မာတင် အိုဒီဂတ်ကို ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီဖြစ်တဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမားလေး မာတင်အိုဒီဂတ်ကိုခေါ်ယူဖို့ သဘောတူညီမှုရသွားပြီလု့ိသိရပါတယ်။ သတင်းထောက် ဖာဘရီဇီယိုရိုမန်နိုကိုယ်တိုင်အတည်ပြုခဲ့တဲ့ သတင်းအရ လာမယ့်ရက်ပိုင်းအတွင်းမှာကို အိုဒီဂတ်ဟာ အာဆင်နယ်ကစားသမားဖြစ်လာတော့မယ်လို့ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပလေးမိတ်ကာ ကစားသမားလေး အိုဒီဂတ်ဟာ မနှစ်က ရီးရဲလ်ဆိုစီဒက်မှာ ခြေစွမ်းပြခဲ့ပါတယ်။ အငှားကစားသမားဘဝနဲ့ ခြေစွမ်းပြခဲ့ပြီးနောက်မှာ ရီးရဲလ်ကအသင်းကြီးကိုပြန်လာဖို့ခေါ်ခဲ့ပေမဲ့ ပွဲထွက်ခွင့်လုံလောက်တာမျိုး နည်းပြဇီဒန်းက မပေးနိုင်ခဲ့ပါဘူး။ ကစားသမားက ဒီအခြေအနေတွေကြောင့်ထွက်ခွင့်တောင်းခဲ့ပြီး၊ ဇီဒန်းကလည်းခွင့်ပြုခဲ့ပါတယ်။

ခွင့်ပြုခဲ့ချိန်မှာ ဥရောပကလပ်တွေအပြိုင်လိုက်ခဲ့ပြီး၊ အာဆင်နယ်၊ ဆိုစီဒက်တို့က ကစားသမားကို အငှားခေါ်ယူဖို့ ညှိနှိုင်းခဲ့ပါတယ်။ ကစားသမားက ဆိုစီဒက်ကိုပဲသွားဖို့ စဉ်းစားခဲ့ပမေဲ့ နောက်ဆုံးမှာ အာဆင်နယ်အသင်းက သဘောတူညီမှုရယူနိုင်ခဲ့ပြီး၊ အိုဒီဂတ်ကို အသင်းဆီခေါ်ယူဖို့ လက်ဦးနိုင်ခဲ့ပါတယ်။ အငှားပဲခေါ်ယူမှာဖြစ်တဲ့အတွက် အပြီးဝယ်ယူခွင့်ပါမပါမသိရသေးပါဘူး။

ဒေးလီးမေးရဲ့အဆိုအရ အိုဒီဂတ်ကို အငှားပဲဆက်ချလိုနေတဲ့အတွက် အပြီးဝယ်ယူခွင့်ပါတဲ့ ဆိုစီဒက်ကို ငြင်းထားတဲ့အတွက် အာဆင်နယ်ဟာ အငှားသဘောပဲခေါ်ယူခွင့်ရဖို့ရှိနေပါတယ်။ ရီးရဲလ်ကလည်း ဇွန်လအထိပဲ အငှားခေါ်ယူခွင့်ပေးဖို့ အစီအစဉ်ထားရှိထားပြီး၊ အငှားကစားသမားဘဝသာ အောင်မြင်ခဲ့ရင် ကစားသမားကို အသင်းမှာစာချုပ်ချုပ်ဖို့ စီစဉ်ထားပါတယ်။

အခုလိုမျိုး မြန်မြန်ဆန်ဆန်ပဲ ခေါ်ယူနိုင်ဖို့ ဖြစ်လာတာက နည်းပြအာတီတာဟာ အိုဒီဂတ်ကို အသင်းကိုလာဖို့ စကားပြောခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ စမနစ်ရိုးတဦးတည်းကို ကွင်းလယ်တိုက်စစ်အတွက် အားကိုးနေရတဲ့ အိုဒီဂတ်ရောက်လာတာက အဖြေတခုဖြစ်လာဖို့ရှိနေပြီး၊ အာဆင်နယ်ဟာ စာချုပ်အကုန်မှာ ကစားသမားကို အပြီးခေါ်ယူသွားဖို့ ပြင်ဆင်ထားဖွယ်ရှိနေပါတယ်။

AZ-SportsGabar