ညီမမွေးနေ့ပွဲကျိန်စာဆိုးကိုကျော်လွှားဖို့ နေမာကို ခွင့်သီးသန့်ပေးမယ့် ပိုချက်တီနို

ပီအက်စ်ဂျီကိုကိုင်တွယ်တဲ့အချိန်မှာ သူများနည်းပြတွေနဲ့မတူတဲ့ ကိစ္စရပ်တခုကို ပိုချက်တီနိုစဉ်းစားနေရပါတယ်။ သူ့ရဲ့ကစားသမား နေမာအတွက်သီးသန့်ခွင့်တခုပေးဖို့ စီစဉ်နေတာဖြစ်ပြီး၊ တခြားအသင်းတွေမှာမရှိတတ်တဲ့ ခွင့်ပုံစံပါ။ နေမာကို သူ့ညီမမွေးနေ့ပွဲသွားဖို့အတွက် အသင်းရဲ့ဘယ်ကစားသမားကိုမှ မပေးတဲ့ခွင့်ပုံစံတခုပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

နေမာရဲ့ညီမမွေးနေ့ကျိန်စာဆိုးက (၂၀၁၅)ခုနှစ်လောက်က၂၀၁၇တင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ မတ်ချ်လ ၁၁ ရက်နေ့လောက်ပတ်ချာလည်မှာ နေ့မာရဲ့ညီမ ရာဖယ်လာ ဆန်းတို့စ်ရဲ့မွေးနေ့က ကျရောက်တတ်ပါတယ်။ နေမာက သူ့ညီမမွေးနေ့ရှိတိုင်း ဘရာဇီးလ်ကိုပြန်လေ့ရှိပြီး၊ ညီမနဲ့အတူတူ မွေးနေ့ပွဲဆင်နွဲတတ်ပါတယ်။ ဘာစီလိုနာမှာရှိတုန်းကဆိုရင် တမင်ကိုရအောင်ပြန်တာပါ။

၂၀၁၅ ခုနှစ်မှာ ဘာစီနဲ့ဂရန်နာဒါကစားတော့ နေမာက ငါးကတ်မြောက်အဝါကတ်အပြခံလိုက်ပြီး၊ မတ်ချ်လမှာ ၈ ရက်နေ့မှာကစားမယ့် ဗယ်လက်ကာနိုနဲ့ပွဲကို အပျက်ခံလိုက်ပါတယ်။ ခပ်တည်တည်ပဲဘရာဇီးလ်ကိုပြန် ညီမမွေနေ့ပွဲသွား၊ မတ်ချ်လ ၁၄ ရက်နေ့မှ ပြန်လာပါတယ်။ ၂၀၁၆ မှာလည်း တခါ နေမာ ပွဲပယ်ခံရပါတယ်။ မတ်ချ်လ ၆ ရက်နေ့မှာ ပွဲမကစားရဘဲ ဘရာဇီးကိုပြန်ရပြန်ပါတယ်။

၂၀၁၇ မှာတော့ ခွင့်မရတော့ပါဘူး။ ပီအက်စ်ဂျီ-ဘာစီပွဲကစားရပြီး၊ ၆-၁ နဲ့ ဘာစီကိုရှုံးသွားပါတယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းလောက်အောင်ကို ဒဏ်ရာရသွားပြီး၊ ဘရာဇီးလ်ကိုပြန်ခွင့်ရသွားပြန်ပါတယ်။ ၂၀၁၈ မှာလည်း ခွင့်မရတဲ့အတွက် ဒဏ်ရာရပြန်ပါတယ်။ ၂၀၁၉ မှာတော့ ရေရှည်ဒဏ်ရာရသွားပြီး၊ နေမာဟာ မတ်ချ်လ နားရောက်တိုင်း ခွင့်ရရင်ရ မရရင်ဒဏ်ရာရနေပါတယ်။

ဒါကိုသိထားတဲ့ နည်းပြပိုချက်တီနိုက နေမာကို သီးသန့်ခွင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ဒီဖြစ်ရပ်မှာ ကစားသမားဒဏ်ရာရတာကို ကာကွယ်ဖို့ရှိနေတယ်လို့ ပြင်သစ်သတင်းဌာန လာဂူရီယိုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ သူများနဲ့မတူဘဲ ထူးလိုက်ရမှ ကျေနပ်တဲ့နေမာကတော့ ညီမမွေးနေ့ပွဲခွင့်ဆိုပြီး၊ ဘောလုံးသမားချင်းအတူတူ ရတတ်တာကတော့ လေးစားစရာပါပဲ။

AZ-SportsGabar