မှာတော့ ဆိုးလ်ရှားတယောက် အာတီတာကိုတွေ့တိုင်းမနိုင်ဖြစ်လာခဲ့ပါတယ်။ …

Read More

ဗီအဲရာနဲ့ ရွိုင်ကိန်းရွေးချယ်ပေးလိုက်တဲ့ မန်ယူ-အာဆင်နယ်အသင်းရဲ့အကောင်းဆုံး ၁၁ ယောက်

ဒီနေ့ညမှာ ကစားမယ့် အာဆင်နယ်-မန်ယူပွဲက ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးဖို့ ရှိနေပါပြီ။ နောက်ဆုံးသုံးနှစ်အတွင်း အာဆင်နယ်ကို တကြိမ်မှ မနိုင်သေးတဲ့မန်ယူ၊ ရလဒ်တွေဆက်တိုက်ကောင်းနေတဲ့အာဆင်နယ်၊ တဖက်မှာတော့ အဝေးကွင်းလုံးဝမရှုံးသေးတဲ့ မန်ယူ၊ အမှတ်ပေးဇယားအဆင့်နှစ်ကို ရောက်နေတဲ့အသင်းဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ယှဉ်ကစားတော့မှာပါ။ အာဆင်နယ်အိမ်ကွင်းဖြစ်နေပေမဲ့ မန်ယူအဝေးကွင်းဖြစ်နေတဲ့အချက်က ပရိသတ်တွေကို ခန့်မှန်းရခက်စေပါတယ်။ ဘီဘီစီလော်ရိုးက အာဆင်နယ် (၂-၁)၊ မိုက်ကယ်အိုဝင်က (၁-၂)မန်ယူဆိုပြီး၊ ခန့်မှန်းထားတာတွေကလည်း ဝေခွဲရခက်စေပါတယ်။ ဒီအနေအထားမှာ လီဂျင်ဟောင်းကြီးနှစ်ယောက် …

Read More

ကမ္ဘာ့အမြန်ဆုံးအသင်းနဲ့ အသန်မာဆုံးအသင်း ပြိုင်ကန်ရင် ဘယ်သူနိုင်မလဲ

အမြန်နဲ့ သန်မာမှုယှဉ်ရင် ဘယ်သူနိုင်မလဲ။ ဘောလုံးလောကမှာ ဒီမေးခွန်းကနည်းနည်းတော့ ရှင်းပါတယ်။ မြန်ဆန်လွန်းတဲ့ ကစားသမားတွေကို ထိန်းရသိမ်းရခက်ပါတယ်။ ဘောလုံးမှာ အရှိန်ကောင်းတဲ့ ကစားသမားတွေကို ရပ်တန့်ဖို့က ဥပဒေပနည်းနဲ့ဖြေရှင်းလို့ရပေမဲ့ နှစ်ဝါဆိုရင် တနီဆိုတာလည်း သတိထားရပါမယ်။ ဒီလိုမျိုး မေးခွန်းတွေအတွက် အဖြေက ကန်ကြည့်တာပါပဲ။ အပြင်မှာကန်လို့မရတဲ့အတွက် ဖီဖာ ၂၁ ဘောလုံးဂိမ်းမှာ အသင်းနှစ်သင်းဆောက်ပြီး၊ AI တွေကို ကန်ခိုင်းခဲ့ပါတယ်။ အရင်ဆုံး …

Read More

ရွေးချယ်ထားတဲ့ ၁၁ ယောက်ရှိပေမဲ့ တနှစ်လုံးကို အတူတူတခါမှပွဲမထွက်ခဲ့ရတဲ့ လီဗာပူး

လီဗာပူးအသင်းရဲ့ ဒဏ်ရာစာရင်းက ပရိသတ်တွေကို မထင်မှတ်ထားတဲ့ လူထုတ်ပုံတွေ မြင်တွေ့ခဲ့ရစေပါတယ်။ အသင်းရဲ့နောက်ခံလူတွေအပြင်၊ တိုက်စစ်၊ ကွင်းလယ်၊ ကစားသမားတွေအကုန်နီးပါး အလှည့်ကျဒဏ်ရာရနေခဲ့တာက နည်းပြကလော့ပ်လည်း ဟန်ဒါဆန်ကအစ နောက်တန်းကစားရစေတဲ့အထိဖြစ်စေခဲ့ပါတယ်။ ဒီလိုဒဏ်ရာရတွေများနေတဲ့အတွက် လီဗာပူးဖက်ကလည်း မတူညီတဲ့ လူစာရင်းတွေထပ်ခါတလဲလဲ သုံးခဲ့ရချိန်မှာ အသင်းရဲ့ပွဲထွက် ၁၁ ယောက်က ဘယ်သူတွေမှန်းမသိခဲ့ပါဘူး။ နောက်တန်းအတွဲမှာ ဂိုမက်၊ ဗန်ဒိုက်အတွဲက လီဗာပူးရဲ့အကောင်းဆုံး စာရင်းဆိုရင်လည်း လီဗာပူးရဲ့အင်အားအတောင့်ဆုံး ကစားကွက်ကအခုလိုဖြစ်နိုင်ပါတယ်။ …

Read More

ကလော့ပ်လက်အောက်မှာ အတူတူတွဲကစားရင် သုံးယောက်လုံးစံချိန်ကိုယ်စီပိုင်ခဲ့တဲ့ ဆာလား၊ မာနေး၊ ဖာမီနို

စပါးကို (၁-၃) ရလဒ်နဲ့ လီဗာပူးတို့အနိုင်ရခဲ့ချိန်မှာ ဖာမီနို၊ မာနေးတို့ အသီးသီးဂိုးသွင်းယူခဲ့ကြပါတယ်။ အာနိုးလည်းဂိုးသွင်းယူခဲ့ကာ ဂိုးပြတ်နိုင်ပွဲတပွဲကို ပြတ်ပြတ်သားသားပုံဖော်နိုင်ခဲ့ပြီး၊ လီဗာပူးတို့ အနိုင်ရလဒ်နဲ့ ထိုက်ထိုက်တန်တန် ကစားသွားခဲ့ပါတယ်။ နိုင်ပွဲအပြင် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုက လီဗာပူးပရိသတ်တွေကို ကြည်နူးစေမှာပါ။ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖာမီနိုဆိုရင် ကလပ်ရဲ့တသက်တာ သွင်းဂိုးအများဆုံး ကစားသမားထိပ်ဆုံး ၂၀ စာရင်းထဲကို ၈၄ ဂိုးနဲ့ ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ မာနေးကလည်းသူရဲ့သွင်းဂိုးကြောင့် ၉၁ …

Read More

စူပါကွန်ပျူတာရဲ့တွက်ချက်မှုအရ ရာသီအကုန်မှာ ဗိုလ်စွဲမယ့်ပရီးမီးယားလိဂ်အသင်း

ပရီးမီးယားလိဂ်ရဲ့ဒီနှစ်ရာသီက တကယ့်ကို ခက်ခဲတာပရိသတ်တွေသိပြီးဖြစ်မှာပါ။ အမှတ်ပေးဇယားထိပ်မှာ ရောက်နေပေမဲ့ ဇယားအောက်ဆုံးကအသင်းကိုလည်းရှုံးနိုင်တဲ့အပြင် အသင်းတိုင်းက အကြိတ်အနယ်ယှဉ်ပြိုင်နေတာကြောင့် ပရိသတ်တွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရောက်မယ့် အသင်းတွေကိုခန့်မှန်းရတာက ခက်လာပါတယ်။ ထိပ်ဆုံး ခုနှစ်သင်းကြား အမှတ်ကွာဟချက်ကလည်း ၇ မှတ်ပဲရှိတဲ့အတွက် လက်ရှိအချိန်ထိ ဘာဖြစ်မလဲခန့်မှန်းရခက်နေချိန်မှာ ထုံးစံအတိုင်း စူပါကွန်ပျူတာက တွက်ချက်မှုလုပ်လာခဲ့ပါတယ်။ တခြားစူပါကွန်ပျူတာတွေနဲ့မတူဘဲ လတ်တလောဖြစ်နေတဲ့အသင်းရဲ့ ခြေစွမ်းတွေကို ခန့်မှန်းတဲ့ 538 ဆိုတဲ့ ဝက်ဘက်ဆိုက်ကြောင့် ပရိသတ်တွေအတွက် …

Read More

အာဆင်နယ်-မန်ယူပွဲခန့်မှန်းချက်အပါအဝင် ပရီးမီးယားလိဂ်အပတ်စဉ် ၂၁ အတွက် ဘီဘီစီလော်ရိုးရဲ့ခန့်မှန်းချက်များ

အပတ်စဉ် ၂၀ အတွက် ကစားခဲ့တဲ့ပွဲစဉ်တွေက ပရိသတ်တွေမထင်မှတ်ထားတဲ့ ရလဒ်တွေနဲ့အတူ ပြီးဆုံးခဲ့ပါပြီ။ ရှက်ဖီးယူနိုက်တက်က မန်ယူနိုက်တက်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့တဲ့ပွဲတွေအပါဝင် လီဗာပူးရဲ့ ၂၀၂၁ ရာသီအစ ပရီးမီးယားလိဂ်နိုင်ပွဲပြန်ရခဲ့တာက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ရှုံးပွဲတွေ့မယ်လို့ အများစုခန့်မှန်းခဲ့တဲ့အာဆင်နယ်လည်းအနိုင်ရခဲ့တဲ့အတွက် တစ်စတာတွေရဲ့ ခန့်မှန်းချက်တွေက ပရိသတ်ကို အပြည့်အဝမှန်ကန်မှုမပေးနိုင်ခဲ့ပါဘူး။ ဒီတခေါက်မှာလည်း ပြီးခဲတဲ့အပတ်ကလို ခန့်မှန်းချက်တွေနဲ့ မကြာခင် ရောက်လာတော့မယ့် အပတ်စဉ် ၂၁ …

Read More

အလစ်ဆင်၊ ဖာမီနို၊ ဖာဘင်ဟို သုံးဦးသာ ကွာရင်တိုင်းဝင်ရမယ်ဆိုရင် ကလော့ပ်ရဲ့ဖြစ်နိုင်ခြေလူစာရင်း

အင်္ဂလန်အစိုးရ ရုတ်တရက်ကြေညာလိုက်တဲ့ သတင်းက ကလော့ပ်ကို ထိုးနှက်ချက်ဖြစ်လာစေပါတယ်။ နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်၊ ဂိုမက်ဇ် သုံးယောက်လုံးမရသေးတဲ့အပြင် ရိုင်းဝီလီယမ်တယောက်ပဲ လူငယ်ဗဟိုနောက်ခံလူအနေနဲ့ရှိပါတော့တယ်။ ဟန်ဒါဆန်ပါ နောက်ဆင်းကစားနေရတဲ့အချိန်မှာ သတင်းတခုက လီဗာပူးအတွက်အနည်းငယ်ကံဆိုးလာစေပါတယ်။ Mirror သတင်းဌာနက ဖော်ပြခဲ့တဲ့ ဖော်ပြချက်အရ အင်္ဂလန်အစိုးရက ကွာရင်တိုင်းဥပဒေကို တမျိုးသတ်မှတ်ထားပါတယ်။ ပုံမှန်ဆိုရင် ငါးရက်ပဲ ကွာရင်တိုင်းဝင်ရပေမဲ့ ကိုဗစ်ကူးစက်မှု ပြင်းထန်နေတဲ့ တောင်အမေရိက၊ ပေါ်တူဂီ၊ …

Read More

ရှက်ဖီးရဲ့ဦးဆောင်ဂိုး၊ မာရှယ်ရဲ့သွင်းဂိုးတွေအတွက် ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်လိုက်တဲ့ဆိုးလ်ရှား

ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်သွားတဲ့ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ လက်ရှိမှာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ (၁-၂)ရလဒ်နဲ့ ဇယားအောက်ဆုံးကအသင်းကို အမှတ်လိုနေချိန်မှာ ရှုံးခဲ့တာက မဖြစ်သင့်ပေမဲ့ ဆိုးလ်ရှားကိုယ်တိုင်ကလည်း အသင်းဟာ ရလဒ်ပဲရှုံးခဲ့တာလို့ ယူဆထားပါတယ်။ အထူးသဖြင့် ရှက်ဖီးယူနိုက်တက်ရဲ့ ပထမဆုံးဦးဆောင်ဂိုးနဲ့ ချေပဂိုးအဖြစ် မာရှယ်ရခဲ့တဲ့ဂိုးတွေဟာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေကြောင့် ပြောင်းလဲသွားတယ်လို့ိဆိုးလ်ရှားကယူူဆနေတာပါ။ ရှက်ဖီးယူနိုက်တက်ရသွားတဲ့ ဦးဆောင်ဂိုးမှာ ကီရန်ဘရိုင်ယန် ရှက်ဖီးအတွက်ခေါင်းတိုက်ဘောသွင်းသွားချိန်၊ အခုလိုဂိုးကိုခွင့်ပြုခဲ့ရတာက ဒီဂီယာကိုဖောင်းဘောလုပ်ထားတာကြောင့်လို့ဆိုးလ်ရှားကယူဆထားပါတယ်။ ရှက်ဖီးကစားသမား ဘီလီရှက်ပ်က …

Read More

ဆယ်စုနှစ်ရဲ့အကောင်းဆုံး ဘောလုံးအသင်းမှာ ပရီးမီးယားလိဂ်ကစားသမားတယောက်ပဲပါဝင်

အမျိုးသားဘောလုံးအသင်းရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းကို IFFHS ကနေ ရွေးချယ်ခဲ့ပါတယ်။ စွမ်းဆောင်ရည်အချက်အလက်နဲ့ ကစားသမားရဲ့ခြေစွမ်းအရ အသင်းမှာအလုပ်အဖြစ်ဆုံး ကစားသမားတွေကို ရွေးတာဖြစ်တဲ့အတွက် ဒီစာရင်းမှာပါဝင်တဲ့ ၁၁ ယောက်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအဖြစ်သတ်မှတ်ကြပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်ထဲက အကောင်းဆုံးတွေဆိုပေမဲ့ ပရိသတ်တွေအတွက်တော့ အမြင်ကွဲလွဲမှုတွေရှိမှာပါ။ (၄-၃-၃) ကစားကွက်နဲ့ ရွေးချယ်တဲ့အတွက် တချို့နေရာက ကစားသမားတွေလည်းမပါခဲ့ပါဘူး။ ဂိုးသမားနေရာမှာ နူအာ၊ နောက်တန်း- …

Read More