ဘလြန္းဒီေအာ္ဆုနဲ႔ပတ္သက္ျပီးဗန္ဒိုက္ကိုေ၀ဖန္လိုက္တ့ဲ ကာေရဂါ

လီဗာပူးလ္အသင္းရဲ႕ကစားသမားေဟာင္း ကာေရဂါက(၂၀၁၉)ဘလြန္းဒီေအာ္ဆုကို မက္ဆီထက္ဗန္ဒိုက္ကပိုျပီးေရပန္းစားေနေပမ့ဲ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီကသာ ပိုျပီးထိုက္တန္တယ္လို႔ေျပာၾကားသြားခ့ဲပါတယ္။

ေဘာလံုးကၽြမ္းက်င္သူေတြရဲ႕ၾကားမွာေတာ့ ဒီႏွစ္ဘလြန္းဒီေအာ္ဆုကိုဗန္ဒိုက္ရဖို႔ေရပန္းစားေနတာျဖစ္ျပီး၊ ကာေရဂါကေတာ့ မက္ဆီကသာပိုျပီးထိုက္တယ္တယ္ဆိုတ့ဲအေၾကာင္းကို အခုလိုပဲေျပာျပသြားခ့ဲပါတယ္။

ကာေရဂါက ” ဒီဆုအတြက္ ဗန္ဒိုက္က မက္ဆီထက္ပိုျပီးေရပန္းစားေနပါတယ္၊ ရိုးရိုးသားသားေျပာရရင္ ဒီဆုအတြက္မက္ဆီကိုပဲ ကၽြန္ေတာ္ထင္ေနတယ္၊ ဗဟိုေနာက္ခံလူတစ္ေယာက္က ဒီဆုကိုရတယ္ဆိုတာ တကယ့္ကိုၾကံဳေတာင့္ၾကံဳခဲကိစၥတစ္ခုပါပဲ၊ သူကဒီရာသီမွာလီဗာပူးလ္အသင္းနဲ႔အတူ ထူးျခားတ့ဲေဘာလံုးရာသီတစ္ခုကိုပိုင္ဆိုင္ခ့ဲပါတယ္၊ သူကစားတ့ဲေနရာမွာေတာ့ ဗန္ဒိုက္ဟာကမာၻ႕အေကာင္းဆံုးပါပဲ၊ သူတိုးတက္လာတယ္၊ ဒါေပမ့ဲ ဘလြန္းဒီေအာ္ဆုအတြက္ဆိုရင္ေတာ့ မက္ဆီလို႔ပဲကၽြန္ေတာ္ထင္ပါတယ္ ” လို႔ ကာေရဂါကသူ႔ရဲကထင္ျမင္ခ်က္ကိုေျပာျပသြားခ့ဲပါတယ္။

ကာေရဂါဟာဗန္ဒိုက္အေနနဲ႔ ကလပ္အသင္းအတြက္တင္မဟုတ္ပဲ ႏိုင္ငံအသင္းအတြက္လည္း ကမာၻ႕ဖလားနဲ႔ ယူရိုဖလားမဟုတ္ရင္ေတာင္ ေကာင္းမြန္တ့ဲ ဖလားတစ္လံုးေလာက္ေတာ့ရယူေပးသင့္တယ္လို႔ ထပ္ေပါင္းေျပာၾကားသြားခ့ဲပါေသးတယ္။ ဗန္ဒိုက္ဟာ လီဗာပူးလ္နဲ႔အတူေကာင္းမြန္တ့ဲရာသီတစ္ခုကိုပိုင္ဆိုင္ႏိုင္ခ့ဲေပမ့ဲ ကာေရဂါကေတာ့ ဒီဆုအတြက္ မက္ဆီကသာပိုျပီးထိုက္တန္မႈရွိတယ္လိုယူဆေနတယ္ပံုပါပဲ။

ဗန္ဒိုက္က ဒီရာသီပရီးမီးယားလိဂ္မွာေပးဂိုး(၂၂)ဂိုးသာရွိခ့ဲတ့ဲ လီဗာပူးလ္ခံစစ္ေၾကာင္းမွာ အဓိကက်ခ့ဲသလို လီဗာပူးလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုလည္းကိုင္ေျမွာက္ႏိုင္ခ့ဲပါတယ္။ဗန္ဒိုက္က ပီအက္ေအတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုလည္းရရွိထားခ့ဲသလို လက္ရွိမွာလည္း ဘလြန္းဒီေအာ္ဆုအတြက္ ေရပန္းအစားဆံုးကစားသမားျဖစ္ေနတာျဖစ္ပါတယ္။ ဘယ္သူေတြကရရွိသြားမလဲဆိုတာေတာ့ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘလွန်းဒီအော်ဆုနဲ့ပတ်သက်ပြီးဗန်ဒိုက်ကိုဝေဖန်လိုက်တဲ့ ကာရေဂါ

လီဗာပူးလ်အသင်းရဲ့ကစားသမားဟောင်း ကာရေဂါက(၂၀၁၉)ဘလွန်းဒီအော်ဆုကို မက်ဆီထက်ဗန်ဒိုက်ကပိုပြီးရေပန်းစားနေပေမဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကသာ ပိုပြီးထိုက်တန်တယ်လို့ပြောကြားသွားခဲ့ပါတယ်။

ဘောလုံးကျွမ်းကျင်သူတွေရဲ့ကြားမှာတော့ ဒီနှစ်ဘလွန်းဒီအော်ဆုကိုဗန်ဒိုက်ရဖို့ရေပန်းစားနေတာဖြစ်ပြီး၊ ကာရေဂါကတော့ မက်ဆီကသာပိုပြီးထိုက်တယ်တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောပြသွားခဲ့ပါတယ်။

ကာရေဂါက ” ဒီဆုအတွက် ဗန်ဒိုက်က မက်ဆီထက်ပိုပြီးရေပန်းစားနေပါတယ်၊ ရိုးရိုးသားသားပြောရရင် ဒီဆုအတွက်မက်ဆီကိုပဲ ကျွန်တော်ထင်နေတယ်၊ ဗဟိုနောက်ခံလူတစ်ယောက်က ဒီဆုကိုရတယ်ဆိုတာ တကယ့်ကိုကြုံတောင့်ကြုံခဲကိစ္စတစ်ခုပါပဲ၊ သူကဒီရာသီမှာလီဗာပူးလ်အသင်းနဲ့အတူ ထူးခြားတဲ့ဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်၊ သူကစားတဲ့နေရာမှာတော့ ဗန်ဒိုက်ဟာကမ္ဘာ့အကောင်းဆုံးပါပဲ၊ သူတိုးတက်လာတယ်၊ ဒါပေမဲ့ ဘလွန်းဒီအော်ဆုအတွက်ဆိုရင်တော့ မက်ဆီလို့ပဲကျွန်တော်ထင်ပါတယ် ” လို့ ကာရေဂါကသူ့ရဲကထင်မြင်ချက်ကိုပြောပြသွားခဲ့ပါတယ်။

ကာရေဂါဟာဗန်ဒိုက်အနေနဲ့ ကလပ်အသင်းအတွက်တင်မဟုတ်ပဲ နိုင်ငံအသင်းအတွက်လည်း ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားမဟုတ်ရင်တောင် ကောင်းမွန်တဲ့ ဖလားတစ်လုံးလောက်တော့ရယူပေးသင့်တယ်လို့ ထပ်ပေါင်းပြောကြားသွားခဲ့ပါသေးတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်နဲ့အတူကောင်းမွန်တဲ့ရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ ကာရေဂါကတော့ ဒီဆုအတွက် မက်ဆီကသာပိုပြီးထိုက်တန်မှုရှိတယ်လိုယူဆနေတယ်ပုံပါပဲ။

ဗန်ဒိုက်က ဒီရာသီပရီးမီးယားလိဂ်မှာပေးဂိုး(၂၂)ဂိုးသာရှိခဲ့တဲ့ လီဗာပူးလ်ခံစစ်ကြောင်းမှာ အဓိကကျခဲ့သလို လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကိုလည်းကိုင်မြှောက်နိုင်ခဲ့ပါတယ်။ဗန်ဒိုက်က ပီအက်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိထားခဲ့သလို လက်ရှိမှာလည်း ဘလွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးကစားသမားဖြစ်နေတာဖြစ်ပါတယ်။ ဘယ်သူတွေကရရှိသွားမလဲဆိုတာတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar