ဖီဖာတနှစ်တာအကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ပထမဆုံးအကြိမ်လွဲချော်သွားတဲ့ မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီတယောက် ဖီဖာ ၂၁ က နှစ်တိုင်းရွေးချယ်နေတဲ့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်ကတည်းက နှစ်တိုင်းလိုလိုပါဝင်လာခဲ့တဲ့ မက်ဆီဟာ ၂၀၂၁ အတွက် ဖီဖာဘောလုံးဂိမ်းရွေးချယ်တဲ့ အကောင်းဆုံး ၁၁ ယောက်စာရင်းကို ပထမဆုံးအကြိမ်လွဲချော်ခဲ့ပါတယ်။

ဒီစာရင်းကို အမြဲတမ်းထုတ်ပြန်တာက EA Sports ကနေ ကြီးမှူးပြီး၊ နိုင်ငံပေါင်း ၁၈၅ နိုင်ငံက မဲ၁၀ သန်းကျော်နဲ့ ရွေးချယ်တာပါ။ ပရိသတ်တွေဟာ ကိုယ်ပါဝင်စေချင်တဲ့ ကစားသမားကို မဲပေးရွေးချယ်ရပါတယ်။ သတ်မှတ်နေရာအလိုက်အကောင်းဆုံးတွေပါနိုင်ဖို့ ပရိသတ်တွေကိုယ်တိုင်က အကောင်းဆုံးလို့ထင်တဲ့ ကစားသမားတွေကို ရွေးချယ်ရပါတယ်။

ဖီဖာ ၀၉ လို့ ခေါ်တဲ့ ၂၀၀၉ခုနှစ် ဘောလုံးစာရင်းမှာကတည်းက အမြဲလိုလိုပါနေခဲ့တဲ့ မက်ဆီအစား ဒီနှစ်မှာနေရာယူသွားတာက လီဝမ်ဒေါစကီးနဲ့ အမ်ဘာပေပါ။
၄-၃-၃ ကစားကွက်မှာ တိုက်စစ် သုံးနေရာအတွက် ရော်နယ်ဒို၊ လီဝမ်ဒေါစကီးနဲ့ အမ်ဘာပေက သုံးနေရာထိပ်ဆုံးက ရှိခဲ့ပြီး၊ ကွင်းလယ်မှာတော့ ဖာနန်ဒက်၊ ဒီဘရိုင်းနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ကင်မစ်ချ်တို့ပါဝင်ခဲ့ပါတယ်။

နောက်တန်းမှာတော့ ဒေဗီးစ်၊ ရာမို့စ်၊ ဗန်ဒိုက်၊ အာနိုးနဲ့ ဂိုးသမားနေရာမှာ နူအာတို့က ရပ်တည်ခဲ့ပါတယ်။ ဒီစာရင်းမှာပါဝင်တဲ့ ကစားသမားတွေဟာ ပရိသတ်က တကယ်ရွေးချယ်ပေးတဲ့ ကစားသမားစာရင်းဖြစ်တဲ့အတွက် ပါဝင်တဲ့ကစားသမားတွေဟာ ပရိသတ်အကြိုက်ဆုံးတွေလို့လည်းဆိုနိုင်ပါတယ်။ ဥပမာ မန်ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ ဘရူနိုလိုကစားသမားတွေကြောင့်ပါ။

အကယ်လို့ ဒီစာရင်းမှာပါချင်ရင်တော့ ၁၂ ယောက်မြောက် Wild Card နဲ့ ပါနိုင်မယ့်အခွင့်အရေးတော့ ရှိသေးတယ်လို့ သိရပါတယ်။ ဒီရွေးချယ်မှုကိုလည်း ပရိသတ်တွေကပဲ ရွေးချယ်ပေးရမှာဖြစ်တဲ့အတွက် ၃၃ နှစ်သား ပါလာမလားကတော့ ပရိသတ်တွေအပေါ်ပဲ မူတည်တယ်လို့ ဆိုနိုင်ပါတယ်။

AZ-SportsGabar