အားကစားလောကရဲ့ဈေးအကြီးဆုံး စာချုပ်ပိုင်ရှင်အဖြစ်ရပ်တည်သွားပြီဖြစ်တဲ့ မက်ဆီ

စပိန်သတင်းဌာန အယ်မန်ဒိုဖွင့်ချလိုက်တဲ့အချက်အလက်တချို့က ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီရဲ့စာချုပ်ဖြစ်နေပါတယ်။ မက်ဆီကို လေးနှစ်စာချုပ်ခအတွက် စုစုပေါင်း ယူရို ၅၅၅ သန်းတန်ကြေးရှိတဲ့ စာချုပ်ကို ဘာစီလိုနာတို့ချုပ်ဆိုပေးခဲ့တဲ့အကြောင်းပါ။ ပေါက်ကြားတာမျိုးဖြစ်တဲ့အတွက် ဘာစီလိုနာအသင်းကလည်း အယ်မန်ဒိုကို တရားစွဲမယ်လို့ ကြေညာထားပါတယ်။

လေးနှစ်ကို ယူရို ၅၅၅ သန်းဖြစ်တဲ့အတွက် ဘာစီလိုနာအနေနဲ့ မက်ဆီကို တနှစ်ပျှမ်းမျှ ယူရို ၁၃၈.၇၅ သန်းလောက် ပမာဏရှိတဲ့ လစာကိုရခဲ့တယ်ဆိုရမှာပါ။ အယ်မန်ဒိုရဲ့ဖွင့်ချမှုမှာ အကုန်နီးပါး အသေးစိတ်ပါခဲ့တဲ့အတွက် ပုံရိပ်အသုံးပြုခ၊ စပွန်ဆာကြေးစတာတွေနဲ့ မက်ဆီဟာ တော်တော်လေးကို များပြားတဲ့ဝင်ငွေနှုန်းထားတွေရခဲ့ပါတယ်။

အခုလိုမျိုးရခဲ့တာက ဘာစီလိုနာနဲ့ စပိန်လာလီဂါမှာတင်မဟုတ်ပါဘူး။ အားကစားလောကတခုလုံးမှာပါ မက်ဆီရဲ့လစာက အများဆုံးဖြစ်ခဲ့တာလို့ သိရပါတယ်။ ကမ္ဘာ့အနှံ့က ပရိသတ်တွေအတွက် ကြေကွဲသွားလောက်တဲ့ လစာပမာဏမျိုးတွေနဲ့ချုပ်ဆိုထားတဲ့ အရင်ကစားသမားတွေရဲ့လစာစံချိန်ကို အခုလိုမျိုးကျော်ဖြတ်ခဲ့တာပါ။

(၅) ဘရုင်စီ ဟာပါ (ဘေ့စ်ဘော)- စာချုပ်တန်ဖိုး – ပေါင်သန်း ၂၄၀.၇၉သန်း- ၁၂နှစ်၊ (၄)ဆော ကန်ဆယ်လို အလာဗက်ဇ် (ဘောက်ဆင်)- ပေါင်သန်း ၂၆၆.၃၃သန်း- ၅ နှစ်၊ (၃) မိုက်ခ်ထရောက် (ဘေ့စ်ဘော)- ပေါင်သန်း ၃၁၃.၇၅ သန်း-၁၂ နှစ်၊ (၂) ပတ်ထရစ် မာဟုမ်း- NFL- ပေါင်သန်း – ၃၆၇.၀၂ သန်း နဲ့ရှိခဲ့ပါတယ်။

ကန်ဆယ်လို အလာဗက်ဇ်

မက်ဆီက ယူရို ၅၅၅ သန်း၊ (ပေါင် ၄၉၁.၃သန်း) ဖြစ်တဲ့အတွက် အကုန်လုံးထက်ကို ပိုများခဲ့ပါတယ်။ အားကစားလောကမှာ ဈေးအကြီးဆုံးစာချုပ်လည်းဖြစ်လာခဲ့သလို ဘောလုံးသမိုင်းမှာလည်း လစာအများဆုံးစာချုပ်ပိုင်ရှင်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ အခုလိုမျိုး မက်ဆီကိုစာချုပ်ထားတာတွေအပြင် ကိုဗစ်ဖြစ်သွားချိန်မှာတော့ ဘာစီလိုနာမှာ လတ်တလောကြွေးမြီ ပေါင် ၁.၁ ဘီလျံတင်နေတယ်လို့လည်းသိရပါတယ်။

AZ-SportsGabar