လူကာကူအသင္းကထြက္ခြာခ့ဲရင္မန္ယူႏိုက္တက္ေခၚယူသင့္တ့ဲတိုက္စစ္မွဴး(၃)ဦး

ပရီးမီးယားလိဂ္(၂၀၁၈-၁၉)ေဘာလံုးရာသီကေတာ့တရား၀င္ျပီးဆံုးသြားခ့ဲပါျပီ။ ဒီရာသီမွာရလဒ္ပိုင္းေတြဆိုးရြားခ့ဲတ့ဲမန္ယူႏိုက္တက္အတြက္ကေတာ့ အဆင့္ေျခာက္နဲ႔သာ ရာသီသိမ္းခ့ဲျပီး၊ အေျခအေနေတြယိမ္းယိုင္ခ့ဲပါတယ္။ ဒါ့ေၾကာင့္ အသင္းကိုျပန္လည္တည္ေဆာက္ဖို႔ျပင္ဆင္ေနျပီး၊ နည္းျပဆိုးလ္ရွားအတြက္ေတာ့ ယခုႏွစ္ေႏြရာသီဟာ တကယ့္ကိုအလုပ္ရႈပ္တ့ဲ ေႏြရာသီတစ္ခုျဖစ္ေနခ့ဲပါတယ္။

မန္ယူႏိုက္တက္အသင္းဟာ ေနရာစံုမွာ ကစားသမားေကာင္းတစ္ေယာက္လိုအပ္ေနတ့ဲအေနအထားမ်ိဳးျဖစ္ေနျပီး၊ ဒီလိုအေျခအေနမွာ အသင္းရဲ႕တိုက္စစ္မွဴး လူကာကူက အသင္းကေနထြက္ခြာမယ္လို႔ သတင္းေတြထြက္လာခ့ဲတာျဖစ္ပါတယ္။ အကယ္လို႔ လူကာကူအသင္းကေနထြက္ခြာျဖစ္ခ့ဲမယ္ဆိုရင္ သူ႔ေနရာမွာအစားထိုးဖို႔ မန္ယူႏိုက္တက္ေခၚယူသင့္တ့ဲ တိုက္စစ္မွဴး(၃)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။

#၃ ေမာ္ရို အိုင္ကာဒီ(အင္တာမီလန္)
လူကာကူထြက္ခြာခ့ဲရင္ ဆိုးလ္ရွားဟာ သူေခၚယူမယ့္ကစားသမားစာရင္းမွာ ကမာၻ႔အဆင့္တိုက္စစ္မွဴးတစ္ဦးကိုထည့္သြင္းေခၚယူဖို႔ လုပ္ႏိုင္ပါတယ္။ အသင္းမွာရွိတ့ဲရက္စ္ဖို႔က အရမ္းငယ္ေသးတာေၾကာင့္ အသင္းရဲ႕ဂိုးရရွိဖို႔တာ၀န္ကို လံုးလံုးပံုအပ္လိုက္ဖို႔မျဖစ္ႏိုင္ပါဘူး။ မန္ယူႏိုက္တက္အေနနဲ႔အေတြအျကံဳရွိတ့ဲထိပ္တန္းအဆင့္တိုက္စစ္မွဴးတစ္ဦးကိုေခၚယူဖို႔လိုအပ္ေနပါတယ္။ ဒါ့ေၾကာင့္ အိုက္ကာဒီဟာ မန္ယူႏိုက္တက္ေခၚယူစာခ်ဳပ္ခ်ဳပ္ဖုိ႔လိုအပ္ေနတ့ဲကစားသမားမ်ိဳးလည္းျဖစ္ျပီး၊ သူ႔မွာ မန္ယူႏိုက္တက္လိုအပ္ေနတ့ဲ ကြင္းအတြင္းဦးေဆာင္မႈေပးႏိုင္တ့ဲ အသင္းေခါင္းေဆာင္တစ္ေယာက္ရဲ႕စြမ္းေဆာင္ရည္ေတြလည္းရွိေနပါတယ္။ အကယ္လို႔ မန္ယူႏိုက္တက္ကေနလူကာကူထြက္ခြာမယ္ဆိုရင္ သူ႔ေနရာမွာအစားထိုးဖို႔ အိုက္ကာဒီဟာႏွစ္ခါျပန္မစဥ္းစားပဲေခၚယူသင့္တ့ဲ ကစားသမားမ်ိဳးျဖစ္ပါတယ္။

#၂ အန္တိုနီယုိ ဂရစ္မန္း( အက္သလက္တီကိုမက္ဒရစ္)
လူကာကူေနရာမွာအစားထိုးဖို႔ေနာက္ထပ္သင့္ေတာ္တ့ဲတိုက္စစ္မွဴးတစ္ဦးကေတာ့ အက္သလက္တီကိုကေနယခုႏွစ္ေႏြရာသီမာထြက္ခြာမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခ့ဲတ့ဲ ဂရစ္မန္းပဲျဖစ္ပါတယ္။ ဂရစ္မန္းရဲကေျခစြမ္းပိုင္းဟာ ကမာၻ႕အဆင့္အေနအထားမွာရွိေနျပီး၊ မန္ယူႏိုက္တက္သာေခၚယူႏိုင္ခ့ဲမယ္ဆိုရင္ နည္းျပဆိုးလ္ရွားရဲ႕လက္ေအာက္မွာအလ်င္အျမန္အသားက်လာႏိုင္တ့ဲကစားသမားမ်ိဳးလည္းျဖစ္ပါတယ္။ ေရွ႕တန္းတိုက္စစ္ပိုင္းမွာေနရာစံုကစားႏိုင္တ့ဲအတြက္ေၾကာင့္ ဂရဏ္မန္းဟာလည္းလူကာကုရဲ႕ေနရာမွာအစားထိုးဖို႔ သင့္ေတာ္တ့ဲ ကစားသမားတစ္ဦးျဖစ္ေနပါတယ္။

#၁ ေမာ့ဆာ ဒမ္ဘီလီ(လိုင္ယြန္)
ဒမ္ဘီလီဟာ အသက္(၂၂)ႏွစ္သာရွိေသးျပီးေတာ့ ဒီရာသီမွာ လိုင္ယြန္အသင္းအတြက္သြင္းဂိုး(၂၀)သြင္းယူေပးထားႏိုင္ခ့ဲပါတယ္။ လ်င္ျမန္တ့ဲေျပးအားေတြနဲ႔သူ႕ရဲ႕ၾကံ႕ခိုင္မႈေကာင္းမြန္မႈေတြက ပရီးမီးယားလိဂ္လို ၾကံ႕ခိုင္မႈအသားေပးတ့ဲေနရာမ်ိဳးမွာ လူကာကူရဲ႕ေနရာကို လ်င္လ်င္ျမန္ျမန္အစားထိုးသြားႏိုင္ဖြယ္ရွိေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လူကာကူအသင်းကထွက်ခွာခဲ့ရင်မန်ယူနိုက်တက်ခေါ်ယူသင့်တဲ့တိုက်စစ်မှူး(၃)ဦး

ပရီးမီးယားလိဂ်(၂၀၁၈-၁၉)ဘောလုံးရာသီကတော့တရားဝင်ပြီးဆုံးသွားခဲ့ပါပြီ။ ဒီရာသီမှာရလဒ်ပိုင်းတွေဆိုးရွားခဲ့တဲ့မန်ယူနိုက်တက်အတွက်ကတော့ အဆင့်ခြောက်နဲ့သာ ရာသီသိမ်းခဲ့ပြီး၊ အခြေအနေတွေယိမ်းယိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အသင်းကိုပြန်လည်တည်ဆောက်ဖို့ပြင်ဆင်နေပြီး၊ နည်းပြဆိုးလ်ရှားအတွက်တော့ ယခုနှစ်နွေရာသီဟာ တကယ့်ကိုအလုပ်ရှုပ်တဲ့ နွေရာသီတစ်ခုဖြစ်နေခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နေရာစုံမှာ ကစားသမားကောင်းတစ်ယောက်လိုအပ်နေတဲ့အနေအထားမျိုးဖြစ်နေပြီး၊ ဒီလိုအခြေအနေမှာ အသင်းရဲ့တိုက်စစ်မှူး လူကာကူက အသင်းကနေထွက်ခွာမယ်လို့ သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ အကယ်လို့ လူကာကူအသင်းကနေထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူ့နေရာမှာအစားထိုးဖို့ မန်ယူနိုက်တက်ခေါ်ယူသင့်တဲ့ တိုက်စစ်မှူး(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

#၃ မော်ရို အိုင်ကာဒီ(အင်တာမီလန်)
လူကာကူထွက်ခွာခဲ့ရင် ဆိုးလ်ရှားဟာ သူခေါ်ယူမယ့်ကစားသမားစာရင်းမှာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးကိုထည့်သွင်းခေါ်ယူဖို့ လုပ်နိုင်ပါတယ်။ အသင်းမှာရှိတဲ့ရက်စ်ဖို့က အရမ်းငယ်သေးတာကြောင့် အသင်းရဲ့ဂိုးရရှိဖို့တာဝန်ကို လုံးလုံးပုံအပ်လိုက်ဖို့မဖြစ်နိုင်ပါဘူး။ မန်ယူနိုက်တက်အနေနဲ့အတွေအကြုံရှိတဲ့ထိပ်တန်းအဆင့်တိုက်စစ်မှူးတစ်ဦးကိုခေါ်ယူဖို့လိုအပ်နေပါတယ်။ ဒါ့ကြောင့် အိုက်ကာဒီဟာ မန်ယူနိုက်တက်ခေါ်ယူစာချုပ်ချုပ်ဖို့လိုအပ်နေတဲ့ကစားသမားမျိုးလည်းဖြစ်ပြီး၊ သူ့မှာ မန်ယူနိုက်တက်လိုအပ်နေတဲ့ ကွင်းအတွင်းဦးဆောင်မှုပေးနိုင်တဲ့ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့စွမ်းဆောင်ရည်တွေလည်းရှိနေပါတယ်။ အကယ်လို့ မန်ယူနိုက်တက်ကနေလူကာကူထွက်ခွာမယ်ဆိုရင် သူ့နေရာမှာအစားထိုးဖို့ အိုက်ကာဒီဟာနှစ်ခါပြန်မစဉ်းစားပဲခေါ်ယူသင့်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။

#၂ အန်တိုနီယို ဂရစ်မန်း( အက်သလက်တီကိုမက်ဒရစ်)
လူကာကူနေရာမှာအစားထိုးဖို့နောက်ထပ်သင့်တော်တဲ့တိုက်စစ်မှူးတစ်ဦးကတော့ အက်သလက်တီကိုကနေယခုနှစ်နွေရာသီမာထွက်ခွာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဂရစ်မန်းပဲဖြစ်ပါတယ်။ ဂရစ်မန်းရဲကခြေစွမ်းပိုင်းဟာ ကမ္ဘာ့အဆင့်အနေအထားမှာရှိနေပြီး၊ မန်ယူနိုက်တက်သာခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာအလျင်အမြန်အသားကျလာနိုင်တဲ့ကစားသမားမျိုးလည်းဖြစ်ပါတယ်။ ရှေ့တန်းတိုက်စစ်ပိုင်းမှာနေရာစုံကစားနိုင်တဲ့အတွက်ကြောင့် ဂရဏ်မန်းဟာလည်းလူကာကုရဲ့နေရာမှာအစားထိုးဖို့ သင့်တော်တဲ့ ကစားသမားတစ်ဦးဖြစ်နေပါတယ်။

#၁ မော့ဆာ ဒမ်ဘီလီ(လိုင်ယွန်)
ဒမ်ဘီလီဟာ အသက်(၂၂)နှစ်သာရှိသေးပြီးတော့ ဒီရာသီမှာ လိုင်ယွန်အသင်းအတွက်သွင်းဂိုး(၂၀)သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ လျင်မြန်တဲ့ပြေးအားတွေနဲ့သူ့ရဲ့ကြံ့ခိုင်မှုကောင်းမွန်မှုတွေက ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှုအသားပေးတဲ့နေရာမျိုးမှာ လူကာကူရဲ့နေရာကို လျင်လျင်မြန်မြန်အစားထိုးသွားနိုင်ဖွယ်ရှိနေပါတယ်။

Sirဇော်ကြီး@SportsGabar