လမ်းပတ်ရာထူးကို ဆက်ခံမယ့်နည်းပြအဖြစ် ထိပ်ဆုံးက ရေပန်းစားလာတဲ့ နည်းပြ ၅ ဦး

ချဲလ်ဆီးအသင်းနည်းပြလမ်းပတ်တယောက် လက်စတာကို ရှုံးအပြီးမှာ နည်းပြရာထူး ထိုင်ခုံလှုပ်နေပါတယ်။ ပေါင်သန်း ၂၀၀ သုံးထားတဲ့အသင်းကအလုပ်မဖြစ်သလို လမ်းပတ်ကိုယ်တိုင်က ကစားသမားတွေကို အပြစ်တင်တာမျိုးပြုလုပ်ခဲ့တဲ့အပေါ် ချဲလ်ဆီးတာဝန်ရှိသူတွေဟာ နည်းပြသစ်ရှာဖွေနေပြီလို့သိရပါတယ်။

ရှာဖွေနေတဲ့အတွက် ကမ္ဘာကျော် ပက်ဒီပါဝါလို လောင်းကစားဒိုင်တွေကအစ လောင်းကြေးဖွင့်လိုက်ပြီဖြစ်ပြီး၊ လမ်းပတ်အလွန်ဘယ်သူဖြစ်မလဲနဲ့ ဘယ်အချိန်မှာထုတ်ခံရမလဲကို ခန့်မှန်းစေခဲ့ပါတယ်။ ထုံးစံအတိုင်း ရေပန်းစားလာတဲ့နည်းပြတွေထွက်လာချိန်မှာတော့ ချဲလ်ဆီးမန်နေဂျာသစ်ဖြစ်လာနိုင်တဲ့နည်းပြ ၅ ဦးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၅)ဘရန်ဒန်ရော်ဂျာ-လက်စတာ- လက်စတာအသင်းကိုဇယားထိပ်ရောက်အောင်ပို့ပေးထားတဲ့ ဘရန်ဒန်ရော်ဂျာကို ချဲလ်ဆီးကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ ဘုတ်အဖွဲ့ကြား ပြဿနာတချို့ရှိနေပြီး၊ ဘရန်ဒန်ရော်ဂျာကို လုံးဝမခေါ်ယူဖို့နဲ့ နည်းပြကိုယ်တိုင်က မလာချင်ဘူးလို့သိရပါတယ်။ ချဲလ်ဆီးပိုင်ရှင် မိုဗစ်ချ်ကတော့ ဘရန်ဒန်ရော်ဂျာကို စိတ်ဝင်စားနေပါတယ်။

(၄)နဂျယ်စမန်- လစ်ဇစ်- လက်ရှိလစ်ဇစ်နည်းပြ နဂျယ်စမန်ကိုခေါ်ယူဖို့ ချဲလ်ဆီးဟာ ညှိနှိုင်းနေပါတယ်။ လျော်ကြေးပေးရမယ့်အပြင် နဂျယ်စမန်ရဲ့နည်းပြ သက်တမ်းနုနေသေးတဲ့အတွက်ကြောင့် ညှိနှိုင်းအဆင့်မှာရှိနေဆဲလို့သိရပါတယ်။ နဂျယ်စမန်လက်ခံခဲ့ရင် လမ်းပတ်ကိုထုတ်ပယ်တာမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

(၃)အယ်လီဂရီ- ကလပ်လက်မဲ့ဖြစ်နေတဲ့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီကို ချဲလ်ဆီးနည်းပြဖြစ်လာဖို့ တစ်ပေးနေကြပါတယ်။ ဂျူဗင်တပ်နဲ့ငါးနှစ်ဆက် ဖလားရထားသလို ခံစစ်တည်ဆောက်မှုအပိုင်းမှာ အထူးကျွမ်းကျင်တဲ့အတွက် အယ်လီဂရီကို ချဲလ်ဆီးပရိသတ်တွေကအစ လိုချင်နေပါတယ်။ အယ်လီဂရီအနေနဲ့ ၂၀၁၉ ကတည်းက ကလပ်လက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

(၂)သောမတ်တူချယ်- ဒေါ့မွန်ကနေ အထုတ်ခံလိုက်ရတဲ့ တူချယ်အနေနဲ့ ချဲလ်ဆီးကိုရောက်လာဖို့က ကိုင်ဟာဗက်၊ တီမိုဝါနာနှစ်ယောက်ကြောင့်ပါ။ ဂျာမန်သားတွေကို ကိုယ်တွယ်ဖူးတဲ့ တူချယ်အနေနဲ့ ချဲလ်ဆီးရဲ့သီယာဂိုဆေးလ်ဗားကအစ ရင်းနှီးမှုတွေရှိထားတဲ့အပေါ် ဖြစ်နိုင်ခြေအရှိဆုံးနည်းပြအဖြစ် ရေပန်းစားနေပါတယ်။

(၁)ရှက်ဗ်ချင်ကို- ကစားသမားဟောင်း လမ်းပတ်ကို ယုံကြည်မှုပေးသလိုမျိုး မိုဗစ်ချ်၊ မော်ရင်ဟိုတို့နဲ့ ဆက်ဆံရေးပေါင်းကူးတံတားဖြစ်ခဲ့တဲ့ ရှက်ဗ်ချင်ကိုကို ချဲလ်ဆီးကခေါ်ယူဖို့ ချိတ်ဆက်ထားပါတယ်။ ယူကရိန်းအသင်းကို တာဝန်ယူချိန်တုန်းက ရလဒ်တွေကောင်းအောင်လုပ်ပြထားနိုင်တဲ့ ရှက်ဗ်ချင်ကိုဟာ ကလပ်အသင်းကိုတော့ လုံးဝကိုင်တွယ်ဖူးခြင်းမရှိပါဘူး။

AZ-SportsGabar