ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ သောမတ်တူချယ်ရေပန်စားနေရတဲ့ အဓိကအကြောင်းရင်း ၃ ချက်

လမ်းပတ်ကို ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်လိုက်ချိန်မှာ နည်းပြသစ်အဖြစ် ပီအက်စ်ဂျီနည်းပြ ဟောင်းတူချယ်က ရေပန်းစားလာခဲ့ပါတယ်။ တူချယ်ကို ပီအက်စ်ဂျီက ရလဒ်သိပ်ဆိုးဆိုးရွားရွားမရှိဘဲ ထုတ်ပယ်လိုက်ချိန်မှာ အသင်းသစ်တွေကို စောင့်ကြိုနေတဲ့တူချယ်နဲ့ ချဲလ်ဆီးက ဖြစ်နိုင်ခြေအရှိဆုံးအဖြစ် သတင်းထွက်လာခဲ့ပါတယ်။

ပင်ကိုယ်အရည်အသွေးကောင်းတွေရှိနေတဲ့ နည်းပြဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ကျိန်းသေဆက်သွယ်ထားပြီလို့ ဖော်ပြနေကြပါတယ်။ သူ့ရဲ့ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ ကလော့ပ်၊ ဂွါဒီယိုလာတို့လို နည်းပြတွေရှိနေတဲ့လိဂ်ကို လာဖို့ ရှိနေတဲ့တူချယ်ကို ချဲလ်ဆီးဟာ အသင်းကို အဓိက အချက် ၃ ချက်ကြောင့် နည်းပြသွားဖို့ရှိနေပါတယ်။

(၃)ဆက်ဆံရေးကောင်းသူ-ကစားသမားတွေကို အုပ်ချုပ်နိုင်စွမ်းအပြည့်ရှိတဲ့နည်းပြတွေထဲမှာ တူချယ်ပါပါတယ်။ ချဲလ်ဆီးလို လူငယ်ကစားသမားအပြည့်နဲ့ နာမည်ကြီးတွေရှိနေတဲ့အသင်းဟာ ဒီလိုနည်းပြမျိုးလိုအပ်တာအမှန်ပါ။ ကစားသမားတွေကြောင့် ပြဿနာတက်ရတာမျိုးမရှိသလို တူချယ် ပီအက်စ်ဂျီကနေထွက်ရတာကလည်း ဥက္ကဌ လီယိုနာဒိုနဲ့ သဘောထားကွဲလွဲတာကြောင့်ဖြစ်တဲ့အတွက် နာမည်ပျက်မရှိသေးတဲ့နည်းပြဖြစ်ပါတယ်။

(၂)ဆေးလ်ဗား၊ ပူလီဆစ်တို့နဲ့အလုပ်ဖြစ်သူ- လက်ရှိချဲလ်ဆီးရဲ့ဂျာမန်သားအတွဲ၊ ဒေါ့မွန်၊ ပီအက်စ်ဂျီကစားသမားဟောင်းတွေအပြင် ဂျော်ဂျင်ဟို၊ ရူဒီဂါတို့လို ကစားသမားတွေကို စာချုပ်ဖို့တောင်းဆိုခဲ့တဲ့နည်းပြဖြစ်တဲ့အတွက် ချဲလ်ဆီးမှာ သူကိုင်တွယ်နိုင်တဲ့ ကစားသမားတွေပဲဖြစ်နေပါတယ်။ ဒီလိုမျိုးကစားသမားတွေကို အုပ်ချုပ်နိုင်တဲ့နည်းပြဖြစ်နေတဲ့အချက်ကလည်း အထူးရေပန်းစားလာစေပါတယ်။

(၁)လမ်းပတ်ရဲ့လမ်းကြောင်း-ချဲလ်ဆီးက လမ်းပတ်ကိုထုတ်လိုက်ရပေမဲ့ သူစထားခဲ့တဲ့ ပေါင်သန်း ၂၀၀ ကျော် စီမံကိန်းကို ဆက်သွားမယ်လို့ အသင်းကကြေညာထားပါတယ်။ ပီအက်စ်ဂျီမှာ နေမာ၊ အမ်ဘာပေ၊ ဒေါ့မွန်မှာ အူဘာမီယန်းတို့လို ထိပ်တန်းကစားသမားတွေကိုလည်း ကိုင်တွယ်ဖူးတဲ့အတွက် တူချယ်ကို ချဲလ်ဆီးအသင်းက လမ်းပတ်ရဲ့လမ်းကြောင်းကိုဆက်လိုက်စေမယ့်အပေါ် နည်းပြဖြစ်ဖို့ ရေပန်းစားလာပါတယ်။

AZ-SportsGabar