မန်စီးတီးကိုပေးလိုက်ရတဲ့ ပထမဦးဆောင်ဂိုးဟာ မဟုတ်မဟတ်အဓိပ္ပာယ်မရှိတဲ့ဂိုးလို့ ပေါက်ကွဲလိုက်တဲ့ တိုင်ရွန်မင်း

ဗီလာကို (၂-ဝ)နဲ့အနိုင်ရသွားတဲ့ မန်စီးတီးအသင်းရဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးအကြောင်း လူပြောများနေပါတယ်။ ဗီလာနောက်ခံလူ တိုင်ရွန်မင်းက သူ့ဆီလာတဲ့ဘောလုံးကိုထိန်းလိုက်ချိန်မှာ အနောက်မှာရောက်နေတဲ့ ရိုဒရီက ဘောလုံကို ဝင်နှိုက်၊ ဒေးဗစ်ဆေးလ်ဗားကိုပြန်ချပေးပြီး၊ ဆေးဗားက ဦးဆောင်ဂိုးကသွင်းသွားတဲ့အပေါ် လူကျွံ၊ မကျွံငြင်းခုံနေကြတာပါ။

ဒါပေမဲ့ ပွဲထဲမှာတော့ VAR ပြန်ကြည့်ခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာ ပြထားတဲ့ နည်းဥပဒေတွေထဲက အချက်နဲ့ညီတယ်လို့ဆိုကာ ဦးဆောင်ဂိုးအဖြစ်ပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ဗီလာအသင်းပြန်မလာနိုင်တော့ဘဲ နောက်ထပ်တဂိုးကို ပွဲချိန်တွင်းထပ်ပေးခဲ့ရကာ မန်စီးတီးတို့ (၂-ဝ)နဲ့နိုင်သွားခဲ့ပါတယ်။

ဂိုးပေးလိုက်ရတဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမဲ့ ကျွမ်းကျင်ပညာရှင်တွေကလည်း ဂိုးဟာ နည်းစနစ်နဲ့ညီတယ်လို့ ဆိုထားတဲ့အတွက် ဗီလာတို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဂိုးပေးလိုက်ရတဲ့အနေအထားအတွက် အဓိက တရားခံဖြစ်ခဲ့တဲ့ တိုင်ရွန်မင်းကတော့ ဒီဂိုးဟာ လုံးဝအဓိပ္ပာယ်မရှိတဲ့ဂိုးလို့ တွစ်တာပေါ်မှာ ပေါက်ကွဲလာခဲ့ပြီး၊ ဖြစ်စဉ်အပေါ် မကျေနပ်တဲ့ စကားသံတွေဖွင့်ဟလာခဲ့ပါတယ်။

” ဒီစည်းမျဉ်းကို လုံးဝကို မကြားဖူးပါဘူး။ ကစားသမားတွေကို Offside မှာထား၊ အနောက်ကို ပြီးရင်ပြန်လာ၊ ဘောလုံးကို တက်ကယ်ထိုးပြီးနှိုက်၊ ကျွန်တော်နားလည်သလိုပြောပြရမယ်ဆိုရင် ကျွန်တော်ဒီဘောလုံးကို ၁၀၀ ရာခိုင်နှုန်းအပြည့်ရှင်းထုတ်ခဲ့သင့်တယ်။ ဒါပေမဲ့ အဲဒီအချက်က အဓိကဆိုတာကို မသိခဲ့လို့ဂိုးပေးလိုက်ရတယ်။ မဟုတ်မဟတ်တွေပါဗျာ’ လို့ဆိုခဲ့ပါတယ်။

ဒီဂိုးကြောင့် ဗီလာနည်းပြ စမစ်က လုံးဝအဓိပ္ပာယ်မရှိဘူးလို့ သွားပြီး၊ စောဒကတက်ခဲ့သေးပါတယ်။ ဒိုင်လူကြီးက အနီကတ်ပြထုတ်ပယ်လိုက်ကာ ဒီကိစ္စရပ်အတွက် စတုတ္ထမြောက်ဒိုင်မှာ အပြစ်မရှိဘူးလို့ သတိပေးခဲ့ပါတယ်။ တိုင်ရွန်းမင်းနဲ့ ရိုဒရီဖြစ်ခဲ့တဲ့ဂိုးကို VAR က ဆုံးဖြတ်ပေးခဲ့တာဖြစ်တဲ့အတွက် တကယ်လည်း စည်းကြပ်ဒိုင်မှာ အပြစ်မရှိခဲ့ပါဘူး။

AZ-SportsGabar