ဗီအဲရာနဲ့ ရွိုင်ကိန်းရွေးချယ်ပေးလိုက်တဲ့ မန်ယူ-အာဆင်နယ်အသင်းရဲ့အကောင်းဆုံး ၁၁ ယောက်

ဒီနေ့ညမှာ ကစားမယ့် အာဆင်နယ်-မန်ယူပွဲက ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးဖို့ ရှိနေပါပြီ။ နောက်ဆုံးသုံးနှစ်အတွင်း အာဆင်နယ်ကို တကြိမ်မှ မနိုင်သေးတဲ့မန်ယူ၊ ရလဒ်တွေဆက်တိုက်ကောင်းနေတဲ့အာဆင်နယ်၊ တဖက်မှာတော့ အဝေးကွင်းလုံးဝမရှုံးသေးတဲ့ မန်ယူ၊ အမှတ်ပေးဇယားအဆင့်နှစ်ကို ရောက်နေတဲ့အသင်းဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ယှဉ်ကစားတော့မှာပါ။

အာဆင်နယ်အိမ်ကွင်းဖြစ်နေပေမဲ့ မန်ယူအဝေးကွင်းဖြစ်နေတဲ့အချက်က ပရိသတ်တွေကို ခန့်မှန်းရခက်စေပါတယ်။ ဘီဘီစီလော်ရိုးက အာဆင်နယ် (၂-၁)၊ မိုက်ကယ်အိုဝင်က (၁-၂)မန်ယူဆိုပြီး၊ ခန့်မှန်းထားတာတွေကလည်း ဝေခွဲရခက်စေပါတယ်။ ဒီအနေအထားမှာ လီဂျင်ဟောင်းကြီးနှစ်ယောက် အမုန်းမပွားဘဲ နှလုံးသားနဲ့ အကောင်းဆုံးရွေးူထားတဲ့အသင်းလေးကို ပြန်မိတ်ဆက်ပေးချင်ပါတယ်။

အခုဖော်ပြမယ့်အသင်းက ၂၀၁၃ ခုနှစ်မှာ သူတို့ကစားခဲ့တဲ့ သက်တမ်းအတွင်း အာဆင်နယ်-မန်ယူ အကောင်းဆုံး ၁၁ ယောက်ကို ရွေးထုတ်တာပါ။ နှစ်သင်းပေါင်းထဲကမှ အကောင်းဆုံး ၁၁ ယောက်ဖြစ်တဲ့အတွက် လူတိုင်းမပါနိုင်သလို ပရိသတ်အကြိုက်တွေလည်း မဟုတ်နိုင်ပါဘူး။ ဒီကြားထဲ ဆရာသမားနှစ်ယောက်ကသူတို့ကိုယ်သူတို့ အခုလိုပြန်ရွေးထားပါသေးတယ်။

ဂိုး-ပီတာရှမိုက်ကယ်၊ နောက်တန်း- လော်ရန်၊ အဒမ်၊ စတမ်၊ ဘယ်နောက်ခံနေရာမှာ သဘောထားမတူကြပါဘူး။ ရွိုင်ကိန်းက အာဝင်ကိုရွေးပြီး၊ ဗီအဲရာက အက်ရှ်လေကိုးကိုရွေးပါတယ်။ ကွင်းလယ်ကတော့ သူတို့နှစ်ယောက်ပါ။ ညာတောင်ပံမှာ ပီရက်စ်၊ ဘယ်တောင်ပံမှာ ရော်နယ်ဒို၊ တိုက်စစ်က ဟင်နရီ၊ ကန်တိုနာကိုရွေးချယ်ခဲ့ကြပါတယ်။

ဒီစာရင်းက ဗီအဲရာနဲ့ ရွိုင်ကိန်းရွေးထားတဲ့အကောင်းဆုံးဖြစ်တဲ့အတွက် အာဆင်နယ်-မန်ယူ ၁၁ ယောက်ထဲမှာ အကောင်းဆုံးဖြစ်ခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက ကစားသမားတွေကိုပဲရွေးထားတာကြောင့် ဒီဖက်ခေတ်အတွဲတချို့ မပါဝင်ခဲ့တာတော့ တွေ့နိုင်ပါတယ်။

AZ-SportsGabar