ကလော့ပ်လက်အောက်မှာ အတူတူတွဲကစားရင် သုံးယောက်လုံးစံချိန်ကိုယ်စီပိုင်ခဲ့တဲ့ ဆာလား၊ မာနေး၊ ဖာမီနို

စပါးကို (၁-၃) ရလဒ်နဲ့ လီဗာပူးတို့အနိုင်ရခဲ့ချိန်မှာ ဖာမီနို၊ မာနေးတို့ အသီးသီးဂိုးသွင်းယူခဲ့ကြပါတယ်။ အာနိုးလည်းဂိုးသွင်းယူခဲ့ကာ ဂိုးပြတ်နိုင်ပွဲတပွဲကို ပြတ်ပြတ်သားသားပုံဖော်နိုင်ခဲ့ပြီး၊ လီဗာပူးတို့ အနိုင်ရလဒ်နဲ့ ထိုက်ထိုက်တန်တန် ကစားသွားခဲ့ပါတယ်။

နိုင်ပွဲအပြင် ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုက လီဗာပူးပရိသတ်တွေကို ကြည်နူးစေမှာပါ။ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖာမီနိုဆိုရင် ကလပ်ရဲ့တသက်တာ သွင်းဂိုးအများဆုံး ကစားသမားထိပ်ဆုံး ၂၀ စာရင်းထဲကို ၈၄ ဂိုးနဲ့ ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

မာနေးကလည်းသူရဲ့သွင်းဂိုးကြောင့် ၉၁ ဂိုးအထိရှိလာပြီး၊ ကလပ်ရဲ့ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ အဆင့် ၁၉ အထိရှိလာပါတယ်။ နှစ်ယောက်လုံးဟာ နည်းပြကလော့ပ်လက်အောက်မှာ ကစားနေရင်းကမှ အခုလိုမျိုး ထိပ်ဆုံးအယောက် ၂၀ နေရာအထိ တက်လှမ်းလာနိုင်တာပါ။

ဆလားကတော့ ကလော့ပ်လက်အောက်မှာ စုစုပေါင်းသွင်းဂိုး ၁၁၃ ဂိုးအထိရှိထားပါပြီ။ တသက်တာ ဂိုးသွင်းသူစာရင်းမှာ အဆင့် ၁၅ အထိရှိနေပါတယ်။ လက်ရှိလီဗာပူးရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်ထားသူက အိုင်ရန် ရပ်ရှ် ၂၃၀ ဂိုးနဲ့ဖြစ်တဲ့အတွက် တော်တော်လေးတော့ လိုသေးတာတွေ့ရမှာပါ။

ဒါပေမဲ့ ဆာလားဟာ မကြာခင်မှာပဲ ထိပ်တန်းဂိုးသွင်းသူစာရင်းကို ဝင်ရောက်လာဖို့ရှိနေပါတယ်။ ၁-အိုင်ရန်ရပ်ရှ်-၂၃၀ဂိုး၊ ၂-ရော်ဂျာဟန့်-၁၆၈ ဂိုး၊ ၃-ရော်ဘီဖောင်လာ- ၁၂၈ ဂိုး၊ ၄-စတီဗင်ဂျာရတ်-၁၂၀ဂိုး၊ ၅-ကင်နီဒါးဂလစ်ရှ်၊ အိုဝင် -၁၁၈ ဂိုးဖြစ်တာကြောင့် နောက်ထပ် ၅ ဂိုးရတာနဲ့ ထိပ်ဆုံးငါးယောက်ထဲဝင်ရောက်လာဖို့ရှိနေပါတယ်။

AZ-SportsGabar