သတင်းထွက်နေတဲ့အတိုင်း ကစားသမား ၃ ဦးထပ်ဝယ်ပေးခဲ့ရင် ဥရောပအတောင့်တင်းဆုံးဖြစ်လာနိုင်တဲ့ တူချယ်ရဲ့ချဲလ်ဆီး

ချဲလ်ဆီးနဲ့ လမ်းပတ်တို့လမ်းခွဲပြီးနောက် နည်းပြသစ်ဖြစ်လာတဲ့ တူချယ်ကို ၁၈ လကြာစာချုပ်နဲ့ခန့်အပ်ခဲ့ပါတယ်။ လိုအပ်ရင် ချဲလ်ဆီးဖက်က စာချုပ်သက်တမ်းတိုးခွင့်ပါတဲ့အနေအထားနဲ့ ချုပ်တာဖြစ်တဲ့အတွက် တူချယ်စွမ်းဆောင်ရည်ကောင်းရင် ရေရှည်လက်တွဲဖို့ ချဲလ်ဆီးကအလိုရှိနေပါတယ်။

တဖက်မှာတော့ ၁၈ လပဲ ချုပ်ထားတာက တူချယ်နဲ့ချဲလ်ဆီးကြား ယုံကြည်မှု သိပ်မကောင်းသေးတာလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အတွင်းပိုင်းရေးရာ သဘောတူညီထားတဲ့အချက်တွေအရ တူချယ်ဟာ လမ်းပတ်ရဲ့လုပ်ငန်းစဉ်ကို ဆက်သွားရမယ်လို့သတင်းထွက်နေပါတယ်။ လမ်းပတ်စထားခဲ့တဲ့ ပေါင်သန်း ၂၀၀ ကျော် စီမံကိန်းက မပြီးဆုံးသေးပါဘူး။

ဂီရောက်၊ အေဗရာဟမ်တို့နဲ့အလုပ်မဖြစ်တော့မဲ့ ဗဟိုတိုက်စစ်၊ ဂျော်ဂျင်ဟို၊ ဒရင့်ဝါးတား၊ ဘာကလေတို့နဲ့မဟုတ်တဲ့ ကွင်းလယ်ကစားသမား၊ လမ်းပတ်ရဲ့ သီယာဂိုဆေးလ်ဗားစတဲ့နေရာတွေကို နောက်လာမယ့်ဈေးကွက်တွေမှာ လူခေါ်ဖို့ စီစဉ်ထားပြီးသားပါ။ တူချယ်ကိုလည်း လမ်းပတ်ကို ငွေထုတ်ပေးခဲ့သလိုမျိုး ဇလာတန်က ငွေထုတ်ပေးဖို့ ရှိနေပါတယ်။

နောက်ထပ် ဘတ်ဂျတ်အမြင့်တွေပဲ ဖြစ်လာနိုင်ချေရှိနေတဲ့အတွက် တူချယ်ရှိနေတုန်း တိုက်စစ်မှာ ဟာလန်း၊ ကွင်းလယ်မှာ တပည့်ဟောင်း ဗာရက်တီ၊ လက်ရှိဂျာမန်မြေမှာ ခြေစွာနေတဲ့ အူပါမီကာနို သုံးဦးသားအတွက် ဘတ်ဂျတ်တွေထပ်သုံးလာဖို့ရှိနေပါတယ်။ ဒါဆိုရင်တော့ အနာဂတ်ချဲလ်ဆိးအသင်းဟာ အခုလိုဖြစ်သွားမှာပါ။

ဂိုး- ကီပါ၊ မန်ဒီ၊ နောက်တန်း- ဘင်ချီဝယ်၊ အူပါမီကာနို၊ ရူဒီကာ၊ ရီးစ်ဂျိမ်း၊ ကွင်းလယ်-ကန်တေ၊ ဗာရက်တီ၊ တောင်ပံ- ဝါနာ၊ ဇီယက်၊ ကွင်းလယ်တိုက်စစ်- ဟာဗက်၊ တိုက်စစ်မှူး- ဟာလန်းတို့နဲ့ပါ။ ကိုင်ဟာဗက်အလုပ်ပြန်ဖြစ်လာမယ့်အပြင် ပူလီဆစ်၊ အေဗရာဟမ်၊ အိုဒွိုင်စတဲ့ ကစားသမားတွေအကုန်လုံးကို အသုံးချနိုင်မယ့် ကစားကွက်လည်းဖြစ်ပါတယ်။ ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်အပေါ်ကြည့်ပြီး၊ တူချယ်ကို ယုံကြည်မှုပေးမလားကတော့ စိတ်ဝင်စားစရာပါပဲ။

AZ-SportsGabar