စူပါကွန်ပျူတာရဲ့တွက်ချက်မှုအရ ရာသီအကုန်မှာ ဗိုလ်စွဲမယ့်ပရီးမီးယားလိဂ်အသင်း

ပရီးမီးယားလိဂ်ရဲ့ဒီနှစ်ရာသီက တကယ့်ကို ခက်ခဲတာပရိသတ်တွေသိပြီးဖြစ်မှာပါ။ အမှတ်ပေးဇယားထိပ်မှာ ရောက်နေပေမဲ့ ဇယားအောက်ဆုံးကအသင်းကိုလည်းရှုံးနိုင်တဲ့အပြင် အသင်းတိုင်းက အကြိတ်အနယ်ယှဉ်ပြိုင်နေတာကြောင့် ပရိသတ်တွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရောက်မယ့် အသင်းတွေကိုခန့်မှန်းရတာက ခက်လာပါတယ်။

ထိပ်ဆုံး ခုနှစ်သင်းကြား အမှတ်ကွာဟချက်ကလည်း ၇ မှတ်ပဲရှိတဲ့အတွက် လက်ရှိအချိန်ထိ ဘာဖြစ်မလဲခန့်မှန်းရခက်နေချိန်မှာ ထုံးစံအတိုင်း စူပါကွန်ပျူတာက တွက်ချက်မှုလုပ်လာခဲ့ပါတယ်။ တခြားစူပါကွန်ပျူတာတွေနဲ့မတူဘဲ လတ်တလောဖြစ်နေတဲ့အသင်းရဲ့ ခြေစွမ်းတွေကို ခန့်မှန်းတဲ့ 538 ဆိုတဲ့ ဝက်ဘက်ဆိုက်ကြောင့် ပရိသတ်တွေအတွက် ရင်ခုန်ဖို့ ကောင်းလာပါတယ်။

သူတွက်ချက်တဲ့ပုံစံက အသင်းတိုင်းရဲ့ တိုက်စစ်နဲ့ ခံစစ်၊ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ထိပ်ကို ဘယ်လောက်တက်နိုင်မလဲဆိုတဲ့ အချက်တွေအပေါ် အခြေခံတွက်တာပါ။ ဥပမာ မန်စီးတီးအသင်းဆိုရင် တိုက်စစ် ၂.၈ နဲ့ ခံစစ် ဝ.၂ ရှိပြီး၊ တန်းဆင်းဖို့ ရာခိုင်နှုန်းဆိုရင် ၁ ရာခိုင်နှုန်းပဲရှိတဲ့အထိ အချက်အလက်တွေကောင်းပါတယ်။

ဗိုလ်စွဲဖို့ ရာခိုင်နှုန်း ၈၄ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်နေသလို အနီးဆုံးပြိုင်ဘက်လီဗာပူးထက်လည်း စွမ်းဆောင်ရည်အသာဖြစ်နေတာပါ။ ချန်ပီယံအဖြစ်လည်း စူပါကွန်ပျူတာက ခန့်မှန်းပေးထားပါတယ်။ ချန်ပီယံလိဂ်ဝင်မယ့်လေးသင်းကိုတော့ မန်စီးတီး၊ လီဗာပူး၊ မန်ယူနဲ့ လက်စတာလို့ခန့်မှန်းပေးထားတဲ့အတွက် စပါး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့အတွက် မစားသာပါဘူး။

တန်းဆင်းမယ့် အသင်းသုံးသင်းကိုတော့ ဖူလ်ဟမ်၊ ရှက်ဖီး၊ ဝက်စ်ဘရွန်းလို့ဆိုထားတဲ့အတွက် ဝက်စ်ဘရွန်းအသင်းအနေနဲ့ ဘစ်ဆမ်ကိုင်လည်း တန်းဆင်းသွားရမယ်လို့ ခန့်မှန်းထားတာဖြစ်နေပါတယ်။ အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ်လည်းမဝင်ဘဲ ဟိုမရောက်ဒီမရောက်ဖြစ်သွားမယ်လို့ ခန့်မှန်းထားတဲ့အတွက် စူပါကွန်ပျူတာရဲ့ခန့်မှန်းချက်တွေက ပြင်းထန်နေတယ်လို့ ဆိုနိုင်ပါတယ်

AZ-SportsGabar