ဘန်လေကိုရှုံးပြီး ၆၈ ပွဲရှုံးပွဲမရှိစံချိန်ပျက်သွားချိန်မှာ လီဗာပူးကျိုးပျက်ခဲ့တဲ့စံချိန်များ

အိမ်ကွင်းမှာဆိုရင် (၂၀၁၇)ဧပြီလကစလို့ ပရီးမီးယားလိဂ်မှာ တပွဲမှမရှုံးသေးတဲ့ လီဗာပူးဟာ ဘန်လေကို ဘားနက်စ်ရဲ့ပင်နယ်တီနဲ့ရှုံးပြီး၊ ၆၈ ပွဲရှုံးပွဲမရှိအိမ်ကွင်းစံချိန်ပျက်သွားခဲ့ပါတယ်။ တော်တော်လေးကိုမှ အံ့အားသင့်ဖွယ်ရာရလဒ်ဖြစ်တဲ့အပြင် ဘန်လေအသင်းအတွက် ၁၉၇၄ ခုနှစ်ကစလို့ လီဗာပူးအိမ်ကွင်းမှာ ပထမဆုံးအကြိမ်နိုင်တဲ့ပွဲစဉ်လည်းဖြစ်လာခဲ့ပါတယ်။

ဘန်လေအသင်းအတွက်တော့ တန်းဆင်းဇုန်တိုက်ပွဲပြင်းထန်နေချိန်မှာ လီဗာပူးလိုအသင်းကိုနိုင်လိုင်တာက တကယ့်ရွှေပါ။ လီဗာပူးအတွက် ဖလားတိုက်ပွဲမှာ ရှုံးပွဲဖြစ်သွားတဲ့အတွက် ဇယားထိပ်က မန်ယူနိုက်တက်နဲ့ ၆ မှတ်ကွာအနေအထားကို ရောက်လာခဲ့ပါတယ်။ ဒါတင်မကေသေးဘဲ လီဗာပူးအသင်းရဲ့လက်ရှိအခြေအနေက စံချိန်ဆိုးတွေကို ဆက်တိုက်ဖြစ်လာစေခဲ့ပါတယ်။

-လက်ရှိလီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်တာ လေးပွဲဆက်ရှိလာခဲ့ပါပြီ။ ဒါဟာ ၂၀၀၀ ခုနှစ်မေလနောက်ပိုင်းကစလို့ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပါ။ အဆိုပါလေးပွဲအတွင်း လီဗာပူးဟာ ဂိုးရဖို့ ၈၇ ချက်ထိကန်သွင်းချက်ရှိခဲ့ပေမဲ့ တဂိုးမှ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ အချိန်အားဖြင့်ဆိုရင် ဂိုးမရတာ ၂၅ ရက်ကြာခဲ့ပြီဖြစ်ပါတယ်။

-ဂျာဂင်ကလော့ပ်အတွက် သူ့နည်းပြလက်ထက်အတွင်း အခုလိုလေးပွဲဆက်ဂိုးမသွင်းနိုင်တာက ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်လို့ သိရပါတယ်။ ၂၀၀၆ ခုနှစ် မိန့်ဇ်ကို တာဝန်ယူချိန်မှာ အခုလိုလေးပွဲဆက်ဂိုးပျောက်ခဲ့ဖူးပြီးနောက်ပိုင်း၊ တခါမှမရှိခဲ့ဖူးဘဲ ပထမဆုံးအကြိမ်ပြန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

-ကလော့ပ်လက်ထက် လီဗာပူး ၅ ပွဲဆက်နိုင်ပွဲမရတာတော့ ၂၀၁၇ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်ပါ။ ကလော့ဟာ သရေ ၃ ပွဲ၊ ရှုံးပွဲ ၂ ပွဲနဲ့အတူ လတ်တလောမှာ ငါးပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။

-အန်ဖီးကွင်းမှာ ဘန်လေကို လီဗာပူးဟာ ဂိုးမရခဲ့ပေမဲ့ ဂိုးပေါက်ကန်ချက်စုစုပေါင်း ၂၇ ချက်အထိရှိခဲ့ပါတယ်။ ၁၃ နှစ်တာကာလအတွင်း အခုလိုမျိုး ဂိုးမရခဲ့တာမျိုးတပွဲမှ မရှိဘဲ နောက်ဆုံးအကြိမ်ဖြစ်ခဲ့တာက ၂၀၁၃ ဧပြီမှာ ရီဒင်းအသင်းကို အန်ဖီးမှာပဲ ၂၈ ကြိမ်ကန်ပြီး၊ ဂိုးမရခဲ့တာလို့ သိရပါတယ်။

-ဘန်လေဂိုးသမားနစ်ခ်ပုတ်ကတော့ ပြီးခဲ့တဲ့ရာသီကစလို့ လက်ရှိကစားပြီးချိန်အထိ လီဗာပူးတိုက်စစ်ရဲ့ဂိုးပေါက်ကန်ချက် ၁၉ ကြိမ်အထိကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တသင်းရဲ့ဂိုးပေါက်ကို အကာကွယ်နိုင်ဆုံးဂိုးသမားအဖြစ် လက်ရှိမှာ ရပ်တည်နေပါတယ်။

AZ-SportsGabar