ရီးရဲလ်အသင်းကတရားဝင်ထွက်ခွင့်တောင်းလိုက်တဲ့ အိုဒီဂတ်ကို အပြိုင်လုတော့မယ့် ဥရောပကလပ် ၄ သင်း

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမားလေး မာတင်အိုဒီဂတ်ဟာ အသင်းကနေထွက်ခွာဖို့ တရားဝင်ခွင့်တောင်းလိုက်ပါတယ်။ မာကာသတင်းဌာနကနေ ဖော်ပြခဲ့တဲ့သတင်းအရ ၂၂ နှစ်သားကိုယ်တိုင်က ပွဲထွက်ခွင့်မလုံလောက်တဲ့အတွက် တောင်းဆိုလိုက်တာဖြစ်ပြီး၊ ရီးရဲလ်အသင်းဟာ ကစားသမားကို ရောင်းချဖို့ပြင်ဆင်ထားပြီလို့သိရပါတယ်။

အိုဒီဂတ်ဆိုတာက ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်ကနေ ရီးရဲလ်ဆိုစီဒက်ကို အငှားထွက်ကစားခဲ့တဲ့ ကစားသမားပါ။ ကွင်းလယ်တိုက်စစ်၊ ကွင်းလယ်ညာတောင်ပံ၊ ဗဟိုကွင်းလယ်လူစတဲ့ နေရာတွေမှာ ခြေစွမ်းပြခဲ့တဲ့ အိုဒီဂတ်ဟာ ဆိုစီဒက်မှာအငှားလာကစားခဲ့ရပေမဲ့ အဓိက ပွဲထွက်ကစားသမားဖြစ်ခဲ့ပါတယ်။ ၁၈ ပွဲအငှားကစားခဲ့ရချိန်မှာ ၁၆ ပွဲအထိ အဓိက ပွဲထွက်အနေနဲ့ပါခဲ့ရပါတယ်။

လာလီဂါဂုရုမက်ဆီနဲ့အပြိုင် ဂိုးရဖို့ကန်ချက်အတွက် ဖန်တီးမှုအများဆုံးကစားသမား ၆ ကြိမ်အဖြစ်ရပ်တည်နိုင်ခဲ့ချိန်မှာ ရီးရဲလ်က သူတို့ကစားသမားကို ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကစားချိန်မပေးနိုင်ခဲ့သလိုလက်ရှိအသင်းကြီးမှာ ခရုစ်၊ မိုဒရစ်တို့လောက်နေရာမပေးခံခဲ့ရတဲ့အပေါ် ထွက်ခွာခွင့်တောင်းလိုက်ပါတယ်။ တောင်းလိုက်ချိန်မှာ ကစားသမားကို အသင်းလေးသင်းက အပြိုင်ချဉ်းကပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ မန်ယူ၊ ကလပ်ဟောင်း ဆိုစီဒက်နဲ့ စီရီးအေကလပ် အေစီမီလန်တို့က အိုဒီဂတ်ကို ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။ ကွင်းလယ်တိုက်စစ်လိုအပ်ချက်တွေရှိနေတဲ့ အာဆင်နယ်အသင်း ခေါ်ယူဖို့ ရီးရဲလ်နဲ့ဆွေးနွေးထားပြီဖြစ်ပြီး၊ ဆီဘယ်လော့စ်ကို အငှားကနေလည်း ပြန်ပေးရမယ့်အပေါ် အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူဖို့ လိုချင်နေပါတယ်။

ဒါပေမဲ့ နည်းပြ ဇီဒန်းက ကစားသမားကို အသင်းမှာဆက်ထိန်းဖို့ အလိုရှိနေတဲ့အတွက် ညှိနှိုင်းရခက်တဲ့အနေအထားကို ရောက်လာဖို့ရှိနေပါတယ်။ အိုဒီဂတ်ဟာဒီရာသီမှာ ၅ ပွဲပဲကစားထားရသေးပြီး၊ ပွဲကစားချိန် မိနစ် ၃၆၀ ကျော်ပဲရှိထားပါတယ်။ ကွင်းလယ်တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတဲ့ အာဆင်နယ်အနေနဲ့ ရေရှည်မှာ လိုအပ်ချက်များနေတဲ့နေရာအပေါ် ခေါ်ယူသွားနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

AZ-SportsGabar