ထရိန်နင်မှာ အလုပ်ပိုကြိုစားကြတဲ့ အသင်းဖော်လေးဦးနဲ့ ဖရီးကစ် စပါရှယ်လစ်သုံးဦးရှိကြောင်း ဖာနန်ဒက်ဝံ့ကြွား

ဘရူနိုဖာနန်ဒက်ရဲ့ လီဗာပူးနဲ့ပွဲက ဖရီးကစ်ကို ပရိသတ်တွေ မှတ်မိနေဦးမှာပါ။ (၃-၂)ပွဲရဲ့အနိုင်ဂိုးဖြစ်ခဲ့သလို ကန်ချက်က လှပသေသပ်လွန်းတဲ့အတွက် ပရိသတ်တွေကြားရေပန်းစားခဲ့ပြီး၊ ချီးကျူးခံခဲ့ရပါတယ်။ ဒီဖရီးကစ်အတွက် ဖာနန်ဒက်တယောက် ဘယ်လိုကြိုးစားခဲ့ရသလဲနဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေရှိမလားကို ပရိသတ်တွေ သိချင်လာချိန်မှာ MUTV ကလည်း ချိန်သားကိုက် အင်တာဗျူးလုပ်ခဲ့ပါတယ်။

ဖာနန်ဒက်အနေနဲ့ ထရိန်နင်မှာ လေ့ကျင့်ဖြစ်လားဆိုတဲ့ မေးခွန်အပေါ် ခပ်ပါးပါးလေးဖြေသွားခဲ့ပြီး၊ တခြားအသင်းဖော်တွေကိုပါ ထုတ်ကြွားခဲ့ပါတယ်။ ” ကျွန်တော်ဖရီးကစ်လေ့ကျင့်တာကတော့ နေ့တိုင်းလိုလိုပါပဲ။ တခါတလေဆိုရင် ဆိုးလ်ရှားကတောင် ထရိနင်ကိုရပ်တော့ဆိုပြီး၊ ကန်တောင်ထုတ်ရတဲ့အထိပဲ။ ကျွန်တော် အဲဒီလိုပုံစံကန်ချက်မျိုးတွေကို အမြဲလိုလိုကျင့်ဖြစ်တယ်။”

“ကျွန်တော် သူများကန်တာကြည့်ရတာကြိုက်တဲ့အပြင် မာတာဆီကနေအများဆုံး သင်ယူဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ထင်တယ် မာတာက ကတယ့်ကို တော်တဲ့ စပါယ်ရှစ်လစ်တယောက်ပဲ။ ထရိန်နင်မှာ ကျွန်တော်နဲ့သူနဲ့ အများဆုံးရှိဖြစ်တာများတယ်။ ကျွန်တော်နဲ့ မာတာက အချိန်အကြာဆုံးနေတာများတယ်။ နောက်ပြီး၊ ရက်ရှ်ဖို့ဒ်၊ အဲလက်စ်တဲလက်စ်၊ ဖရက်ဒ်သုံးဦးသားပေါ့’

” ဖရီးကစ်တွေ ကစ်မယ်ဆိုရင် အရှည်ဘောတွေဆိုရင် ရက်ရှ်ဖို့ဒ်ပေါ့။ သူ့အတွက်က အဝေးကြီးက ကန်ရလည်း အေးဆေးပဲ။ ကျွန်တော့်အတွက်ကျတော့ နည်းနည်းလေးပိုနီးတဲ့နေရာတွေကနေ ကစ်ရမယ်ဆိုရင် ပိုပြီးအဆင်ပြေတယ်။ ဧရိယာနားနီးလာလေလေ ကျွန်တော့်အတွက် ကန်ရတာကောင်းလေပဲ။ ကျွန်တော်ကန်ပြခဲ့တဲ့ ကစ်ချက်မျိုးလိုပေါ့’

” အကယ်လို့ ဂျူအန်ရော၊ အဲလက်စ်ရော ကွင်းထဲမှာရှိမယ်ဆိုရင် အဲဒါကလည်း သူတို့အတွက် အခွင့်အရေးပါပဲ။ အထူးသဖြင့် ညာခြမ်းကကန်ရမယ်ဆိုရင် သူတို့ပိုဦးစားပေးတယ်။ ကျွန်တော်ထင်တာတော့ မန်ယူနိုက်တက်မှာ ဖရီးကစ် စပါယ်ရှယ်လစ်တွေရှိတယ်ထင်ပါတယ်။ အသင်းမှာလည်း ဖရီးကစ်ကို တကယ့်ကိုစပါရှယ်ကန်နိုင်တဲ့သူတွေရှိတယ်။ ‘

” ဘယ်လိုကန်ရမလဲဆိုတဲ့အပေါ် မူတည်တာပေါ့။ ကျွန်တော်ကန်ပြသွားတဲ့ ပုံစံဆိုရင် ဒီဖရီးကစ်ကန်ရင် ဂိုးကိုဂိုးမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးရှိတယ်။ ငါကန်ရမယ်ဆိုတာမျိုးပေါ့။ ကံကောင်းစွာနဲ့ပဲ အဲဒါကလည်း ဂိုးဖြစ်ခဲ့ပါတယ်။”

AZ-SportsGabar