မန်ချက်စတာယူနိုက်တက်ကို ပြန်လာဖို့ သဲလွန်စတခုချပေးလိုက်တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်အသင်းစတား စီရော်နယ်ဒိုတယောက် သူ့ရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်လာနိုင်ခြေမြင့်နေတယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ စီရော်နယ်ဒိုပေးလိုက်တဲ့ သဲလွန်စတခုကြောင့် မန်ယူ-စီရော်နယ်ဒို ပေါင်းစည်းမှုဟာ မကြာခင်မှာဖြစ်လာနိုင်ပြီး၊ ကစားသမားဟာ တကယ်ပဲယူနိုက်တက်ကို ပြန်လာမလားက မေးခွန်းဖြစ်လာပါတယ်။

စီရော်နယ်ဒိုရဲ့ပရိသတ်တွေက ထုံးစံအတိုင်းကစားသမားရဲ့အင်စတာဂရမ်ကို စောင့်ကြည့်နေကြသူတွေပါ။ ဖော်လိုဝါ ၂၅၅ သန်းကို မကြာသေးခင်ကမှ ပြည့်သွားတဲ့ စီရော်နယ်ဒိုဟာ သူကိုယ်တိုင်က ဖော်လိုးလုပ်ထားတာ ၄၆၂ ခုပဲရှိပါတယ်။ ဒါကတော့ ထုံးစံအတိုင်းပတ်သက်ဆက်နွယ်မှုတွေရှိမှသာ စီရော်နယ်ဒိုက အင်စတာဂရမ်ကို ဖော်လိုးတာဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ၄၆၃ ခုဖြစ်သွားခဲ့ပါတယ်။ စီရော်နယ်ဒိုက သူ့ရဲ့အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကို ဖော်လိုးလိုက်လို့ပါပဲ။ နာမည်ကျော်တွေရဲ့ထုံစံအတိုင်း အသင်းတသင်းကိုပြောင်းကာနီးမှသာ အင်စတာဂရမ်၊ တွစ်တာတွေကို ဖော်လိုးတာဖြစ်ပေမဲ့ အခုလိုမျိုး ရော်နယ်ဒိုလုပ်လိုက်တာက အသင်းပြောင်းတော့မလားလို့ ပရိသတ်တွေစိတ်ထဲအတွေးပွားစေပါတယ်။

ဥပမာ- စီရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ အသင်းဟောင်းမလို့ ဖော်လိုးတာလို့ဆိုနိုင်ပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ဖော်လိုးမလုပ်ထားတဲ့အချက်ကြောင့် ဒါကလည်း မမှန်နိုင်ပါဘူး။ ဒါ့အပြင် အရင်တုန်းကဖော်လိုးမလုပ်ဘဲ အခုလိုအပြောင်းအရွှေ့ရာသီရောက်နေမှ လုပ်လိုက်တာက စီရော်နယ်ဒိုတယောက် မန်ယူနိုက်တက်ကို ပြန်လာနိုင်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

လက်ရှိမှာ ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် ဒီနှစ်ရာသီ ၁၉ ပွဲကစား ၁၉ ဂိုးသွင်းနဲ့ ခြေစွမ်းပြထားပါတယ်။ အသက်အရွယ်ရနေပြီဖြစ်တာကြောင့် တဖက်မှာတော့ ရော်နယ်ဒိုဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတခုခုနဲ့ ရောက်လာနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ ဘယ်သူမှတော့ မသိနိုင်ပေမဲ့ ရော်နယ်ဒိုဖော်လိုးလုပ်လိုက်တာက မန်ယူနိုက်တက်နဲ့သူ့အကြား တခုခုဆက်သွယ်မှုရှိလာတော့မှာဖြစ်ပါတယ်။

AZ-SportsGabar