ေနရွင္လိဂ္ဗိုလ္လုပြဲမွာေပၚတူဂီအတြက္ေခစြမ္းျပခဲ့ၾကတဲ့ကစားသမား(၃)ေယာက္

ေပၚတူဂီအသင္းကေတာ့ တနဂၤေႏြေန႔က ယွဥ္ျပိဳင္ကစားခဲ့တဲ့ေနရွင္လိဂ္ဗိုလ္လုပြဲမွာ နယ္သာလန္ကို (၁)ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ျပီး ခ်န္ပီယံဆုဖလားၾကီးကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေပၚတူဂီအသင္းဟာ နယ္သာလန္ကို ဗလင္စီယာကစားသမား ဂြန္ကာလိုဂုဒက္ရဲ႕ ဒုတိယပိုင္းသြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ျပီး၊ အိမ္ကြင္းပရိသတ္ေ႔ရွမွာက္မွာ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ မျဖစ္မေနခ်ီးက်ဴးရမယ့္သူေတြျဖစ္ျပီး ေပၚတူဂီအတြက္ အဓိကေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစားသမား (၃)ေယာက္ကိုေဖာ္ျပေပးသြားခ်င္ပါတယ္။

(၁) ဘရူႏိုဖာနန္ဒက္ (ကြင္းလယ္)

စပို႔တင္းလစၥဘြန္းအသင္းကြင္းလယ္ကစားသမား ဘရူႏိုဖာနန္ဒက္ကေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြ သူ႔ကိုဘာေၾကာင့္ စိတ္၀င္စားေနၾကသလဲဆိုတာကို အေကာင္းဆံုးသေျခစြမ္းေတြနဲ႔ သက္ေသျပသြားခဲ့သူျဖစ္ပါတယ္။ ဒီပြဲမွာ ဖာနန္ဒက္ဟာ ထိေရာက္တဲ့ ေဘာလံုးေပးပို႔မႈ (၃)ၾကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ျပီး၊ နယ္သာလန္ဂိုးေပါက္ကို (၆)ၾကိမ္ကန္သြင္းႏိုင္ခဲ့ကာ၊ ၾကားျဖတ္လုယူမႈ (၂)ၾကိမ္နဲ႔ ရွင္းထုတ္မႈ(၁)ၾကိမ္ကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ခံစစ္ကိုအၾကိမ္ၾကိမ္ဆင္းကူခဲ့တဲ့ ဖာနန္ဒက္ဟာ ဘနာဒိုေဆးလ္ဗားနဲ႔အေကာင္းဆံုးခ်ိတ္ဆက္ကစားႏိုင္ခဲ့ျပီး သူတို႔ႏွစ္ဦးရဲ႕ကြင္းလယ္အတြဲက ေပၚတူဂီရဲ႕အဓိက တိုက္စစ္ေမာင္းႏွင္အားလည္းျဖစ္ခဲ့ပါတယ္။

(၂) ဂြန္ကာလိုဂုဒက္ (တိုက္စစ္)

ဒီပြဲရဲ႕တစ္လံုးတည္းေသာ အႏိုင္ဂိုးရွင္ ဂြန္ကာလိုဂုဒက္ဟာ နယ္သာလန္ကစားသမားေတြနဲ႔ (၁၁)ၾကိမ္ေဘာလံုးယွဥ္လုခဲ့ရာမွာ (၅)ၾကိမ္ေအာင္ျမင္ခဲ့ပါတယ္။ ကြင္းလယ္က ေဆးဗားလ္၊ ဖာနန္ဒက္တို႔နဲ႔ နားလည္မႈရွိစြာ ခ်ိတ္ဆက္ကစားႏိုင္ခဲ့ျပီး နယ္သာလန္ခံစစ္ အလုပ္ရႈပ္ေစမယ့္ ထိုးေဖာက္မႈေတြကို အၾကိမ္ၾကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာသြင္းယူႏိုင္ခဲ့တဲ့အႏိုင္ဂိုးဟာဆိုရင္လည္း ဘနာဒိုေဆးလ္ဗားနဲ႔အေပးအယူျပဳလုပ္ျပီး သူ႔ရဲ႕ေနရာယူေကာင္းမြန္မႈနဲ႔ တိက်တဲ့ အဆံုးသတ္ကန္ခ်က္ေၾကာင့္ ရရွိခဲ့တာပဲျဖစ္ပါတယ္။

(၃) ဘနာဒိုေဆးလ္ဗား (ကြင္းလယ္)

ေပၚတူဂီရဲ႕အနာဂတ္အသင္းေခါင္းေဆာင္ျဖစ္လာဖို႔ ထင္ေၾကးေပးခံေနရတဲ့ ဘနာဒိုေဆးလ္ဗားဟာ နယ္သာလန္ကြင္းလယ္က ဒီေဂ်ာင္နဲ႔ အဓိကထိပ္တိုက္ရင္ဆိုင္ခဲ့ရေပမဲ့ သူ႔ရဲ႕အေတြ႕အၾကံဳေတြနဲ႔ ပြဲကို တည္တည္ျငိမ္ျငိမ္စိုးမိုးႏိုင္ခဲ့ပါတယ္။ ကစားေဖာ္ေတြအတြက္ အခြင့္အေရးမ်ားစြာကိုလည္း ဖန္တီးေပးႏိုင္ခဲ့ျပီး ေပၚတူဂီအသင္းရဲ႕ ႏိုင္ပြဲမွာ အဓိကအက်ဆံုးကစားသမားျဖစ္ခဲ့ပါတယ္။ ဂိုးရႏိုင္ေလာက္တဲ့ အခြင့္အေရး (၅)ၾကိမ္ကို ဖန္တီးႏိုင္ခဲ့ျပီး၊ ေအာင္ျမင္တဲ့ လိမ္ေခါက္ေက်ာ္ျဖတ္မႈ (၆)ၾကိမ္ရွိခဲ့ကာ၊ ေဘာလံုးဖ်က္ထုတ္မႈ (၂)ၾကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပေါ်တူဂီအသင်းကတော့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့နေရှင်လိဂ်ဗိုလ်လုပွဲမှာ နယ်သာလန်ကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ နယ်သာလန်ကို ဗလင်စီယာကစားသမား ဂွန်ကာလိုဂုဒက်ရဲ့ ဒုတိယပိုင်းသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး၊ အိမ်ကွင်းပရိသတ်ေ့ရှမှာက်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မဖြစ်မနေချီးကျူးရမယ့်သူတွေဖြစ်ပြီး ပေါ်တူဂီအတွက် အဓိကခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမား (၃)ယောက်ကိုဖော်ပြပေးသွားချင်ပါတယ်။

(၁) ဘရူနိုဖာနန်ဒက် (ကွင်းလယ်)

စပို့တင်းလစ္စဘွန်းအသင်းကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ကတော့ ပရီးမီးယားလိဂ်ကလပ်တွေ သူ့ကိုဘာကြောင့် စိတ်ဝင်စားနေကြသလဲဆိုတာကို အကောင်းဆုံးသခြေစွမ်းတွေနဲ့ သက်သေပြသွားခဲ့သူဖြစ်ပါတယ်။ ဒီပွဲမှာ ဖာနန်ဒက်ဟာ ထိရောက်တဲ့ ဘောလုံးပေးပို့မှု (၃)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး၊ နယ်သာလန်ဂိုးပေါက်ကို (၆)ကြိမ်ကန်သွင်းနိုင်ခဲ့ကာ၊ ကြားဖြတ်လုယူမှု (၂)ကြိမ်နဲ့ ရှင်းထုတ်မှု(၁)ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ခံစစ်ကိုအကြိမ်ကြိမ်ဆင်းကူခဲ့တဲ့ ဖာနန်ဒက်ဟာ ဘနာဒိုဆေးလ်ဗားနဲ့အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ကွင်းလယ်အတွဲက ပေါ်တူဂီရဲ့အဓိက တိုက်စစ်မောင်းနှင်အားလည်းဖြစ်ခဲ့ပါတယ်။

(၂) ဂွန်ကာလိုဂုဒက် (တိုက်စစ်)

ဒီပွဲရဲ့တစ်လုံးတည်းသော အနိုင်ဂိုးရှင် ဂွန်ကာလိုဂုဒက်ဟာ နယ်သာလန်ကစားသမားတွေနဲ့ (၁၁)ကြိမ်ဘောလုံးယှဉ်လုခဲ့ရာမှာ (၅)ကြိမ်အောင်မြင်ခဲ့ပါတယ်။ ကွင်းလယ်က ဆေးဗားလ်၊ ဖာနန်ဒက်တို့နဲ့ နားလည်မှုရှိစွာ ချိတ်ဆက်ကစားနိုင်ခဲ့ပြီး နယ်သာလန်ခံစစ် အလုပ်ရှုပ်စေမယ့် ထိုးဖောက်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာသွင်းယူနိုင်ခဲ့တဲ့အနိုင်ဂိုးဟာဆိုရင်လည်း ဘနာဒိုဆေးလ်ဗားနဲ့အပေးအယူပြုလုပ်ပြီး သူ့ရဲ့နေရာယူကောင်းမွန်မှုနဲ့ တိကျတဲ့ အဆုံးသတ်ကန်ချက်ကြောင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။

(၃) ဘနာဒိုဆေးလ်ဗား (ကွင်းလယ်)

ပေါ်တူဂီရဲ့အနာဂတ်အသင်းခေါင်းဆောင်ဖြစ်လာဖို့ ထင်ကြေးပေးခံနေရတဲ့ ဘနာဒိုဆေးလ်ဗားဟာ နယ်သာလန်ကွင်းလယ်က ဒီဂျောင်နဲ့ အဓိကထိပ်တိုက်ရင်ဆိုင်ခဲ့ရပေမဲ့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ပွဲကို တည်တည်ငြိမ်ငြိမ်စိုးမိုးနိုင်ခဲ့ပါတယ်။ ကစားဖော်တွေအတွက် အခွင့်အရေးများစွာကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းရဲ့ နိုင်ပွဲမှာ အဓိကအကျဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး (၅)ကြိမ်ကို ဖန်တီးနိုင်ခဲ့ပြီး၊ အောင်မြင်တဲ့ လိမ်ခေါက်ကျော်ဖြတ်မှု (၆)ကြိမ်ရှိခဲ့ကာ၊ ဘောလုံးဖျက်ထုတ်မှု (၂)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar