ကမ္ဘာ့အမြန်ဆုံးအသင်းနဲ့ အသန်မာဆုံးအသင်း ပြိုင်ကန်ရင် ဘယ်သူနိုင်မလဲ

အမြန်နဲ့ သန်မာမှုယှဉ်ရင် ဘယ်သူနိုင်မလဲ။ ဘောလုံးလောကမှာ ဒီမေးခွန်းကနည်းနည်းတော့ ရှင်းပါတယ်။ မြန်ဆန်လွန်းတဲ့ ကစားသမားတွေကို ထိန်းရသိမ်းရခက်ပါတယ်။ ဘောလုံးမှာ အရှိန်ကောင်းတဲ့ ကစားသမားတွေကို ရပ်တန့်ဖို့က ဥပဒေပနည်းနဲ့ဖြေရှင်းလို့ရပေမဲ့ နှစ်ဝါဆိုရင် တနီဆိုတာလည်း သတိထားရပါမယ်။

ဒီလိုမျိုး မေးခွန်းတွေအတွက် အဖြေက ကန်ကြည့်တာပါပဲ။ အပြင်မှာကန်လို့မရတဲ့အတွက် ဖီဖာ ၂၁ ဘောလုံးဂိမ်းမှာ အသင်းနှစ်သင်းဆောက်ပြီး၊ AI တွေကို ကန်ခိုင်းခဲ့ပါတယ်။ အရင်ဆုံး အမြန်နှုန်း အေကာင်းဆုံးအသင်းကို တည်ဆောက်လိုက်ပါတယ်။ ဖီဖာ ၂၁ ရဲ့ နေရာအလိုက် အမြန်ဆုံး ကစားသမားတွေပါ။

ဂိုး- မာဆစ်၊ နောက်တန်း- အယ်ဖွန်ဆိုဒါဗီး၊ လင်ဒ်ဗစ်၊ ဝှစ်နီစကီ၊ ဝေါ့ကာ၊ ကွင်းလယ်-လီယွန်ဘိုင်လီ၊ ဗယ်ဗာဒီ၊ ထရာအိုရေး၊ တိုက်စစ်- ဆာနေး၊ အမ်ဘာပေ၊ အူဘာမီယန်းတို့ကိုရွေးချယ်ခဲ့ပါတယ်။ အရှိန်နှုန်းမြင်တဲ့ ကစားသမားတွေပဲရွေးတာဖြစ်တဲ့အတွက် နေရာအတည်တကျတော့ရှိမှာမဟုတ်ပါဘူး။

Strength အား အကောင်းဆုံးအသင်းကိုရွေးရာမှာလည်း အခုလိုဖြစ်ခဲ့ပါတယ်။ ဂိုး-အော်တစ်ဇ်၊ နောက်တန်း-ပိုလန်တာ၊ ဂျာဝါတီချာ၊ ယူကာတစ်၊ မန်ဒက်စ်၊ ကွင်းလယ်-ကွန်ဒေါ့ဘီယာ၊ ဘိုယာ၊ ဂယ်ဗက်ဇ်၊ တိုက်စစ်- ဒိုက်ကီ၊ ပတ်တ်ကိုဗစ်၊ အကင်ဖန်ဝါ တို့ပါ။ ပြောခဲ့တဲ့ ကစားသမားတွေက ဖီဖာ ၂၁ ရဲ့အသန်မာဆုံးတွေပါ။

တကယ်တမ်းယှဉ်ကန်ချိန်မှာတော့ ထင်ထားတာထက် ပိုဆိုးခဲ့ပါတယ်။ တဖက်သတ်ဖြစ်နေခဲ့တဲ့အပြင် တိုက်စစ်က အူဘာ၊ အမ်ဘာပေတို့အတွက် ဂိုးသွင်းဖို့ သီးသန့်လိုဖြစ်လာခဲ့ပါတယ်။ (၇-ဝ)နဲ့ အပြတ်အသတ်ကို အမြန်ဆုံးအသင်းကအနိုင်ရခဲ့ကာ တဖက်အသင်းကိုလည်း ဂိုးပေါက်ခြိမ်းခြောက်ခွင့်တကြိမ်ပဲပေးခဲ့ပါတယ်။
ဒါကြောင့် ယေဘုယျအနေနဲ့ ဘောလုံးမှာ သန်မာမှုထက် အမြန်နှုန်းက ပိုအရေးပါတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။

AZ-SportsGabar