နံနက်ပိုင်းအားကစားသတင်းတိုများ (၂၇.၁.၂၀၂၀)

၀က်စ်ဘရွန်းအသင်းကို ဝ-၅ ရလဒ်နဲ့အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဂွမ်ဒိုဂန်ခြေစွမ်းပြနှစ်ဂိုးသွင်းနိုင်ခဲ့ပြီး၊ ခြေစွမ်းဆက်နေတဲ့ ကန်ဆယ်လိုလည်း ဂိုးရခဲ့ကာ မန်စီးတီးတို့ ၁၉ ပွဲကစား ၄၁ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

နည်းပြလမ်းပတ်ကို ထုတ်ပယ်ပြီးချိန်မှာ သတင်းထွက်နေခဲ့တဲ့အတိုင်း သောမတ်တူချယ်ကို နည်းပြအဖြစ် ချဲလ်ဆီးတို့ခန့်အပ်နိုင်ခဲ့ပါတယ်။ ထရိန်နင် စမောင်းနေပြီဖြစ်တဲ့အတက် ဝုဗ်နဲ့ပွဲစဉ်ကစလို့ တာဝန်ယူကိုင်တွယ်မှာဖြစ်တဲ့အပြင် စာချုပ်ချုပ်ဆိုခဲ့တာက ၁၈ ကြာနှစ်ဦးသဘောတူညီမှုနဲ့လို့ သိရပါတယ်။

အင်တာမီလန်နဲ့ အေစီမီလန်တို့ ကစားခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်ကတော့ ၂-၁ နဲ့အတူ အင်တာမီလန်တို့အနိုင်ရခဲ့ပါတယ်။ အီဗရာဟီမိုဗစ်ချ်ရဲ့ဦးဆောင်ဂိုးနဲ့ အေစီတို့အသာစီးထားနိုင်ခဲ့ပေမဲ့ ၅၈ မိနစ်မှာ မိုဗစ်ချ်အထုတ်ခံရခြင်းနဲ့အတူ အင်တာတို့နောက်ကျချေပဂိုးအနိုင်ဂိုးတွေသွင်းယူကာ အနိုင်ရသွားခဲ့ပါတယ်။

အူဘာမီယန်းမပါဝင်နိုင်တဲ့ အာဆင်နယ်ဟာ ဆောက်သမ်တန်ကို အက်ဖ်အေဖလားမှာရှုံးထားတဲ့ ရှုံးကြွေးကို ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချေဖျက်နိုင်ခဲ့ပါတယ်။ ၁-၃ ရလဒ်မှာ နီကိုလပ်ပေပေ၊ ဆာကာ၊ လာကာတို့ ဂိုးမြူးခဲ့ပြီး၊ ဆီဒရစ်ဆိုရေး အထူးခြေစွမ်းပြခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကို အကြိတ်အနယ်ကစားပြီး၊ အနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်းကတော့ (၂-၃)ရလဒ်နဲ့အတူ အမှတ်ပေးဇယား အဆင့် ၄ ကိုရောက်လာခဲ့ပါတယ်။ ကွင်းလယ်လူဆိုဆက် ခြေစွမ်းပြခဲ့သလို တဦးတည်း ၂ ဂိုးသွင်းယူခဲ့ကာ နိုင်ပွဲကိုအဓိက ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ စာချုပ်သက်တမ်းကုန်ကာနီးနေတဲ့ ဒီမာရီယာကို စပါးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ကစားသမားကို အသင်းမှာပွဲထွက်ခွင့်ပေးဖို့နဲ့ ဂါရတ်ဘေးလ်အလွန်အသင်းမှာဆက်ထားဖို့စီစဉ်နေပြီး၊ ဒီမာရီယာကလည်း စဉ်းစားနေပြီလို့ သိရပါတယ်။

AZ-SportsGabar