ဥရောပစူပါလိဂ်မှာ ဝင်ကစားတဲ့ ကစားသမားတွေ၊ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ပိတ်ခံရဖို့ရှိနေ

ယူအီးအက်ဖ်အေနဲ့ ဖီဖာကြားမကြာသေးခင်တုန်းက တိုက်ပွဲဖြစ်ထားတဲ့ ဥရောပါစူပါလိဂ်ကိစ္စရပ်က ကစားသမားတွေကို ထိခိုက်မှုရှိလာဖို့ရှိနေပါတယ်။ ဥရောပါစူပါလိဂ်ဆိုတာက ယူအီးအက်ဖ်အေနဲ့ ဥရောပကလပ်တွေပေါင်းပြီး၊ ဥရောပအသင်းကြီးတွေပဲ ပေါင်းစည်းကန်ရတဲ့ အမှတ်ပေးလိဂ်တခုကို တည်ထောင်ဖို့ စဉ်စားထားတဲ့ ပရောဂျက်တခုပါ။

မန်ယူ၊ လီဗာပူးတို့လို ကလပ်တွေကလည်း ပါဝင်ဖို့ပြောထားသလို ဘာစီလိုနာဆိုရင် စည်းကမ်းချက်တွေကို သဘောတူထားပြီလို့ကို ကြေညာထားပါတယ်။ ချန်ပီယံလိဂ်နဲ့ ပုံစံခြင်းနည်းနည်းဆင်ပေမဲ့ မတူပါဘူး။ ဝင်ခွင့်ရယ်လို့မရှိဘဲ လက်ရှိအမှတ်ပေးလိဂ်တွေမှာ အသင်းကြီးဖြစ်နေတဲ့အသင်းတွေက အမှတ်ပေးလိဂ်လိုမျိုး စုပေါင်းကန်ရမှာဖြစ်တဲ့အတွက် အသင်းကြီးပွဲတွေချည်းပဲဖြစ်နေမှာပါ။

ဒီအစီအစဉ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ညွန်ကြားထားတာမျိုးမဟုတ်ပါဘူး။ ၂၀၂၂ မှာစတင်ဖို့ ဒေါ်လာ ၆ ဘီလျံမတည်ထားတဲ့ စူပါလိဂ်ပရောဂျက်ဆိုတဲ့ သီးသန့်အစီအစဉ်တခုပါ။ တကယ်လို့သာ စတင်ဖြစ်ခဲ့ရင် လက်ရှိကစားနေတဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်တွေဟာ စူပါလိဂ်လောက် လူစိတ်ဝင်စားတာမျိုးမရှိတာမျိုးဖြစ်လာနိုင်တဲ့အပေါ် ဖီဖာက အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

နောက်ဆုံးကန့်ကွက်နေတဲ့ကြားက အသင်းကြီးတွေပါလာချိန်မှာတော့ စာထုတ်ပြန်ခဲ့ပြီး၊ စူပါလိဂ်မှာ ဝင်ကစားတဲ့အသင်းက ကစားသမားတွေဟာ ဖီဖာကကျင်းပတဲ့ ဘယ်ပြိုင်ပွဲကိုမှ ဝင်ပြိုင်ခွင့်ရှိတော့မှာ မဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဖီဖာက လတ်တလောကျင်းပနေတဲ့ ပြိုင်ပွဲတွေက AFC, CAF, Concacaf, CONMEBOL, OFC and UEFA ဆိုတဲ့ အစီအစဉ်တွေပါ။

ဒါတင်မကသေးပါဘူး။ ကမ္ဘာ့ဖလားလို အစဉ်အလာကြီးတဲ့နိုင်ငံပွဲတွေကိုလည်း ဖီဖာက ကျင်းပနေတာဖြစ်တဲ့အတွက် အသင်းကြီးကနေ စူပါလိဂ်ပြိုင်ပွဲကို ဝင်ကစားတဲ့ ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ဝင်ပြိုင်ခွင့်မရတာမျိုးဖြစ်လာနိုင်ပါတယ်။ စူပါလိဂ်ကို အသက်မသွင်းသေးပေမဲ့ ၂၀၂၂ မှာ စဖို့ရည်ရွယ်ထားတဲ့အတွက် ပါဝင်ကစားခဲ့ဖြစ်ခဲ့ရင် ကလပ်အသင်းကစားသမားတွေဟာ နိုင်ငံပွဲတွေကို လက်လွှတ်ရတော့မယ့် အနေအထားလို့ ဆိုနိုင်ပါတယ်။

AZ-SportsGabar