ပရီးမီးယားလိဂ်သမိုင်းတလျှောက်အနိုင်ဂိုးသွင်းမှု အများဆုံး ကစားသမား ၁၀ ဦး

ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးသွင်းတဲ့ ကစားသမားတွေအများကြီးရှိပေမဲ့ ပွဲစဉ်ကို အနိုင်ဂိုးဖြစ်စေတဲ့ သွင်းဂိုးရှင်တွေက သီးသန့်ရှိနေပါတယ်။ (၂-၁)လိုပွဲစဉ်တွေမှာ အနိုင်သုံးမှတ်ရအောင်သွင်းသွားစေခဲ့တဲ့ ဂိုးသွင်းရှင်တွေကို သီးသန့်စာရင်းပြုစုခဲ့ပြီး၊ တချိန်က နယူးကာဆယ်အသင်းရဲ့တိုက်စစ်မှူးကြီး အလန်ရှီးယားက ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။

အလန်ရှီးယားက ပရီးမီးယားလိဂ်မှာ တသက်တာဂိုးသွင်းအများဆုံး ကစားသမားအနေဲ့ရပ်တည်ထားသူပါ။ ဘလက်ဘန်းနဲ့ နယူးကာဆယ်တွေမှာကစားခဲ့တဲ့ အလန်ရှီးယားအနေနဲ့ သူ့ရဲ့ သွင်းဂိုး ၂၆၀ မှာ အနိုင်သုံးမှတ်ကို ပြောင်းလဲသွားအောင်ထိ လုပ်ပေးထားတဲ့ သွင်းဂိုးက စုစုပေါင်း ၆၈ ဂိုးအထိရှိခဲ့ပါတယ်။ သူ့အနောက်မှာ မန်ယူတိုက်စစ်မှူးရွန်းနီကရပ်တည်ခဲ့ကာစာရင်းကအခုလိုဖြစ်ခဲ့ပါတယ်။

၁၀- ရော်ဘင်ဗန်ပါစီ ၄၂ ဂိုး၊ ၉- ရိုင်ယန်ဂစ် ၄၂ ဂိုး၊ ၈- ဟယ်ရီကိန်း ၄၄ ဂိုး၊ ၇- ဒွိုက်ရော့ခ် ၄၄ ဂိုး၊ ၆-အန်ဒီကိုးလ် ၄၆ ဂိုး၊ ၅-အဂူရို ၄၇ ဂိုး၊ ၄-ဟင်နရီ- ၅၉ ဂိုး၊ ၃-လမ်းပတ် ၆၁ ဂိုး၊ ၂- ရွန်းနီ ၆၆ ဂိုး၊ ၁-အလန်ရှီးယား ၆၈ ဂိုး နဲ့ အသီးသီးရပ်တည်ခဲ့ပါတယ်။

ပြောခဲ့တဲ့ ကစားသမားတွေထဲမှာ လက်ရှိကစားနေတာက အဂူရိုက ထိပ်ဆုံးကဦးဆောင်နေတဲ့အတွက် အဂူရိုက်ုတော့ လက်ရှိပရီးမီးယားလိဂ်ရဲကအကောင်းဆုံးအနိုင်ဂိုးရှင်အဖြစ်သတ်မှတ်ထားပါတယ်။ တလုံးကို သုံးမှတ်နှုန်းရှိတဲ့အတွက် အဂူရိုတယောက်တည်းကို ၁၄၁ မှတ်အထိ ရှာဖွေပေးထားနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ မန်စီးတီးမှာဒဏ်ရာရနေတဲ့အတွက် ပွဲတော့ မထွက်နိုင်သေးပါဘူး။

AZ-SportsGabar