ဥေရာပေအာင္ျမင္မႈေတြအတြက္ဘာစီလိုနာအသင္းေခၚယူသင့္တဲ့ကစားသမား(၃)ေယာက္

ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ဆီမီးအဆင့္ကထြက္ခဲ့ရသလို၊ ကိုပါဒယ္ေရးဗိုလ္လုပြဲမွာလည္း ဗလင္စီယာကို ရံႈးနိမ့္ခဲ့တာေၾကာင့္ (၂၀၁၈-၂၀၁၉)ေဘာလံုးရာသီကို လာလီဂါဖလားတစ္လံုးတည္းနဲ႔သာအဆံုးသတ္ႏိုင္ခဲ့ပါတယ္။

ဒါဟာ ဆိုးရြားလွတဲ့အေျခအေနတစ္ခုလို႔ေတာ့ေျပာလို႔မရေပမဲ့ ဘာစီလိုနာလို ဥေရာပထိပ္သီးအသင္းၾကီးအေနနဲ႔ လာမယ့္ေဘာလံုးရာသီမွာ ေအာင္ျမင္မႈေတြ ရယူသြားႏိုင္ဖို႔ဆိုရင္ အသင္းရဲ႕လက္ရွိလူစာရင္းကို အေျပာင္းအလဲျပဳလုပ္ဖို႔ေတာ့လိုအပ္ေနပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာအေနနဲ႔ အသင္းရဲ႕ကစားကြက္မွာလိုအပ္ေနတဲ့ ကစားသမားေတြကို မွန္မွန္ကန္ကန္အားျဖည့္ႏိုင္ဖို႔ အေရးၾကီးေနျပီး ေစ်းကြက္မွာ ေခၚယူသင့္တဲ့ ကစားသမား (၃)ေယာက္ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လီရြိဳင္းဆာေနး (မန္စီးတီး)

ဆာေနးရဲ႕အနာဂတ္က မန္စီးတီးမွာ သို႔ေလာသို႔ေလာ ျဖစ္ေနဆဲပါ။ နည္းျပဂြာဒီယိုလာရဲ႕ယံုၾကည္မႈနဲ႔ေ၀းခဲ့တဲ့ေနာက္ ဂ်ာမနီေတာင္ပံကစားသမားဟာ မန္စီးတီးရဲ႕ပြဲထြက္လူစာရင္းမွာ ေနရာေပ်ာက္ေနတာၾကာပါျပီ။ ဒါေၾကာင့္မို႔ ေႏြမွာ ထြက္ခြာဖို႔ စိုင္းျပင္ေနတဲ့ သူ႔ကို ဘိုင္ယန္ျမဴးနစ္ကလည္း အနားယူသြားတဲ့ ရစ္ဘာရီရဲ႕ေနရာ အတြက္ ေစာင့္ၾကည့္ေနပါတယ္။ ဘာစီလိုနာ အမ်ားဆံုးအသံုးျပဳတဲ့ (၄-၃-၃)ကစားကြက္မွာ ဘယ္ေတာင္ပံတိုက္စစ္က အေရးပါတဲ့ေနရာတစ္ခုပါ။ ေနမာထြက္ခြာသြားျပီးေနာက္ အဲဒီေနရာအတြက္ ေကာ္တင္ဟိုကို ေစ်းၾကီးေပးျပီး ေခၚခဲ့ေပမဲ့ ဒီဘရာဇီးလ္သားက ထင္သေလာက္ မေပါက္ခဲ့ဘူး။ ဒါေၾကာင့္ ဘာကာ အေနနဲ႔ ေနာက္တစ္ေယာက္ကို ရွာေဖြဖို႔ လိုေနျပီး အသင့္ေတာ္ဆံုးကိုျပပါဆိုရင္ ဆာေနးပါပဲ။ ဆာေနးဟာ ေနမာလိုကစားသမားမ်ိဳးမဟုတ္ေပမဲ့လည္း ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုး ဘယ္ေတာင္ပံကစားသမားျဖစ္လို႔ ဘာကာ လိုအပ္ေနတဲ့ေနရာမွာ အံ၀င္ခြြင္က်ျဖည့္ကစားေပးႏိုင္ပါလိမ့္မယ္။

(၂) ခရစ္တီယန္အဲရစ္ဆင္ (စပါး)

ဘာစီလိုနာရဲ႕ကြင္းလယ္မွာ ရာကီတစ္နဲ႔ဘက္စကြက္တို႔က အသက္အရြယ္ရလာပါျပီ။ ဒါေၾကာင့္ေနာက္ရာသီမွာ အျပည့္အ၀ အားကိုးရဖို႔မေသခ်ာေတာ့ပါဘူး။ ေအဂ်က္လူငယ္ကြင္းလယ္ကစားသမား ဒီေဂ်ာင္ကို ေခၚယူထားေပမဲ့ ဒီခ်ာတိတ္က ခံစစ္အားသန္ကစားသမားျဖစ္ေနပါတယ္။ အဲရစ္ဆင္ဟာ ျပီးခဲ့တဲ့တစ္ရာသီလံုး စပါးအသင္းရဲ႕တိုက္စစ္ကို ဒိုင္ခံေမာင္းႏွင္ခဲ့သူပါ။ ဒါေၾကာင့္ ဘာစီလိုနာရဲ႕ တိုက္စစ္မွာ သူရဲ႕ေဘာလံုးအျမင္စူးရွမႈ၊ ဖန္တီးႏိုင္စြမ္းျမင့္မားမႈေတြက ေသခ်ာေပါက္ အေထာက္အကူျဖစ္ေစႏိုင္ပါလိမ့္မယ္။

(၃) ဒီလစ္ (ေအဂ်က္)

အသင္းတိုင္းက အလိုရွိေနတဲ့ ဗဟိုခံစစ္ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ အေရးၾကံဳရင္လည္း ေ႔ရွတန္းအထိတက္ကာ ဂိုးသြင္းေပးေလ့ရွိသလို အသင္းကို အေကာင္းဆံုး ဦးေဆာင္ႏိုင္တဲ့ အရည္အေသြးလည္း သူ႔မွာရွိပါတယ္။ ဒီလစ္က မာေက်ာတယ္၊ လ်င္ျမန္တယ္။ ျပီးေတာ့ နည္းစနစ္ပိုင္း ႏိုင္နင္းမႈရွိတဲ့ ေနာက္ခံလူတစ္ေယာက္ဆိုတာ သူ၀င္ကစားတဲ့ျပိဳင္ပြဲေတြရဲ႕ အေကာင္းဆံုးအသင္းမွာ အျမဲ ေရြးခ်ယ္ခံေနရတာက သက္ေသပါပဲ။ ဘာစီလိုနာေနာက္တန္းမွာ သူ႔ကို ပီေကးနဲ႔သာ တြဲဖက္ေပးလိုက္မယ္ဆိုရင္ ေပးဂိုးေတြဆိုတာ ဘာစီလိုနာအတြက္ ျပတိုက္မွာသြားထားရေလာက္တဲ့အထိ ခံစစ္က က်စ္လစ္သြားပါလိမ့္မယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဥရောပအောင်မြင်မှုတွေအတွက်ဘာစီလိုနာအသင်းခေါ်ယူသင့်တဲ့ကစားသမား(၃)ယောက်

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဆီမီးအဆင့်ကထွက်ခဲ့ရသလို၊ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာလည်း ဗလင်စီယာကို ရှုံးနိမ့်ခဲ့တာကြောင့် (၂၀၁၈-၂၀၁၉)ဘောလုံးရာသီကို လာလီဂါဖလားတစ်လုံးတည်းနဲ့သာအဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါဟာ ဆိုးရွားလှတဲ့အခြေအနေတစ်ခုလို့တော့ပြောလို့မရပေမဲ့ ဘာစီလိုနာလို ဥရောပထိပ်သီးအသင်းကြီးအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့ဆိုရင် အသင်းရဲ့လက်ရှိလူစာရင်းကို အပြောင်းအလဲပြုလုပ်ဖို့တော့လိုအပ်နေပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ အသင်းရဲ့ကစားကွက်မှာလိုအပ်နေတဲ့ ကစားသမားတွေကို မှန်မှန်ကန်ကန်အားဖြည့်နိုင်ဖို့ အရေးကြီးနေပြီး ဈေးကွက်မှာ ခေါ်ယူသင့်တဲ့ ကစားသမား (၃)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လီရွိုင်းဆာနေး (မန်စီးတီး)

ဆာနေးရဲ့အနာဂတ်က မန်စီးတီးမှာ သို့လောသို့လော ဖြစ်နေဆဲပါ။ နည်းပြဂွာဒီယိုလာရဲ့ယုံကြည်မှုနဲ့ဝေးခဲ့တဲ့နောက် ဂျာမနီတောင်ပံကစားသမားဟာ မန်စီးတီးရဲ့ပွဲထွက်လူစာရင်းမှာ နေရာပျောက်နေတာကြာပါပြီ။ ဒါကြောင့်မို့ နွေမှာ ထွက်ခွာဖို့ စိုင်းပြင်နေတဲ့ သူ့ကို ဘိုင်ယန်မြူးနစ်ကလည်း အနားယူသွားတဲ့ ရစ်ဘာရီရဲ့နေရာ အတွက် စောင့်ကြည့်နေပါတယ်။ ဘာစီလိုနာ အများဆုံးအသုံးပြုတဲ့ (၄-၃-၃)ကစားကွက်မှာ ဘယ်တောင်ပံတိုက်စစ်က အရေးပါတဲ့နေရာတစ်ခုပါ။ နေမာထွက်ခွာသွားပြီးနောက် အဲဒီနေရာအတွက် ကော်တင်ဟိုကို ဈေးကြီးပေးပြီး ခေါ်ခဲ့ပေမဲ့ ဒီဘရာဇီးလ်သားက ထင်သလောက် မပေါက်ခဲ့ပါဘူး။ ဒါကြောင့် ဘာကာ အနေနဲ့ နောက်တစ်ယောက်ကို ရှာဖွေဖို့ လိုနေပြီး အသင့်တော်ဆုံးကိုပြပါဆိုရင် ဆာနေးပါပဲ။ ဆာနေးဟာ နေမာလိုကစားသမားမျိုးမဟုတ်ပေမဲ့လည်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဘယ်တောင်ပံကစားသမားဖြစ်လို့ ဘာကာလိုအပ်နေတဲ့နေရာမှာ အံဝင်ခွင်ကျဖြည့်ကစားပေးနိုင်ပါလိမ့်မယ်။

(၂) ခရစ်တီယန်အဲရစ်ဆင် (စပါး)

ဘာစီလိုနာရဲ့ကွင်းလယ်မှာ ရာကီတစ်နဲ့ဘက်စကွက်တို့က အသက်အရွယ်ရလာပါပြီ။ ဒါကြောင့်နောက်ရာသီမှာ အပြည့်အ၀ အားကိုးရဖို့မသေချာတော့ပါဘူး။ အေဂျက်လူငယ်ကွင်းလယ်ကစားသမား ဒီဂျောင်ကို ခေါ်ယူထားပေမဲ့ ဒီချာတိတ်က ခံစစ်အားသန်ကစားသမားဖြစ်နေပါတယ်။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့တစ်ရာသီလုံး စပါးအသင်းရဲ့တိုက်စစ်ကို ဒိုင်ခံမောင်းနှင်ခဲ့သူပါ။ ဒါကြောင့် ဘာစီလိုနာရဲ့ တိုက်စစ်မှာ သူရဲ့ဘောလုံးအမြင်စူးရှမှု၊ ဖန်တီးနိုင်စွမ်းမြင့်မားမှုတွေက သေချာပေါက် အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။

(၃) ဒီလစ် (အေဂျက်)

အသင်းတိုင်းက အလိုရှိနေတဲ့ ဗဟိုခံစစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အရေးကြုံရင်လည်း ေ့ရှတန်းအထိတက်ကာ ဂိုးသွင်းပေးလေ့ရှိသလို အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်တဲ့ အရည်အသွေးလည်း သူ့မှာရှိပါတယ်။ ဒီလစ်က မာကျောတယ်၊ လျင်မြန်တယ်။ ပြီးတော့ နည်းစနစ်ပိုင်း နိုင်နင်းမှုရှိတဲ့နောက်ခံလူတစ်ယောက်ဆိုတာ သူဝင်ကစားတဲ့ပြိုင်ပွဲတွေရဲ့ အကောင်းဆုံးအသင်းမှာ အမြဲ ရွေးချယ်ခံနေရတာက သက်သေပါပဲ။ ဘာစီလိုနာနောက်တန်းမှာ သူ့ကို ပီကေးနဲ့သာ တွဲဖက်ပေးလိုက်မယ်ဆိုရင် ပေးဂိုးတွေဆိုတာ ဘာစီလိုနာအတွက် ပြတိုက်မှာသွားထားရလောက်တဲ့အထိ ခံစစ်က ကျစ်လစ်သွားပါလိမ့်မယ်။

လူညိုချော@SportsGabar