အာဆင်နယ်တို့ဆက်ရှုံးမယ်ဆိုတဲ့ ခန့်မှန်းချက်အပါဝင် ပရီးမီးယားလိဂ်ပွဲစဉ် အပတ်စဉ် ၂၀ အတွက် ဘီဘီစီလော်ရိုးရဲ့ခန့်မှန်းချက်များ

ဒီတပတ်က အဲဗာတန်တို့ ဇယားထိပ်ပိုင်းနားဝင်ရောက်လာမလား၊ လီဗာပူးနဲ့ စပါးတို့ အမှတ်မထင်ဘဲ သရေကျသွားနိုင်တဲ့အပေါ် ကျန်အသင်းတွေအခွင့်အရေးယူသွားမလား စတဲ့ ခန့်မှန်းချက်တွေနဲ့အတူ လော်ရိုးက အပတ်စဉ်ခန့်မှန်းမှုတွေကို လုပ်လာခဲ့ပါပြီ။

ဒီတပတ်ကစားမယ့်ပွဲစဉ်ရလဒ်တွေမှာ ပရိသတ်မထင်မထားတွေဖြစ်လာနိုင်ပြီး၊ လမ်းပတ်အထုတ်ခံထားရတဲ့အခြေအနေမျိုးက ဘာတွေဖြစ်လာမလဲ၊ စတာတွေက ပရီးမီးယားလိဂ် အပတ်စဉ် ၂၀ ကိုအကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ ဘယ်လိုပုံစံတွေနဲ့ရလဒ်တွေထွက်လာမလဲကို လော်ရိုးကအခုလိုခန့်မှန်းပေးထားပါတယ်။

အင်္ဂါနေ့မှာ ကစားမယ့်ပွဲစဉ်တွေကိုတော့ ပဲလေ့စ် (၁-၁) ဝက်စ်ဟမ်း၊ နယူးကာဆယ် ဝ-၂ လိဒ်၊ ဆောက်သမ်တန် ၂-၁ အာဆင်နယ်၊ ဝက်စ်ဘရွန်း ဝ-၃ မန်စီးတီးလို့ဆိုထားပါတယ်။ အာဆင်နယ်၊ နယူးကာဆယ်က ရှုံးပွဲထပ်ဆက်မယ်လို့ဆိုထားပြီး၊ ဝက်စ်ဘရွန်းကို ဒီတခေါက်မှာ မန်စီးတီးတို့ အနိုင်ကန်မယ်ဆိုလာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ပွဲစဉ်တွေမှာတော့ ဘန်လေ ၁-၁ ဗီလာ၊ ချဲလ်ဆီး ၂-၁ ဝုဗ်၊ ဘရိုက်တန် ၂-၀ ဖူလ်ဟမ်၊ အဲဗာတန် ၂-၀ လက်စတာ၊ မန်ယူ ၂-၀ ရှက်ဖီးယူနိုက်တက်လို့ ဆိုထားခဲ့ပါတယ်။ နည်းပြထုတ်ခံထားရပေမဲ့ ချဲလ်ဆီးနိုင်သွားမယ်ဆိုခဲ့သလို အဲဗာတန်ကလည်း လက်စတာကို နိုင်သွားမယ်ဆိုထားခဲ့တာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ပရိသတ်အကြိတ်အနယ်အရှိဆုံး ပွဲစဉ်ဖြစ်လာမယ့် စပါး-လီဗာပူးပွဲကိုတော့ ၁-၁ လို့ သရေပေးခဲ့ပါတယ်။ သရေရလဒ်ကြောင့် နှစ်သင်းလုံးအမှတ်ဆုံးရှုံးလာနိုင်ပြီး၊ မန်ယူ၊ အဲဗာတန်၊ တို့က လော်ရိုးခန့်မှန်းချက်အတိုင်းဆိုရင် အကျိုးရှိလာဖို့ရှိနေပါတယ်။

AZ-SportsGabar