ဖရီးကစ်ဘလော့ခ်နိုင်ခဲ့တာကို ဂိုးသွင်းသလို လူးဝစ်ပျော်နေခဲ့တယ်လို့ ဟာသဖောက်လိုက်တဲ့ ရွိုင်ကိန်း

မန်ယူနိုက်တက်အနေနဲ့ အာဆင်နယ်ကို အနီးစပ်ဆုံးဂိုးရနိုင်ခြေရှိခဲ့တဲ့ အခွင့်အရေးတခုက ပထမပိုင်းမှာ ဖရီးကစ်ရခဲ့တာပါ။ လီဗာပူးနဲ့ပွဲမှာ ဖရီးကစ်အစွမ်းပြထားတဲ့ ဖာနန်းဒက်စိတ်ကြိုက် ၂၅ ကိုက်အကွာကနေ ကန်ခွင့်ရခဲ့ပြီး၊ ဂိုးရဖို့အတွက် အသေအချာကို ခင်ပေးထားသလိုဖြစ်ခဲ့တဲ့အနေအထားက ပရိသတ်ကိုရင်ခုန်စေခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ခံစစ်ကို မကျော်နိုင်ဘဲ ဖရီးကစ်က အသက်မဲ့သွားခဲ့ပါတယ်။ နောက်တန်းဝေါ ကာချိန်မှာ အာဆင်နယ်ရဲ့ ဒေးဗစ်လူးဝစ်တယောက် ဖာနန်ဒက်ကန်သွင်းလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ကာ ဂိုးအဖြစ်ပြောင်းလဲသွားနိုင်တဲ့ ဘောလုံးကို အကောင်းဆုံးလမ်းကြောင်း ပြောင်းနိုင်ခဲ့ပါတယ်။

ပြောင်းနိုင်ခဲ့ချိန်မှာတော့ လူးဝစ်အနေနဲ့ သူ့ရဲ့ဖျက်ထုတ်မှုအတွက် လက်သီးလက်မောင်းတန်းခဲ့ပါတယ်။ အားပါးတရကို အောင်ပွဲခံနေတဲ့ဟန်က ကြည့်ရသူတွေကို လည်း မှင်သက်ခဲ့ချိန်မှာ ဒီပွဲကိုကြည့်နေတဲ့ ရွိုင်ကိန်းက အခုလိုဆိုလာခဲ့ပါတယ်။ ” အခုပြောမှာက အာဆင်နယ်အသင်းအတွက် ဟိုက်လိုက်ပါ။ လူးဝစ်ရဲ့ပုံစံက သူ့ကိုယ်သူဂိုးသွင်းနိုင်ခဲ့သလိုမျိုး အောင်ပွဲခံနေတာဗျ။”

” သူလုပ်ပြနိုင်ခဲ့တဲ့အလုပ်နဲပတ်သက်ပြီး၊ သူတော်တော်လေးမှ တော်တော်လေးကို ဝမ်းသာနေတာ။ ဒီအချက်က သူနဲ့ပတ်သက်လို့ ကျွန်တော့်အမြင်ပဲပေါ့။ ‘ ဆိုပြီး ချီးကျူးခဲ့ပါတယ်။ ဆက်ပြီးတော့ ” ပွဲရလဒ်ကတော့ မကောင်းဘူး။ ကျွန်တော် စိတ်ပျက်မိတယ်။ ဒီပွဲက မသိရင် မဖြစ်မနေ အစားထိုးကန်ခိုင်းလို့ ကန်နေရသလိုမျိုးပဲ’

” ဒီထပ်ပိုမြင်တဲ့အနေအထားတွေရောက်ဖို့ဆိုရင် ပိုတည်ငြိမ်တာ၊ ပိုအာရုံစိုက်တာတွေလိုလိမ့်မယ်။ သူတို့ပုံစံက ဂရုမစိုက်တာမျိုးဖြစ်နေတယ်။ အာဆင်နယ်လုပ်ပြသွားတာက အိုကေတယ်။ ဒါပေမဲ့ ယူနိုက်တက်ကတော့ အာဆင်နယ်ကွင်းကို အမှတ်ယူဖို့လာခဲ့တယ်ဆိုတာမျိုး အာရုံရနေဖို့လိုကိုလိုပါတယ်’ လို့ ဝေဖန်သုံးသပ်ပြခဲ့ပါတယ်။

AZ-SportsGabar