ဘလြန္းဒီေအာ္ဆုကိုအၾကိမ္ေရအမ်ားဆံုးရထားတ့ဲကစားသမား(၅)ဦး

ေဘာလံုးကိုခ်စ္တ့ဲပရိသတ္ၾကီးအတြက္ ႏွစ္တစ္ႏွစ္အတြက္ ကလပ္အသင္းနဲ႔ႏိုင္ငံအသင္းေတြမွာအေကာင္းဆံုးစြမ္းေဆာင္ရည္ေတြျပသႏိုင္ခ့ဲၾကတ့ဲ ကစားသမားကိုေပးအပ္တ့ဲ ဆုတစ္ဆုျဖစ္တ့ဲ ဘလြန္းဒီေအာ္ဆုနဲ႔ပတ္သက္တ့ဲ ဗဟုသုတအခ်ိဳ႕ကိုေဖာ္ျပေပးခ်င္ပါတယ္။ ဘလြန္းဒီေအာ္ဆုနဲ႔ပတ္သက္ျပီး ပထမဆံုးေဖာ္ာပေပးခ်င္တ့ဲအေၾကာင္းအရာကေတာ့ ဘလြန္းဒီေအာ္ဆုကိုအၾကိမ္ေရအမ်ားဆံုးရရွွိထားတ့ဲ ကစားသမား(၅)ဦးကိုေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ဘလြန္းဒီေအာ္ဆုကို (၁၉၅၆)ခုႏွစ္က စတင္ခ်ီးျမွင့္ခ့ဲတာျဖစ္ျပီး၊လက္ရွိခ်ိန္ထိ ဒီဆုကိုရရွိထားတ့ဲ ကစားသမား(၂၆)ေယာက္အထိရွိေနပါတယ္။ ဒီထဲကမွ ဘြန္းဒီေအာ္ဆုကိုအၾကိမ္ေရအမ်ားဆံုးရရွိထားတ့ဲ ကစားသမား(၅)ဦးကိုေဖာ္ျပေပးသြားပါ့မယ္။

#၅ မားကို ဗမ္ဘတ္စတန္(၃ၾကိမ္)
နယ္သာလန္အသင္းရဲ႕နာမည္ေက်ာ္တိုက္စစ္မွဴးၾကီး ဗမ္ဘတ္စတန္ဟာ သူ႔ေခတ္သူ႔အခါမွာ တကယ့္ကိုျပိဳင္စံရွားခ့ဲတ့ဲ ေဘာလံုးသမားၾကီးတစ္ဦးျဖစ္ခ့ဲပါတယ္။ သူဟာ ဘလြန္းဒီေအာ္ဆုကုိ(၃)ၾကိမ္အထိရရွိခ့ဲဖူးျပီး၊ ပထမဆံုး ဘလြန္းဒီေအာ္ဆုကိုေတာ့ (၁၉၈၈)ခုႏွစ္မွာစတင္ရရွိခ့ဲပါတယ္။ ဒုတိယနဲ႔တတိယေျမာက္ဘလြန္းဒီေအာ္ဆုေတြကိုေတာ့(၁၉၈၉)နဲ႔(၁၉၉၂)ခုႏွစ္ေတြမွာ ရရွိခ့ဲပါတယ္။ ဗမ္ဘတ္စတန္ရဲ႕ပြဲတစ္ပြဲလႊမ္းမိုးႏိုင္စြမ္းရွိတ့ဲကစားဟန္ေတြကို ဘယ္ေတာ့မွေမ့လို႔ရမွာမဟုတ္တာအေသအခ်ာပါပဲ။

#၄ ဂ်ိဳဟန္ခရိုက္ဖ္(၃ၾကိမ္)
ေနာက္ထပ္ဘလြန္းဒီေအာ္ဆုကိုအၾကိမ္ေရအမ်ားဆံုးရရွိထားတ့ဲကစားသမားကေတာ့ နယ္သာလန္ရဲ႕ဂႏၳ၀င္တိုက္စစ္မွဴးၾကီး ဂ်ိဳဟန္ခရိုက္ဖ္ပဲျဖစ္ပါတယ္။ သူဟာနယ္သာလန္အတြက္ (၄၈)ပြဲသာကစားေပးခ့ဲတာျဖစ္ျပီး၊ သြင္းဂိုး(၃၃)ဂိုးအထိသြင္းယူေပးႏိုင္ခ့ဲပါတယ္။ သူ႔ရဲ႕ပထမဆံုးဘလြန္းဒီေအာ္ဆုကိုေတာ့ (၁၉၇၁)ခုႏွစ္မွာစတင္ရရွိခ့ဲပါတယ္။ (၁၉၇၃)နဲ႔(၁၉၇၄)ခုႏွစ္တို႔မွာေတာ့ ဒုတိယနဲ႔တတိယေျမာက္ဘလြန္းဒီေအာ္ဆုေတြကိုသိမ္းပိုုက္ရရွိခ့ဲပါတယ္။ ဂ်ိဳဟန္ခရိုက္ဖ္ဟာ ေအဂ်က္အသင္းနဲ႔အတူကစားသမားဘ၀စတင္ခ့ဲတာျဖစ္ျပီး၊ ေနာက္ပိုင္းမွာဘာစီလိုနာအသင္းကိုေျပာင္းေရႊ႕ခ့ဲပါတယ္။ သူ႔ရဲ႕ကစားသမားဘ၀အေတာက္ပဆံုးအခ်ိန္ေတြကေတာ့ ေအဂ်က္နဲ႔ ဘာစီလိုနာတို႔မွာကစားခ့ဲတ့ဲအခ်ိန္ေတြပဲျဖစ္ပါတယ္။

#၃ မီခ်ယ္ပလာတီနီ(၃ၾကိမ္)
ပလာတီနီကိုေတာ့ ယူအီးအက္ေအဥကၠဌအျဖစ္ေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္။ ပလာတီနီဟာ တစ္ခ်ိန္က ျပင္သစ္အသင္းရဲ႕တကယ့္ကို ဒိတ္ဒိတ္ၾကဲၾကဲတိုက္စစ္မွဴးတစ္ဦးျဖစ္ခ့ဲတ့ဲသူပါ။ (၁၉၈၃,၁၉၈၄,၁၉၈၅)ခုႏွစ္ေတြမွာ ဘလြန္းဒီေအာ္ဆုကုိသံုးႏွစ္ဆက္တုိက္ရရွိခ့ဲပါတယ္။ ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦးအျဖစ္ကစားခ့ဲတာျဖစ္ျပီး၊ ကစားသမားကလပ္အသင္းေတြအတြက္ပြဲေပါင္း(၄၃၂)ပြဲမွာ(၂၂၄)ဂိုးအထိသြင္းယူေပးႏိုင္ခ့ဲတ့ဲသူျဖစ္ပါတယ္။

#၂ လီယြန္နယ္မက္ဆီ(၅ၾကိမ္)
မက္ဆီဟာ လက္ရွိမ်က္ေမွာက္ေခတ္ေဘာလံုးေလာကမွာေတာ့ တစ္ျခားကမာၻကလာတ့ဲ သူလို႔အားလံုးကတင္စားထားၾကတ့ဲသူပါ။ ေမွာ္၀င္ေနတ့ဲ ေျခစြမ္းေတြနဲ႔ ယေန႔ေဘာလံုးေလာကရဲ႕အေကာင္းဆံုးေဘာလံုးသမားေတြထဲကတစ္ဦးဆိုရင္လည္းမမွားပါဘူး။ ဘလြန္းဒီေအာ္ဆုကို(၅)ၾကိမ္အထိရရွိထားတာျဖစ္ျပီး၊ လက္ရွိ(၂၀၁၉)ဘလြန္းဒီေအာ္ဆုအတြက္လည္းေရပန္းစားေနတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။ မက္ဆီဘလြန္းဓိေအာ္ဆုကိုရရွိခ့ဲတ့ဲႏွစ္ေတြကေတာ့ (၂၀၀၉,၂၀၁၀,၂၀၁၁,၂၀၁၂,၂၀၁၅)ခုႏွစ္ေတြပဲျဖစ္ပါတယ္။

#၁ စီေရာ္နယ္ဒို(၅ၾကိမ္)
စီေရာ္နယ္ဒိုဟာ လီယြန္နယ္မက္ဆီနဲ႔အျပိဳင္ ယေန႔ေဘာလံုးေလာကရဲ႕အေကာင္းဆံုးကစားသမားအျဖစ္သတ္မွတ္ထားျခင္းခံထားရတ့ဲသူပဲျဖစ္ပါတယ္။ မန္ယူႏိုက္တက္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုရရွိႏိုင္ခ့ဲတ့ဲ(၂၀၀၈)မွာပထမဆံုးဘလြန္းဒီေအာ္ဆုကိုရရွိခ့ဲပါတယ္။ ေနာက္ထပ္ဘလြန္းဒီေအာ္ဆုေတြကိုေတာ့(၂၀၁၃,၂၀၁၄,၂၀၁၆,၂၀၁၇) ခုႏွစ္ေတြမွာရရွိခ့ဲပါတယ္။ လက္ရွိမွာေတာ့ အသက္(၃၄)ႏွစ္အရြယ္ကိုေရာက္ရွိေနျပီျဖစ္ျပီး၊ ဂ်ဳဗင္တပ္အသင္းနဲ႔အတူ ထိပ္တန္းေျခစြမ္းေတြကိုျပသထားႏိုင္ေနဆဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘလွန်းဒီအော်ဆုကိုအကြိမ်ရေအများဆုံးရထားတဲ့ကစားသမား(၅)ဦး

ဘောလုံးကိုချစ်တဲ့ပရိသတ်ကြီးအတွက် နှစ်တစ်နှစ်အတွက် ကလပ်အသင်းနဲ့နိုင်ငံအသင်းတွေမှာအကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ကြတဲ့ ကစားသမားကိုပေးအပ်တဲ့ ဆုတစ်ဆုဖြစ်တဲ့ ဘလွန်းဒီအော်ဆုနဲ့ပတ်သက်တဲ့ ဗဟုသုတအချို့ကိုဖော်ပြပေးချင်ပါတယ်။ ဘလွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး ပထမဆုံးဖော်ာပပေးချင်တဲ့အကြောင်းအရာကတော့ ဘလွန်းဒီအော်ဆုကိုအကြိမ်ရေအများဆုံးရရှိထားတဲ့ ကစားသမား(၅)ဦးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဘလွန်းဒီအော်ဆုကို (၁၉၅၆)ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊လက်ရှိချိန်ထိ ဒီဆုကိုရရှိထားတဲ့ ကစားသမား(၂၆)ယောက်အထိရှိနေပါတယ်။ ဒီထဲကမှ ဘွန်းဒီအော်ဆုကိုအကြိမ်ရေအများဆုံးရရှိထားတဲ့ ကစားသမား(၅)ဦးကိုဖော်ပြပေးသွားပါ့မယ်။

#၅ မားကို ဗမ်ဘတ်စတန်(၃ကြိမ်)
နယ်သာလန်အသင်းရဲ့နာမည်ကျော်တိုက်စစ်မှူးကြီး ဗမ်ဘတ်စတန်ဟာ သူ့ခေတ်သူ့အခါမှာ တကယ့်ကိုပြိုင်စံရှားခဲ့တဲ့ ဘောလုံးသမားကြီးတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ ဘလွန်းဒီအော်ဆုကို(၃)ကြိမ်အထိရရှိခဲ့ဖူးပြီး၊ ပထမဆုံး ဘလွန်းဒီအော်ဆုကိုတော့ (၁၉၈၈)ခုနှစ်မှာစတင်ရရှိခဲ့ပါတယ်။ ဒုတိယနဲ့တတိယမြောက်ဘလွန်းဒီအော်ဆုတွေကိုတော့(၁၉၈၉)နဲ့(၁၉၉၂)ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။ ဗမ်ဘတ်စတန်ရဲ့ပွဲတစ်ပွဲလွှမ်းမိုးနိုင်စွမ်းရှိတဲ့ကစားဟန်တွေကို ဘယ်တော့မှမေ့လို့ရမှာမဟုတ်တာအသေအချာပါပဲ။

#၄ ဂျိုဟန်ခရိုက်ဖ်(၃ကြိမ်)
နောက်ထပ်ဘလွန်းဒီအော်ဆုကိုအကြိမ်ရေအများဆုံးရရှိထားတဲ့ကစားသမားကတော့ နယ်သာလန်ရဲ့ဂန္ထဝင်တိုက်စစ်မှူးကြီး ဂျိုဟန်ခရိုက်ဖ်ပဲဖြစ်ပါတယ်။ သူဟာနယ်သာလန်အတွက် (၄၈)ပွဲသာကစားပေးခဲ့တာဖြစ်ပြီး၊ သွင်းဂိုး(၃၃)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးဘလွန်းဒီအော်ဆုကိုတော့ (၁၉၇၁)ခုနှစ်မှာစတင်ရရှိခဲ့ပါတယ်။ (၁၉၇၃)နဲ့(၁၉၇၄)ခုနှစ်တို့မှာတော့ ဒုတိယနဲ့တတိယမြောက်ဘလွန်းဒီအော်ဆုတွေကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။ ဂျိုဟန်ခရိုက်ဖ်ဟာ အေဂျက်အသင်းနဲ့အတူကစားသမားဘဝစတင်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာဘာစီလိုနာအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ရဲ့ကစားသမားဘဝအတောက်ပဆုံးအချိန်တွေကတော့ အေဂျက်နဲ့ ဘာစီလိုနာတို့မှာကစားခဲ့တဲ့အချိန်တွေပဲဖြစ်ပါတယ်။

#၃ မီချယ်ပလာတီနီ(၃ကြိမ်)
ပလာတီနီကိုတော့ ယူအီးအက်အေဥက္ကဌအဖြစ်တော်တော်များများသိကြပါတယ်။ ပလာတီနီဟာ တစ်ချိန်က ပြင်သစ်အသင်းရဲ့တကယ့်ကို ဒိတ်ဒိတ်ကြဲကြဲတိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တဲ့သူပါ။ (၁၉၈၃,၁၉၈၄,၁၉၈၅)ခုနှစ်တွေမှာ ဘလွန်းဒီအော်ဆုကိုသုံးနှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးအဖြစ်ကစားခဲ့တာဖြစ်ပြီး၊ ကစားသမားကလပ်အသင်းတွေအတွက်ပွဲပေါင်း(၄၃၂)ပွဲမှာ(၂၂၄)ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

#၂ လီယွန်နယ်မက်ဆီ(၅ကြိမ်)
မက်ဆီဟာ လက်ရှိမျက်မှောက်ခေတ်ဘောလုံးလောကမှာတော့ တစ်ခြားကမ္ဘာကလာတဲ့ သူလို့အားလုံးကတင်စားထားကြတဲ့သူပါ။ မှော်ဝင်နေတဲ့ ခြေစွမ်းတွေနဲ့ ယနေ့ဘောလုံးလောကရဲ့အကောင်းဆုံးဘောလုံးသမားတွေထဲကတစ်ဦးဆိုရင်လည်းမမှားပါဘူး။ ဘလွန်းဒီအော်ဆုကို(၅)ကြိမ်အထိရရှိထားတာဖြစ်ပြီး၊ လက်ရှိ(၂၀၁၉)ဘလွန်းဒီအော်ဆုအတွက်လည်းရေပန်းစားနေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ မက်ဆီဘလွန်းဓိအော်ဆုကိုရရှိခဲ့တဲ့နှစ်တွေကတော့ (၂၀၀၉,၂၀၁၀,၂၀၁၁,၂၀၁၂,၂၀၁၅)ခုနှစ်တွေပဲဖြစ်ပါတယ်။

#၁ စီရော်နယ်ဒို(၅ကြိမ်)
စီရော်နယ်ဒိုဟာ လီယွန်နယ်မက်ဆီနဲ့အပြိုင် ယနေ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ထားခြင်းခံထားရတဲ့သူပဲဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလားကိုရရှိနိုင်ခဲ့တဲ့(၂၀၀၈)မှာပထမဆုံးဘလွန်းဒီအော်ဆုကိုရရှိခဲ့ပါတယ်။ နောက်ထပ်ဘလွန်းဒီအော်ဆုတွေကိုတော့(၂၀၁၃,၂၀၁၄,၂၀၁၆,၂၀၁၇) ခုနှစ်တွေမှာရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အသက်(၃၄)နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး၊ ဂျုဗင်တပ်အသင်းနဲ့အတူ ထိပ်တန်းခြေစွမ်းတွေကိုပြသထားနိုင်နေဆဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar