ရွေးချယ်ထားတဲ့ ၁၁ ယောက်ရှိပေမဲ့ တနှစ်လုံးကို အတူတူတခါမှပွဲမထွက်ခဲ့ရတဲ့ လီဗာပူး

လီဗာပူးအသင်းရဲ့ ဒဏ်ရာစာရင်းက ပရိသတ်တွေကို မထင်မှတ်ထားတဲ့ လူထုတ်ပုံတွေ မြင်တွေ့ခဲ့ရစေပါတယ်။ အသင်းရဲ့နောက်ခံလူတွေအပြင်၊ တိုက်စစ်၊ ကွင်းလယ်၊ ကစားသမားတွေအကုန်နီးပါး အလှည့်ကျဒဏ်ရာရနေခဲ့တာက နည်းပြကလော့ပ်လည်း ဟန်ဒါဆန်ကအစ နောက်တန်းကစားရစေတဲ့အထိဖြစ်စေခဲ့ပါတယ်။

ဒီလိုဒဏ်ရာရတွေများနေတဲ့အတွက် လီဗာပူးဖက်ကလည်း မတူညီတဲ့ လူစာရင်းတွေထပ်ခါတလဲလဲ သုံးခဲ့ရချိန်မှာ အသင်းရဲ့ပွဲထွက် ၁၁ ယောက်က ဘယ်သူတွေမှန်းမသိခဲ့ပါဘူး။ နောက်တန်းအတွဲမှာ ဂိုမက်၊ ဗန်ဒိုက်အတွဲက လီဗာပူးရဲ့အကောင်းဆုံး စာရင်းဆိုရင်လည်း လီဗာပူးရဲ့အင်အားအတောင့်ဆုံး ကစားကွက်ကအခုလိုဖြစ်နိုင်ပါတယ်။

ဂိုး- အလစ်ဆင်၊ နောက်တန်- ရောဘတ်ဆန်၊ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ အာနိုး၊ ကွင်းလယ် – ဟန်ဒါဆန်၊ ဖာဘင်ဟို၊ သီယာဂို၊ တိုက်စစ်- ဆာလား၊ ဖာမီနို၊ မာနေးတို့ပါ။ ဒီ ၁၁ ယောက်ကို အနီးဆုံး ပွဲထွက်နိုင်ခဲ့တာကလည်း တချိန်ပဲရှိပြီး၊ အဆိုပါအချိန်တုန်းကလည်း ဂိုးသမားက အက်ဒရီယန် ဖြစ်နေတဲ့အတွက် လီဗာပူးဟာ လူမစုံခဲ့ပါဘူး။

အခုလိုမျိုး Line up မှာ ဝှစ်ချ်နယ်ဒန်၊ နဘီကိတ်တာ မပါခဲ့တာက ကစားသမားတွေရဲ့ စာချုပ်ကိစ္စနဲ့ ဒဏ်ရာကိစ္စတွေကြောင့်ပါ။ သီယာဂိုမရောက်လာခင် လီဗာပူးရဲ့ ၁၁ ယောက်က ဂိုး-အလစ်ဆင်၊ နောက်တန်း- ရောဘတ်ဆန်၊ ဗန်ဒိုက်၊ ဂိုမက်၊ အာနိုး၊ ကွင်းလယ်- ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ဝှစ်ချ်နယ်ဒန်၊ ရှေ့တန်း- ဆာလား၊ မာနေး၊ ဖာမီနိုတို့ပါ။

အခုလိုမျိုး လူစုံမထုတ်နိုင်ဘဲ လီဗာပူးကန်လာတာဟာ နှစ်စကတည်းက ဖြစ်တဲ့အတွက် အမှတ်ပေးဇယားထိပ်တနေရာကို ရောက်နေခဲ့တာက နည်းပြကလော့ပ်ရဲ့အရည်အချင်းကိုမြင်သာစေပါတယ်။ ဒါ့အပြင် ဒီနှစ်ရာသီမှာ လီဗာပူးဟာ မတူညီတဲ့ ခံစစ်အတွဲစုစုပေါင်း ၁၆ တွဲအထိသုံးထားပြီး၊ မာတစ်၊ ဖာဘင်ဟို အတွဲက ပွဲချိန်အများဆုံး ဆော့ထားတယ်လို့ သိရပါတယ်။

AZ-SportsGabar