ဆယ်စုနှစ်ရဲ့အကောင်းဆုံး ဘောလုံးအသင်းမှာ ပရီးမီးယားလိဂ်ကစားသမားတယောက်ပဲပါဝင်

အမျိုးသားဘောလုံးအသင်းရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းကို IFFHS ကနေ ရွေးချယ်ခဲ့ပါတယ်။ စွမ်းဆောင်ရည်အချက်အလက်နဲ့ ကစားသမားရဲ့ခြေစွမ်းအရ အသင်းမှာအလုပ်အဖြစ်ဆုံး ကစားသမားတွေကို ရွေးတာဖြစ်တဲ့အတွက် ဒီစာရင်းမှာပါဝင်တဲ့ ၁၁ ယောက်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအဖြစ်သတ်မှတ်ကြပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ်ထဲက အကောင်းဆုံးတွေဆိုပေမဲ့ ပရိသတ်တွေအတွက်တော့ အမြင်ကွဲလွဲမှုတွေရှိမှာပါ။ (၄-၃-၃) ကစားကွက်နဲ့ ရွေးချယ်တဲ့အတွက် တချို့နေရာက ကစားသမားတွေလည်းမပါခဲ့ပါဘူး။ ဂိုးသမားနေရာမှာ နူအာ၊ နောက်တန်း- ဖိလစ်လမ်း၊ ရာမို့စ်၊ ဗန်ဒိုက်၊ မာဆယ်လို၊ ကွင်းလယ်- တိုနီခရုစ်၊ မိုဒရစ်၊ အင်နီယေစတာ၊ တိုက်စစ်- မက်ဆီ၊ လီဝမ်ဒေါစကီး၊ ရော်နယ်ဒို။

ဒီစာရင်းအရဆိုရင် နောက်တန်းမှာ ဗန်ဒိုက်တယောက်ပဲ လောလောလတ်လတ် ခြေစွမ်းထိုးတက်လာတဲ့ ကစားသမားတွေထဲပါလာခဲ့ပါတယ်။ ပီကေးမပါခဲ့သလို တိုက်စစ်က ဆွာရက်၊ နေမာ၊ ဇလာတန်၊ ရော်ဘင်၊ ရီဘာရီတို့လို ကစားသမားတွေလည်းမပါလာခဲ့ပါဘူး။ မက်ဆီ၊ ရော်နယ်ဒို ကိုမဖြစ်မနေ ရွေးခဲ့ရတဲ့အတွက် နေရာလစ်လပ်သွားတာလည်းဖြစ်နိုင်ပါတယ်။

လိဂ်အရကြည့်မယ်ဆိုရင်တော့ လက်ရှိပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားဆိုလို့ ဗန်ဒိုက်တယောက်ပဲ ရှိခဲ့ပါတယ်။ မိုဒရစ်၊ ရော်နယ်ဒို တို့လို ကစားဖူးတဲ့သူတွေရှိပေမဲ့ အများစုက လာလီဂါနဲ့ ဘွန်ဒက်လီဂါမှာ ကစားတဲ့ ကစားသမားတွေဖြစ်နေတာကလည်း အံ့အားသင့်ဖွယ်အချက်ဖြစ်နေပါတယ်။ ဒါ့အပြင် ဇာဗီမပါဘဲ အင်နီယေစတာပဲပါတာကထူးဆန်းနေပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အကောင်းဆုံး ကစားသမားတွေလို့ ညွန်းဆိုထားတဲ့အတွက် တကယ်ပဲ ထိုက်တန်ခဲ့ရဲ့လားကတော့ ပရိသတ်လည်း ဝေဖန်သွားနိုင်ပါတယ်။

AZ-SportsGabar