ရော်နယ်ဒို၊ မက်ဆီနဲ့ ဥရောပရဲ့ဘောလုံးသမားတွေမှာ ဆုဖလားအများဆုံးကစားသမားက ဘယ်သူလဲ

ဂျူဗင်တပ်အသင်းနဲ့ကိုယ်တိုင်ဦးဆောင်ဂိုးသွင်းပြီး ဖလားယူလိုက်တဲ့ ရော်နယ်ဒိုဟာ ဂျူဗပ်တပ်နဲ့ဖလားလေးလုံးမြောက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဂိုး ၇၆၀ နဲ့ ကမ္ဘာ့ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း ပိုင်ဆိုင်လာခဲ့တဲ့အတွက် ရော်နယ်ဒိုရဲ့စံချိန်တွေက ရပ်တန့်မရဖြစ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ နောက်ထပ်စံချိန်တခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ဖလားအများဆုံးပြိုင်ရှင်ကစားသမား (၁၀)ယောက်စာရင်းထဲကို စုစုပေါင်း ဖလား ၃၃ လုံးနဲ့ ဝင်ရောက်လာနိုင်ခဲ့တာပါ။ အရင် ၃၂ လုံးရှိချိန်တုန်းက ဇာဗီနောက် ဖလားတလုံးလျော့နဲ့ရှိနေတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဆုဖလားအများဆုံး ထိပ်ဆုံးစာရင်းထဲကို ၃၃ လုံးနဲ့ဝင်လာနိုင်ခဲ့ပါတယ်။ အသင်းအစုံမှာ ဖလားအစုံကို သိမ်းပိုက်ထားတဲ့ မှတ်တမ်းတွေနဲ့ပါ။

စပို့တင်းလစ္စဘွန်းမှာ ၁ လုံး၊ မန်ယူနဲ့ ၁၀ လုံး၊ ရီးရဲလ်နဲ့ ၁၆ လုံး၊ ဂျူဗင်နဲ့ ၄ လုံး၊ ပေါ်တူဂီနဲ့ ၂ လုံးပါ။ ဒီလို ၃၃ လုံးကို ပိုင်ဆိုင်လာချိန်မှာ ထိပ်ဆုံး ၁၀ ယောက်ထဲ အခုလိုဝင်လာခဲ့ပါတယ်။ နံပါတ် ၉ – ဇာဗီ၊ ရော်နယ်ဒို ၃၃ လုံး၊ နံပါတ် ၇ – ဗစ်တာဘိုင်ရာ၊ ပီကေး ၃၄ လုံး၊ နံပါတ် ၆ – ကန်နီဒါးဂလစ်ရှ် ၃၆ လုံး၊

နံပါတ် ၅ – ရိုင်ယန်ဂစ်၊ မက်ဆီ ၃၆ လုံး၊ နံပါတ် ၃ – အင်နီယေစတာ၊ မက်ဝဲလ် ၃၇ လုံး၊ နံပါတ် ၁ – ဒန်နီအဲဗက် ၄၂ လုံး နဲ့ အစဉ်လိုက်ရှိနေပါတယ်။ နံပါတ်တစ်နေရာက ဒန်နီအဲဗက်ရဲ့ ၄၂ လုံးစံချန်ကို မီဖို့ အတော်လေးလိုသေးပေမဲ့ နံပါတ်နှစ်နေရာအထိ ၄ လုံးပဲကွာတဲ့အပေါ် စီရော်နယ်ဒိုရဲ့ လက်ကျန်သက်တမ်းတွေမှာ နောက်ထပ်ဘယ်ဖလားတွေဆက်ယူသွားမလဲက စိတ်ဝင်စားဖို့ကောင်းလာပါတယ်။

လက်ရှိမှာ အသက် ၃၆ နှစ်ကို နောက်လာမယ့်လမှာ ပြည့်တော့မယ့် စီရော်နယ်ဒိုအနေနဲ့ အသက် ၄၀ အထိဆက်သွားခဲ့ရင် ဒုတိယနေရာအထိ တက်လှမ်းနိုင်ဖို့ရှိနေပေမဲ့ ဒန်နီအဲဗက်ရဲ့စံချိန်ကို မီဖို့တော့ အတော်လေးလိုသေးတာကို တွေ့ရမှာပါ။ ကျော်ဖြတ်ဖို့ဆိုရင် ၁၀ လုံးအထိ လိုအပ်မှာဖြစ်ပါတယ်။

AZ-SportsGabar