ဥမကွဲသိုက်မပျက်ရေးကြိုးပမ်းပြီးတဲ့နောက် မန်ယူနည်းပြတွေထဲ အာဆင်နယ်ကိုရင်ဆိုင်ရာမှာ အညံ့ဆုံးဖြစ်လာတဲ့ ဆိုးလ်ရှား

အဝေးကွင်းရလဒ်ကောင်းတွေတောက်လျှောက်ရနေတဲ့ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နှစ်ရှည်ခါးသီးပြိုင်ဘက် အာဆင်နယ်ကို အဝေးကွင်းမှာသွားရင်ဆိုင်ခဲ့ရပါတယ်။ တဖက်မှာ လူမစုံတဲ့ အာဆင်နယ်ကို ပထမတပိုင်းလုံးအသာစီးခဲ့ရပေမဲ့ အခွင့်အရေးတွေအသုံးမချနိုင်ခဲ့သလို ကာဗာနီအဆုံးသတ်တွေ လိုအပ်နေတာက မြင်သာထင်သာရှိခဲ့ပါတယ်။

ဒုတိယပိုင်းအရောက် ကစားအားတက်လာတဲ့ အာဆင်နယ်ကြောင့် တိုက်စစ်ပြန်ဆင်ချိန်မရတော့ဘဲ ဂိုးမပေးရရေးကိုဦတည်ခဲ့ပါတယ်။ အဖျက်အထုတ်အနည်းငယ်ကြမ်းခဲ့လို့ အဝါတွေတောက်လျှောက်မိခဲ့သလို လူစားလဲတာတွေလည်းအလုပ်မဖြစ်ချိန်မှာတော့ နှစ်သင်းလုံး ဝ-၀ ကိုဦးတည်လာခဲ့ပါတယ်။ ဂိုးမပေးရရေး အလုပ်ဖြစ်သွားကာ ဥလည်းမကွဲခဲ့ချိန်မှာတော့ ဆိုးလ်ရှားတယောက် အာတီတာကိုတွေ့တိုင်းမနိုင်ဖြစ်လာခဲ့ပါတယ်။

ဆိုးလ်ရှားလက်ထက် မန်ယူအနေနဲ့ အာတီတာကိုင်တွယ်တဲ့ အာဆင်နယ်ကို ငါးကြိမ်တိတိ ရင်ဆိုင်ထားပါတယ်။ တကြိမ်မှ အနိုင်မရခဲ့သလို ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးမရှိသရေကျတဲ့ပွဲအဖြစ် ဝ-၀ နဲ့ ပြီးဆုံးခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံးတွေ့ခဲ့တဲ့ သုံးပွဲ (ဆိုးလ်ရှားလက်ထက်)မှာလည်း အာဆင်နယ်ကို တဂိုးမှမသွင်းထားနိုင်ခဲ့ပါဘူး။

ပိုပြီးဆိုးတာက မန်ယူနည်းပြသမိုင်းမှာ အာဆင်နယ်ကို တပွဲထက်ပိုတွေ့ပြီး၊ တခါမှ မနိုင်သေးတဲ့ နည်းပြအဖြစ် လက်ရှိမှာ တဦးတည်းကျန်ရစ်လာတာပါ။ မန်ယူနည်းပြတိုင်း ဆိုးလ်ရှားမတိုင်ခင်မှာ အာဆင်နယ်ကို တပွဲအထက်ကစားတာနဲ့ ပွဲတိုင်းနိုင်ဖူးပေမဲ့ ဆိုးလ်ရှားကတော့ ငါးပွဲအတွေ့မှာ ဂိုးမရှိသရေရလဒ်တွေပြန်ဖြစ်တဲ့အထိ ကစားပြနေတာဖြစ်ပါတယ်။

ကျန်တဲ့ထူးခြားချက်တွေကတော့ အာဆင်နယ်ကစားသမားဝီလီယမ်တယောက် လူစားဝင်ကစားခဲ့ချိန်မှာ ပရီးမီးယားလိဂ် ၂၅၀ ပွဲကိုကစားပြီး၊ ပွဲရေအများဆုံး ဘရာဇီးလ်သားဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အတွက်လည်း အိမ်ကွင်းမှာ ကလင်းရှစ်ရခဲ့တဲ့အတွက် လေးပွဲဆက် ကလင်းရှစ်ဖြစ်လာခဲ့ကာ ၂၀၁၉ နောက်ပိုင်းပထမဆုံးအကြိမ် အိမ်ကွင်းခံစစ်ကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။

AZ-SportsGabar