ဒီလစ္ကိုမရရင္ဆိုးလ္ရွားေခၚယူသင့္တ့ဲ ဗဟိုခံစစ္မွဴး(၃)ဦး

ေအဂ်က္အသင္းရဲ႕အသက္(၁၉)ႏွစ္အရြယ္ခံစစ္မွဴးေလး ဒီလစ္ဟာ သူ႕ရဲ႕အရြယ္နဲ႔မလိုက္တ့ဲ ေခါင္းေဆာင္မႈစြမ္းရည္နဲ႔ မာေက်ာတ့ဲ ကစားဟန္ေတြေၾကာင့္ ဥေရာပအသင္းၾကီးေတြရဲ႕မ်က္စိက်ျခင္းကိုခံေနရတ့ဲသူလည္းျဖစ္ပါတယ္။

ဒီထဲမွာမန္ယူႏိုက္တက္ကလည္း ဒီလစ္ကိုေခၚယူဖို႔ ၾကိဳးစားေနတာျဖစ္ျပီး၊ ေရာက္ရွိဖို႔ကေတာ့ အခြင့္အေရးနည္းပါးလ်က္ရွိေနပါတယ္။ ဒါ့ေၾကာင့္ မန္ယူႏိုက္တက္အေနနဲ႔ ဒီလစ္ကိုမေခၚယူႏိုင္ဘူးဆိုရင္ အသင္းရဲ႕ဗဟိုခံစစ္အတြက္ ေနာက္ထပ္ေခၚယူသင့္တ့ဲကစားသမား(၃)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။

#၃ ကို႔စ္တက္စ္ မန္ႏိုလက္စ္(ရိုးမား)
မန္ႏိုလက္စ္ဟာ (၂၀၁၄)ခုႏွစ္က ရိုးမားအသင္းကိုေရာက္ရွိခ့ဲတာျဖစ္ျပီး၊ ရိုးမားအသင္းရဲ႕ေနာက္တန္းမွာ အေကာင္းဆံုး စြမ္းေဆာင္ေပးထားႏိုင္ခ့ဲတ့ဲကစာယးသမားတစ္ဦးျဖစ္ပါတယ္။ မန္ႏိုလက္စ္ဟာ နည္းဗ်ဳဟာပိုင္းကၽြမ္းက်င္တ့ဲကစားသမားတစ္ဦးျဖစ္ျပီးေတာ့ မန္ယူႏိုက္တက္ရဲ႕ေနာက္တန္းအတြက္ သင့္ေတာ္တ့ဲ ဗဟိုခံစစ္မွဴးတစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ရိုးမားအသင္းဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ဆံုးရံႈးခ့ဲျပီးတ့ဲေနာက္မွာေတာ့ မန္ႏိုလက္စ္ဟာ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးေတာ့စဥ္းဖြယ္ရွိေနတာေၾကာင့္ မန္ယူႏိုက္တက္အေနနဲ႔ ဒီလစ္ကိုေခၚယူလို႔မရခ့ဲရင္ မန္ႏိုလက္စ္ကိုပစ္မွတ္ထားျပီးေခၚယူသင့္ပါတယ္။

#၂ ဟယ္ရီ မက္ဂြဲယား(လက္စတာ)
မက္ဂြဲယားဟာ ေျခစြမ္းပုိင္းတည္ျငိမ္မႈရွိျပီးေတာ့ လက္စတာအသင္းရဲ႕ခံစစ္ပိုင္းမွာတစ္ရာသီလံုးပံုမွန္ေျခစါမ္းျပသထားႏိုင္တ့ဲ ကစားသမားတစ္ဦးျဖစ္ပါတယ္။ မန္ယူႏိုက္တက္ဟာ မက္ဂြဲယားကိုေခၚယူဖို႔ပစ္မွတ္ထားေနတာျဖစ္ျပီး၊ ေအဂ်က္ေနာက္ခံလူဒီလစ္ကိုေခၚယူဖို႔ အေျခအေနမရွိေတာ့ရင္ ဒီရာသီအမွားမ်ားလြန္းခ့ဲတ့ဲ မန္ယူႏုိ္က္ခံစစ္အတြက္ မက္ဂြဲယား အရေခၚယူဖို႔ၾကိဳးစားသင့္တ့ဲ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

#၁ ရက္ဘန္ ဒိုင္ယက္စ္(ဘင္ဖီကာ)
ဒိုင္ယက္စ္ဟာ ဒီရာသီဘင္ဖီကာေနာက္တန္းမွာ ေျခစြမ္းျပကစားႏိုင္တ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ေျခစြမ္းပိုင္းတည္ျငိမ္မႈရွိျပီးေတာ့ သူ႔ရဲ႕ေျခစြမ္းပိုင္ယံုၾကည္ရေလာက္တ့ဲ အေနအထားတစ္ရပ္မွာရွိေနပါတယ္။ ဒိုင္ယက္စ္ကိုေခၚယူမယ္ဆိုရင္ မန္ယူႏိုက္တက္အေနနဲ႔ေျပာင္းေရႊ႕ေၾကးယူရိုသန္း(၆၀)ေလာက္သံုးရဖို႔ေတာ့ရွိေနပါတယ္။ ဒါေပမ့ဲ ဒီလစ္ကိုမရခ့ဲရင္ ဒိုင္ယက္စ္ဟာ လက္မလႊတ္သင့္တဲ့ကစားသမားတစ္ဦးလည္းျဖစ္ေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဒီလစ်ကိုမရရင်ဆိုးလ်ရှားခေါ်ယူသင့်တဲ့ ဗဟိုခံစစ်မှူး(၃)ဦး

အေဂျက်အသင်းရဲ့အသက်(၁၉)နှစ်အရွယ်ခံစစ်မှူးလေး ဒီလစ်ဟာ သူ့ရဲ့အရွယ်နဲ့မလိုက်တဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ မာကျောတဲ့ ကစားဟန်တွေကြောင့် ဥရောပအသင်းကြီးတွေရဲ့မျက်စိကျခြင်းကိုခံနေရတဲ့သူလည်းဖြစ်ပါတယ်။

ဒီထဲမှာမန်ယူနိုက်တက်ကလည်း ဒီလစ်ကိုခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး၊ ရောက်ရှိဖို့ကတော့ အခွင့်အရေးနည်းပါးလျက်ရှိနေပါတယ်။ ဒါ့ကြောင့် မန်ယူနိုက်တက်အနေနဲ့ ဒီလစ်ကိုမခေါ်ယူနိုင်ဘူးဆိုရင် အသင်းရဲ့ဗဟိုခံစစ်အတွက် နောက်ထပ်ခေါ်ယူသင့်တဲ့ကစားသမား(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

#၃ ကို့စ်တက်စ် မန်နိုလက်စ်(ရိုးမား)
မန်နိုလက်စ်ဟာ (၂၀၁၄)ခုနှစ်က ရိုးမားအသင်းကိုရောက်ရှိခဲ့တာဖြစ်ပြီး၊ ရိုးမားအသင်းရဲ့နောက်တန်းမှာ အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ကစာယးသမားတစ်ဦးဖြစ်ပါတယ်။ မန်နိုလက်စ်ဟာ နည်းဗျုဟာပိုင်းကျွမ်းကျင်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့ မန်ယူနိုက်တက်ရဲ့နောက်တန်းအတွက် သင့်တော်တဲ့ ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ရိုးမားအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာတော့ မန်နိုလက်စ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စဉ်းဖွယ်ရှိနေတာကြောင့် မန်ယူနိုက်တက်အနေနဲ့ ဒီလစ်ကိုခေါ်ယူလို့မရခဲ့ရင် မန်နိုလက်စ်ကိုပစ်မှတ်ထားပြီးခေါ်ယူသင့်ပါတယ်။

#၂ ဟယ်ရီ မက်ဂွဲယား(လက်စတာ)
မက်ဂွဲယားဟာ ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိပြီးတော့ လက်စတာအသင်းရဲ့ခံစစ်ပိုင်းမှာတစ်ရာသီလုံးပုံမှန်ခြေစါမ်းပြသထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ မက်ဂွဲယားကိုခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပြီး၊ အေဂျက်နောက်ခံလူဒီလစ်ကိုခေါ်ယူဖို့ အခြေအနေမရှိတော့ရင် ဒီရာသီအမှားများလွန်းခဲ့တဲ့ မန်ယူနိုက်ခံစစ်အတွက် မက်ဂွဲယား အရခေါ်ယူဖို့ကြိုးစားသင့်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

#၁ ရက်ဘန် ဒိုင်ယက်စ်(ဘင်ဖီကာ)
ဒိုင်ယက်စ်ဟာ ဒီရာသီဘင်ဖီကာနောက်တန်းမှာ ခြေစွမ်းပြကစားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိပြီးတော့ သူ့ရဲ့ခြေစွမ်းပိုင်ယုံကြည်ရလောက်တဲ့ အနေအထားတစ်ရပ်မှာရှိနေပါတယ်။ ဒိုင်ယက်စ်ကိုခေါ်ယူမယ်ဆိုရင် မန်ယူနိုက်တက်အနေနဲ့ပြောင်းရွှေ့ကြေးယူရိုသန်း(၆၀)လောက်သုံးရဖို့တော့ရှိနေပါတယ်။ ဒါပေမဲ့ ဒီလစ်ကိုမရခဲ့ရင် ဒိုင်ယက်စ်ဟာ လက်မလွှတ်သင့်တဲ့ကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။

Sirဇော်ကြီး@SportsGabar