ဖရန္႔ကီ ဒီေဂ်ာင္အေၾကာင္း တေစ့တေစာင္း

ျပီးခဲ့တဲ့အေျပာင္းအေရႊ႕ကာလမွာ ေအဂ်က္အသင္းကေန ဘာစီလိုနာအသင္းထံေျပာင္းေရႊ႕ေရာက္ရွိလာခဲ့တဲ့ နယ္သာလန္ကြင္းလယ္ကစားသမားေလး ဒီေဂ်ာင္ဟာ အနာဂတ္မွာ ထြန္းေတာက္လာမယ့္ ၾကယ္ပြင့္အျဖစ္အားလံုးက သတ္မွတ္ထားသူပါ။ ေနရွင္လိဂ္ျပိဳင္ပြဲမွာလည္း သူဟာ အေကာင္းဆံုးလူငယ္ကစားသမားဆုကို ရရွိခဲ့ပါေသးတယ္။ ဒါေၾကာင့္ အသက္အရြယ္နဲ႔မလိုက္ေအာင္ တည္ျငိမ္တဲ့ေျခစြမ္းေတြနဲ႔ ကမာၻ႔ထိပ္တန္းအဆင့္ကိုေရာက္ရွိလာခဲ့တဲ့ ဒီကြင္းလယ္ကစားသမားေလးအေၾကာင္းကို ပရိသတ္ေတြသိေအာင္ အနည္းငယ္ ေဖာ္ျပေပးခ်င္ပါတယ္။

ဒီေဂ်ာင္ကို (၁၉၉၇)ခုႏွစ္ ေမလ(၁၂)ရက္ေန႔မွာ ေမြးဖြားခဲ့ျပီး၊ နယ္သာလန္ႏိုင္ငံ၊ ဂိုရင္ခ်န္ျမိဳ႕ဇာတိျဖစ္ပါတယ္။ ဒီေဂ်ာင္ဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘ၀ကို (၂၀၁၅)ခုႏွစ္မွာ နယ္သာလန္ကလပ္ ေ၀လ္လန္(II) အသင္းနဲ႔စတင္ခဲ့ပါတယ္။ သူရဲ႕ပထမဆံုး ကလပ္အသင္းပြဲစဥ္ကေတာ့ ေအဒီအိုဒန္ဟာ့အသင္းနဲ႔ကစားခဲ့တဲ့ ပြဲစဥ္ပဲျဖစ္ျပီး ေနာက္ထပ္ တစ္ႏွစ္အၾကာမွာပဲ ေအဂ်က္အသင္းထံကို ယူရို (၁)သန္းနဲ႔ေျပာင္းေရႊ႕ခဲ့ပါတယ္။

ေအဂ်က္အသင္းမွာ ကြင္းလယ္ခံစစ္ကစားသမားတစ္ေယာက္အေနနဲ႔အသံုးေတာ္ခံခဲ့တဲ့ ဒီေဂ်ာင္ဟာ တစ္ႏွစ္ျပီးတစ္ႏွစ္ ေျခစြမ္းတိုးတက္လာခဲ့ျပီးေနာက္ ဥေရာပရဲ႕အေကာင္းဆံုးလူငယ္ကစားသမားေတြထဲ တစ္ေယာက္အပါအ၀င္ျဖစ္လာခဲ့ပါတယ္။ (၂၀၁၈)ခုႏွစ္မွာေတာ့ ဒီေဂ်ာင္ဟာ ပီရူးအသင္းနဲ႔ေျခစမ္းကစားခဲ့တဲ့ နယ္သာလန္လက္ေရြးစင္အသင္းၾကီးရဲ႕လူစာရင္းမွာ ပထမဆံုး အေရြးခ်ယ္ခံခဲ့ရပါတယ္။

အဲဒီေနာက္ စပိန္ကလပ္ဘာစီလိုနာအသင္းက သူ႔အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို (၇၅)သန္းေပးေခ်ျပီး၊ (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုကာ (၂၀၁၉)ခုႏွစ္၊ ဂ်ဴလိုင္လအတြင္း အရေခၚယူခဲ့ပါတယ္။ ကလပ္အသင္းကစားသမားဘ၀မွာ ပြဲေပါင္း(၁၃၅)ပြဲနဲ႔ သြင္းဂိုး (၁၃)ဂိုးသြင္းယူခဲ့ျပီးျဖစ္တဲ့ ဒီေဂ်ာင္ဟာ နယ္သာလန္လက္ေရြးစင္အသင္းၾကီးအတြက္လည္း ျပိဳင္ပြဲစံု(၇)ပြဲတိတိကစားေပးခဲ့ျပီးျဖစ္ပါတယ္။

ေအဂ်က္အသင္းနဲ႔အတူ ယူရိုပါလိဂ္ျပိဳင္ပြဲမွာ ဒုတိယရခဲ့ဖူးတဲ့ ဒီေဂ်ာင္ဟာ ဆုဖလားေအာင္ျမင္မႈအေနနဲ႔ နယ္သာလန္အမွတ္ေပးဖလားနဲ႔ နယ္သာလန္ အက္ဖ္ေအဖလားတို႔ကိုလည္းဆြတ္ခူးထားပါေသးတယ္။ တစ္ဦးခ်င္းေအာင္ျမင္မႈေတြအျဖစ္ ဒီေဂ်ာင္ဟာ (၂၀၁၈-၂၀၁၉)ခုႏွစ္ နယ္သာလန္ျပည္တြင္းလိဂ္ရဲ႕အေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့သလို အခုေနာက္ဆံုးအေနနဲ႔ ျပီးခဲ့တဲ့ေနရွင္လိဂ္ျပိဳင္ပြဲမွာ အေကာင္းဆံုး လူငယ္ကစားသမားဆုကို ပူပူေႏြးေႏြးရရွိထားပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖရန့်ကီ ဒီဂျောင်အကြောင်း တစေ့တစောင်း

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အေဂျက်အသင်းကနေ ဘာစီလိုနာအသင်းထံပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမားလေး ဒီဂျောင်ဟာ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ်အားလုံးက သတ်မှတ်ထားသူပါ။ နေရှင်လိဂ်ပြိုင်ပွဲမှာလည်း သူဟာ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပါသေးတယ်။ ဒါကြောင့် အသက်အရွယ်နဲ့မလိုက်အောင် တည်ငြိမ်တဲ့ခြေစွမ်းတွေနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ကိုရောက်ရှိလာခဲ့တဲ့ ဒီကွင်းလယ်ကစားသမားလေးအကြောင်းကို ပရိသတ်တွေသိအောင် အနည်းငယ် ဖော်ပြပေးချင်ပါတယ်။

ဒီဂျောင်ကို (၁၉၉၇)ခုနှစ် မေလ(၁၂)ရက်နေ့မှာ မွေးဖွားခဲ့ပြီး၊ နယ်သာလန်နိုင်ငံ၊ ဂိုရင်ချန်မြို့ဇာတိဖြစ်ပါတယ်။ ဒီဂျောင်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို (၂၀၁၅)ခုနှစ်မှာ နယ်သာလန်ကလပ် ဝေလ်လန်(II) အသင်းနဲ့စတင်ခဲ့ပါတယ်။ သူရဲ့ပထမဆုံး ကလပ်အသင်းပွဲစဉ်ကတော့ အေဒီအိုဒန်ဟာ့အသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ်ပဲဖြစ်ပြီး နောက်ထပ် တစ်နှစ်အကြာမှာပဲ အေဂျက်အသင်းထံကို ယူရို (၁)သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

အေဂျက်အသင်းမှာ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်အနေနဲ့အသုံးတော်ခံခဲ့တဲ့ ဒီဂျောင်ဟာ တစ်နှစ်ပြီးတစ်နှစ် ခြေစွမ်းတိုးတက်လာခဲ့ပြီးနောက် ဥရောပရဲ့အကောင်းဆုံးလူငယ်ကစားသမားတွေထဲ တစ်ယောက်အပါအဝင်ဖြစ်လာခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာတော့ ဒီဂျောင်ဟာ ပီရူးအသင်းနဲ့ခြေစမ်းကစားခဲ့တဲ့ နယ်သာလန်လက်ရွေးစင်အသင်းကြီးရဲ့လူစာရင်းမှာ ပထမဆုံး အရွေးချယ်ခံခဲ့ရပါတယ်။

အဲဒီနောက် စပိန်ကလပ်ဘာစီလိုနာအသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်းပေးချေပြီး၊ (၅)နှစ်စာချုပ် ချုပ်ဆိုကာ (၂၀၁၉)ခုနှစ်၊ ဂျူလိုင်လအတွင်း အရခေါ်ယူခဲ့ပါတယ်။ ကလပ်အသင်းကစားသမားဘဝမှာ ပွဲပေါင်း(၁၃၅)ပွဲနဲ့ သွင်းဂိုး (၁၃)ဂိုးသွင်းယူခဲ့ပြီးဖြစ်တဲ့ ဒီဂျောင်ဟာ နယ်သာလန်လက်ရွေးစင်အသင်းကြီးအတွက်လည်း ပြိုင်ပွဲစုံ(၇)ပွဲတိတိကစားပေးခဲ့ပြီးဖြစ်ပါတယ်။

အေဂျက်အသင်းနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့ဖူးတဲ့ ဒီဂျောင်ဟာ ဆုဖလားအောင်မြင်မှုအနေနဲ့ နယ်သာလန်အမှတ်ပေးဖလားနဲ့ နယ်သာလန် အက်ဖ်အေဖလားတို့ကိုလည်းဆွတ်ခူးထားပါသေးတယ်။ တစ်ဦးချင်းအောင်မြင်မှုတွေအဖြစ် ဒီဂျောင်ဟာ (၂၀၁၈-၂၀၁၉)ခုနှစ် နယ်သာလန်ပြည်တွင်းလိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို အခုနောက်ဆုံးအနေနဲ့ ပြီးခဲ့တဲ့နေရှင်လိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ပူပူနွေးနွေးရရှိထားပါတယ်။

လူညိုချော@SportsGabar