ရှက်ဖီးရဲ့ဦးဆောင်ဂိုး၊ မာရှယ်ရဲ့သွင်းဂိုးတွေအတွက် ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်လိုက်တဲ့ဆိုးလ်ရှား

ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်သွားတဲ့ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ လက်ရှိမှာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ (၁-၂)ရလဒ်နဲ့ ဇယားအောက်ဆုံးကအသင်းကို အမှတ်လိုနေချိန်မှာ ရှုံးခဲ့တာက မဖြစ်သင့်ပေမဲ့ ဆိုးလ်ရှားကိုယ်တိုင်ကလည်း အသင်းဟာ ရလဒ်ပဲရှုံးခဲ့တာလို့ ယူဆထားပါတယ်။

အထူးသဖြင့် ရှက်ဖီးယူနိုက်တက်ရဲ့ ပထမဆုံးဦးဆောင်ဂိုးနဲ့ ချေပဂိုးအဖြစ် မာရှယ်ရခဲ့တဲ့ဂိုးတွေဟာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေကြောင့် ပြောင်းလဲသွားတယ်လို့ိဆိုးလ်ရှားကယူူဆနေတာပါ။ ရှက်ဖီးယူနိုက်တက်ရသွားတဲ့ ဦးဆောင်ဂိုးမှာ ကီရန်ဘရိုင်ယန် ရှက်ဖီးအတွက်ခေါင်းတိုက်ဘောသွင်းသွားချိန်၊ အခုလိုဂိုးကိုခွင့်ပြုခဲ့ရတာက ဒီဂီယာကိုဖောင်းဘောလုပ်ထားတာကြောင့်လို့ဆိုးလ်ရှားကယူဆထားပါတယ်။

ရှက်ဖီးကစားသမား ဘီလီရှက်ပ်က ဒီဂီယာကိုဘော်ဒီခုလိုက်ပြီး၊ ဒီဂီယာမမြင်ရတော့ချိန်မှာ ကီရန်ဘရိုင်ယန်က ခေါင်းတိုက်သွင်းသားတာကို ဒိုင်လူကြီးက ဖောင်းဘောမသတ်မှတ်ခဲ့တာကြောင့်လို့ ယူဆထားပါတယ်။ နောက် ဦးဆောင်ဂိုးပေးလိုက်ရပြီး၊ ၇ မိနစ်အကြာ မိနစ် ၃၀ မှာ အလားအတူအဖြစ်အပျက်မျိုးပဲ ရှက်ဖီးဂိုးသမားနဲ့ လင်ဒီလော့ဖ်တို့ကြားဖြစ်ခဲ့ပါတယ်။

ဒိုင်က လင်ဒီလော့ဖ်ဖောင်းလုပ်ခဲ့တယ်လို့ယူဆလိုက်ကာ မာရှယ်သွင်းလိုက်တဲ့ ချေပဂိုးကိုမပေးခဲ့ပါဘူး။ ပွဲအပြီး အဲဒီအဖြစ်အပျက်နှစ်ခုကို ဒိုင်ဆုံးဖြတ်ချက်တွေမှန်လားမမှန်လားကိုဆိုးလ်ရှားကအခုလိုဖြေသွားခဲ့ပါတယ်။ ” ပထမဆုံးသွင်းလိုက်တဲ့ဂိုးက လုံးဝဖောင်းဘောပါ။ ဘီလီရှက်ပ်က ဒီဂီယာဆီကိုပြေးဝင်ပြီးလာတယ်။ လာတဲ့အတွက် ဒီဂီယာမခုန်နိုင်တော့ဘူး။ ဒါဆိုရင် အဲဒါက ဖောင်းဘောပဲ”

” မာရှယ်ရဲ့သွင်းဂိုးမှာကျတော့ ဖောင်းဘောမဟုတ်ဘူး။ လင်ဒီလော့ဖ်က ဖောင်းမလုပ်ခဲ့ဘူး။ ဒီဆုံးဖြတ်ချက်အမှားနှစ်ကခု ဒိုင်လူကြီးရဲ့အမှားတွေပဲ။ “လို့ ဆိုခဲ့ပါတယ်။ ပွဲချိန်တွင်းမှာ ကွင်းလယ်ဒိုင်က ရှက်ဖီးရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ကာ မာရှယ်ရဲ့ဂိုးကိုတော့ ခွင့်မပြုခဲ့ပါဘူး။ အဆုံးသတ်မှာ 74 မိနစ်အရောက် အိုလီဗာ ဘရူကီက ရှက်ဖီးအတွက်အနိုင်ဂိုးသွင်းပေးသွားပြီး၊ မန်ယူနိုက်တက်တို့ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ပါတယ်။

AZ-SportsGabar