ဘန်လေကို လီဗာပူးရှုံးသွားပြီးနောက် ပရီးမီးယားလိဂ်မှာ ဘယ်တော့မှချိုးဖျက်ဖို့ မလွယ်တဲ့ စံချိန် ၁၀ ခု

အိမ်ကွင်းမှာ ၆၈ ပွဲအထိမရှုံးထားတဲ့စံချိန်ပျက်သွားခဲ့ချိန်၊ လီဗာပူးတို့ လေးနှစ်ကြာတည်ဆောက်ခဲ့တဲ့စံချိန်တခု ပြိုပျက်သွားခဲ့ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့အိမ်ကွင်းနိုင်ပွဲအများဆုံးအသင်းအဖြစ် တင်ထားတဲ့ ချဲလ်ဆီး ၈၆ ပွဲစံချိန်ကို မီဖို့အနီးစပ်ဆုံးရောက်ခဲ့ပေမဲ့ ၁၈ ပွဲအလိုမှာ ရှုံးနိမ့်သွားခဲ့တာပါ။ အခုလိုရှုံးနိမ့်သွားခဲ့တဲ့အတွက် လီဗာပူးဟာ ဒုတိယနေရာနဲ့ပဲကျေနပ်လိုက်ရပါတယ်။

ဒီလိုမျိုးချိုးဖျက်ရခက်တဲ့စံချိန်တွေကိုပရီးမီးယားလိဂ်မှာ တင်ထားတာက ချဲလ်ဆီးအသင်းအပြင် တခြားအရာတွေလည်းရှိပါသေးတယ်။ တော်တော်လေးကိုမှချိုးဖျက်ဖို့ခက်တဲ့ စံချိန်တွေဖြစ်တဲ့အတွက် နှစ်ကာလတွေကြာပေမဲ့ အခုချိန်ထိ ပရီးမီးယားလိဂ်မှာ ဘယ်သူမှမချိုးဖျက်နိုင်တာမျိုးတွေပါ။ အဲဒီထဲကမှ ၁၀ ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁-အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ချဲလ်ဆီးအသင်းက ၈၆ ပွဲနဲ့ ၂၀ ရက်၊ မတ်ချ်လ ၁၀ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက် ၂၀၀၈ ခုနှစ်အထိတင်ထားတဲ့စံချိန်ဖြစ်ပါတယ်။

၂-ကလင်းရှစ်ပွဲဆက်အများဆုံးစံချိန်ကိုတော့ မန်ယူဂိုးသမား ဗန်ဒါဆားက ၁၁ ပွဲဆက်နဲ့ ၂၀၀၈-၀၉ ရာသီမှာတင်ထားပါတယ်။

၃-ရှုံးပွဲမရှိပွဲအများဆုံးစံချိန်ကိုတော့ အာဆင်နယ်အသင်းက ၄၉ ပွဲဆက်နဲ့ မေလ ၇ရက် ၂၀၀၃ ကနေ အောက်တိုဘာလ ၂၄ ရက်၂၀၀၄ ခုနှစ်မှာတင်ထားပါတယ်။

၄-ပရီးမီးယားလိဂ်အမြန်ဆုံးဂိုးကိုတော့ ရှိန်လောင်းက ၇.၆၉ စက္ကန့်နဲ့ ဧပြီ ၂၀၁၉၊ ဝက်ဖို့ဒ်-ဆောက်သမ်တန်ပွဲမှာ တင်ထားပါတယ်။

၅-ပရီမီးယားလိဂ်အမြန်ဆုံး ဟက်ထရစ်ကိုတော့ မာနေးက ၂မိနစ် ၅၆ စက္ကန့်နဲ့ ၁၆ ရက်မေလ၊ ၂၀၁၅မှာ ဆောက်သမ်တန်-ဗီလာပွဲအတွင်းသွင်းယူခဲ့ပါတယ်။

၆-ပရီးမီးယားလိဂ်မှာ နှစ်ဆက်ရှည်အများဆုံးဂိုးသွင်းတဲ့ စံချိန်ကို ရိုင်ယန်ဂစ်က ၂၁ နှစ်ဆက်နဲ့ ၁၉၉၂ ကနေ ၂၀၁၃ အထိသွင်းခဲ့ပါတယ်။

၇-ပရိသတ်အနည်းဆုံးပွဲ ၃၀၃၉ ယောက်၊ ဝင်ဘယ်ဒန် ၁-၃ အဲဗာတန်၊ ၁၉၉၃ ဇန်နဝါရီ ၂၆ ရက်နေ့မှာဖြစ်ပါတယ်။

၈-ပွဲဆက်အများဆုံးကစားသမားအဖြစ် ဘရက် ဖရိုက်ဒယ်က ၂၀၀၄ ကနေ ၂၀၁၂ အထိ ပွဲ ၃၁၀ ကစားပြီး၊ စံချိန်တင်ထားပါတယ်။

၉-အသက်အကြီးဆုံးကစားသမားအဖြစ် မန်စီးတီးအသင်းအတွက် ဂျွတ် ဘာရိုက်ဒ်က ၄၃ နှစ် ၁၆၃ ရက်နဲ့ မန်စီးတီးအသင်းအတွက် ပါဝင်ကစားပေးထားပါတယ်။

၁၀-နည်းပြသက်တမ်းအရှည်ဆုံးအဖြစ် အာဆင်ဝင်းဂါးက ၂၁ နှစ် ၂၂၄ ရက်တိတိ ကိုင်တွယ်ခဲ့ပြီး၊ အောက်တိုဘာ ၁ ရက် ၁၉၉၆ ကနေ ၂၀၁၈ မေလ ၁၃ ရက်နေ့အထိ တာဝန်ယူခဲ့ပါတယ်။

AZ-SportsGabar