သတင်းထွက်နေတဲ့အတိုင်း လမ်းပတ်ကိုထုတ်ပယ်လိုက်ချိန်မှာ ခက်ခဲခဲ့ကြောင်းပိုင်ရှင်ဝန်ခံ

ချဲလ်ဆီးအသင်းဟာ သတင်းတွေထွက်နေခဲ့တဲ့အတိုင်း သူတို့ရဲ့နည်းပြ လမ်းပတ်ကို ၁၈ လ အကြာမှာ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ သူတို့ရဲ့ ကွင်းလယ်လူဟောင်းဖြစ်တဲ့နည်းပြကို ထုတ်ပယ်လိုက်ချိန်မှာ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာကိုရောက်နေခဲ့ပါပြီ။

နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာလည်း တပွဲပဲနိုင်ခဲ့သလို လက်စတာအသင်းကို ရှုံးနိမ့်ခဲ့ချိန်မှာ ထုတ်ပယ်ဖို့ ပြင်ဆင်ထားပြီလို့ သတင်းထွက်ခဲ့ပါတယ်။ နည်းပြတချို့နဲ့ ညှိနှိုင်းနေပြီလို့ သတင်းထွက်လာပြီးနောက်၊ ဘွတ်ကီဒိုင်တွေကအစ ကြေးဖွင့်ခဲ့သလို လမ်းပတ်ကိုယ်တိုင်ကလည်း သူရဲ့အာမခံချက်သိပ်မရှိတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ လူတန်တောင်းနဲ့ အက်ဖ်အေပွဲစဉ်မှာ ၃-၁ နဲ့နိုင်ခဲ့ပမေဲ့ အကယ်ဒမီထွက်တွေပဲ ခြေစွမ်းပြခဲ့တဲ့ ကစားကွက်က ဘုတ်အဖွဲ့နဲ့လမ်းပတ်ကြားနောက်ဆုံးလမ်းခွဲကိုပဲဖြစ်စေခဲ့တာပါ။ လမ်းပတ်ကို စတင်ခန့်အပ်ချိန်မှာ အသင်းနည်းပြဟောင်း ဆာရီကို ထုတ်ပယ်ချိန်မှာ သုံးနှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်လို့ လျော်ကြေးတော့ ပေးချေရမှာဖြစ်ပါတယ်။

နောက်ဆုံးရှစ်ပွဲမှာ ငါးပွဲရှုံးခဲ့တဲ့ မှတ်တမ်းက အရင် ၂၃ ပွဲကစားခဲ့ချိန်မှာ ရှုံးတဲ့မှတ်တမ်းနဲ့သွားညီနေချိန်မှာတော့ ချဲလ်ဆီးက အခုလိုထုတ်ပြန်ခဲ့ပါတယ်။ ” ဒါက အင်မတန်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုဖြစ်ခဲ့ပါတယ်။ ပြီးတော့ ပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ဟာ ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန်ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။’လို့ ရေးသားခဲ့ပါတယ်။

ပိုင်ရှင်မိုဗစ်ကလည်း ” အခုလိုဆုံးဖြတ်လိုက်ရတာက ကလပ်အတွက် အင်မတန်ကိုခက်ခဲခဲ့ပါတယ်။ တော်တော်ခက်ခဲခဲ့တဲ့အကြောင်းက ကျွန်တော်နဲ့ဖရန့်ခ်ကြားမှာ တော်တော်လေးကိုကောင်းတဲ့ဆက်ဆံရေးရှိတယ်။ ကျွန်တော်သူ့ကိုလည်း လေးစားမှုအပြည့်ရှိတယ်” လို့ဆိုခဲ့ပါတယ်။ လတ်တလောမှာ ချဲလ်ဆီးနည်းပြသစ်အဖြစ် ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်နဲ့ ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီတို့က ရေပန်းစားနေပါတယ်။

AZ-SportsGabar