အာဆင်နယ်-မန်ယူပွဲခန့်မှန်းချက်အပါအဝင် ပရီးမီးယားလိဂ်အပတ်စဉ် ၂၁ အတွက် ဘီဘီစီလော်ရိုးရဲ့ခန့်မှန်းချက်များ

အပတ်စဉ် ၂၀ အတွက် ကစားခဲ့တဲ့ပွဲစဉ်တွေက ပရိသတ်တွေမထင်မှတ်ထားတဲ့ ရလဒ်တွေနဲ့အတူ ပြီးဆုံးခဲ့ပါပြီ။ ရှက်ဖီးယူနိုက်တက်က မန်ယူနိုက်တက်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့တဲ့ပွဲတွေအပါဝင် လီဗာပူးရဲ့ ၂၀၂၁ ရာသီအစ ပရီးမီးယားလိဂ်နိုင်ပွဲပြန်ရခဲ့တာက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ရှုံးပွဲတွေ့မယ်လို့ အများစုခန့်မှန်းခဲ့တဲ့အာဆင်နယ်လည်းအနိုင်ရခဲ့တဲ့အတွက် တစ်စတာတွေရဲ့ ခန့်မှန်းချက်တွေက ပရိသတ်ကို အပြည့်အဝမှန်ကန်မှုမပေးနိုင်ခဲ့ပါဘူး။ ဒီတခေါက်မှာလည်း ပြီးခဲတဲ့အပတ်ကလို ခန့်မှန်းချက်တွေနဲ့ မကြာခင် ရောက်လာတော့မယ့် အပတ်စဉ် ၂၁ အတွက် ခန့်မှန်းချက်တွေကို ဘီဘီစီလော်ရိုးက ခန့်မှန်းပေးခဲ့ပါတယ်။

စနေနေ့မှာကစားမယ့်ပွဲစဉ် ၆ ပွဲကို အခုလိုမျိုး ခန့်မှန်းထားပါတယ်။ အဲဗာတန် ၂-၀ နယူးကာဆယ်၊ ပဲလေ့စ် ၁-၁ ဝုဗ်၊ မန်စီးတီး ၃-၀ ရှက်ဖီး၊ ဝက်စ်ဘရွန်း ၁-၂ ဖူလ်ဟမ်၊ အာဆင်နယ် ၂-၁ မန်ယူ၊ ဆောက်သမ်တန် ၂-၁ ဗီလာတို့ပါ။ အာဆင်နယ်-မန်ယူပွဲကို အာဆင်နယ်အနိုင်ပေးထားတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

တနင်္ဂနွေနေ့ကစားမယ့်ပွဲစဉ်တွေကိုတော့ ချဲလ်ဆီး ၂-၁ ဘန်လေ၊ လက်စတာ ၁-၂ လိဒ်၊ ဝက်စ်ဟမ်း ၁-၂ လီဗာပူး၊ ဘရိုက်တန် ဝ-၂ တော့တင်ဟမ်လို့ ဆိုထားပါတယ်။ သောမတ်တူချယ်လက်ထက် ချဲလ်ဆီးနိုင်ပွဲစတင်ရရှိမယ်ဆိုထားပြီး၊ လက်စတာကို လိဒ်က အနိုင်ကစားသွားမယ်လို့ ဆိုထားတာက စိတ်ဝင်စားဖို့ ကာင်းနေပါတယ်။

ခန့်မှန်းချက်အများစု ပြီးခဲ့တဲ့အပတ်က လွဲခဲ့တဲ့လော်ရိုးတယောက် အခုတပတ်မှာ မှန်ကန်တဲ့ခန့်မှန်းချက်တွေနဲ့ ပြန်လာမလားကတော့ စောင့်ကြည့်သွားရပါမယ်။ လီဗာပူးကို နှစ်ပွဲဆက်အနိုင်ပေးထားတာကလည်း ကလော့ပ်ရဲ့လီဗာပူးပြန်လာတော့မလား စောင့်ကြည့်ချင်စရာပါပဲ။

AZ-SportsGabar