ရီးရဲလ္ ဘက္တစ္အသင္းရဲ႕ ကြင္းလယ္လူကို ေပါင္ (၅၃)သန္းနဲ႔ ကမ္းလွမ္းလိုက္တဲ့ စပါးအသင္း

လာမယ့္ရာသီအတြက္ ၾကိဳျပင္ဆင္မႈအေနနဲ႔ စပါးအသင္းဟာ ကြင္းလယ္ပိုင္းဆိုင္ရာ အားျဖည္႕မႈ တစ္ခုကို ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ အသင္းရဲ႕ ကြင္းလယ္ကစားသမား အဲရစ္ဆင္ အေျပာင္းအေရႊ႕ျဖစ္ႏုိ္င္တဲ့အေပၚ ၾကိဳျပင္ဆင္တဲ့အေနနဲ႔ ရီးရဲလ္ဘက္တစ္အသင္းရဲ႕ ကြင္းလယ္ ကစားသမား ဂ်ီအုိဗန္နီ လို ဆယ္ဆိုကို ေပါင္ (၅၃)သန္းနဲ႔ ကမ္းလွမ္းလိုက္တာပါ။

ကစားသမားဟာ ရီးရဲလ္ဘက္တစ္အသင္းမွာ ကြင္းလယ္တိုက္စစ္အေနနဲ႔ ေဆာ့ထားျပီး သြင္းဂိုး (၁၆)ဂိုးနဲ႔ ပံ့ပိုးမႈ (၆)ၾကိမ္ကို ျပဳလုပ္ထားတဲ့ အသက္ (၂၃)ႏွစ္အရြယ္ ကြင္းလယ္လူပါ။ အာဂ်င္တီးနားအသင္းရဲ႕ လက္ေရြးစင္အျဖစ္ ဒီႏွစ္မွာ ေရြးခ်ယ္ခံခဲ့ရျပီး၊ ေျခစြမ္းျပေနတဲ့အေပၚ စပါးအသင္းက ေပါင္ (၅၃)သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ရီးရဲလ္ဘက္တစ္အသင္းက သူတို႔ရဲ႕ ကြင္းလယ္လူကို ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၀၀) သတ္မွတ္ထားတဲ့အတြက္ စပါးတို႔ ညိွႏိႈင္းရမွာျဖစ္လို႔ ၾကန္႔ၾကာႏိုင္ပါတယ္။ စပါးအသင္းရဲ႕ အခုလို ကမ္းလွမ္းမႈဟာ ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္ဖြယ္ရာျဖစ္ခဲ့ရျပီး၊ လူကပ္မိုရာကို ပီအက္ဂ်ီအသင္းကေန ေပါင္ (၂၃)သန္းနဲ႔ ေခၚျပီးကတည္းက စပါးတို႔ အေျပာင္းအေရႊ႕တစ္ခုမွ မလုပ္ခဲ့တာျဖစ္ပါတယ္။

ေစ်းႏႈန္းညိွႏိႈင္းမႈ အဆင္ေျပမေျပနဲ႔ ကမ္းလွမ္းခဲ့ျပီျဖစ္တဲ့အတြက္ မၾကာခင္ေရာက္လာေတာ့မလားဆိုတာကိုေတာ့ ​ေစာင့္ၾကည္႔သြားရမွာျဖစ္ပါတယ္။

ေရႊရင္ေအး@SportsGabar

Unicode

ရီးရဲလ် ဘက်တစ်အသင်းရဲ့ ကွင်းလယ်လူကို ပေါင် (၅၃)သန်းနဲ့ ကမ်းလှမ်းလိုက်တဲ့ စပါးအသင်း

လာမယ့်ရာသီအတွက် ကြိုပြင်ဆင်မှုအနေနဲ့ စပါးအသင်းဟာ ကွင်းလယ်ပိုင်းဆိုင်ရာ အားဖြည့်မှု တစ်ခုကို ပြုလုပ်တော့မှာဖြစ်ပါတယ်။ အသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင် အပြောင်းအရွှေ့ဖြစ်နိုင်တဲ့အပေါ် ကြိုပြင်ဆင်တဲ့အနေနဲ့ ရီးရဲလ်ဘက်တစ်အသင်းရဲ့ ကွင်းလယ် ကစားသမား ဂျီအိုဗန်နီ လို ဆယ်ဆိုကို ပေါင် (၅၃)သန်းနဲ့ ကမ်းလှမ်းလိုက်တာပါ။

ကစားသမားဟာ ရီးရဲလ်ဘက်တစ်အသင်းမှာ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆော့ထားပြီး သွင်းဂိုး (၁၆)ဂိုးနဲ့ ပံ့ပိုးမှု (၆)ကြိမ်ကို ပြုလုပ်ထားတဲ့ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်လူပါ။ အာဂျင်တီးနားအသင်းရဲ့ လက်ရွေးစင်အဖြစ် ဒီနှစ်မှာ ရွေးချယ်ခံခဲ့ရပြီး၊ ခြေစွမ်းပြနေတဲ့အပေါ် စပါးအသင်းက ပေါင် (၅၃)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ရီးရဲလ်ဘက်တစ်အသင်းက သူတို့ရဲ့ ကွင်းလယ်လူကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သတ်မှတ်ထားတဲ့အတွက် စပါးတို့ ညှိနှိုင်းရမှာဖြစ်လို့ ကြန့်ကြာနိုင်ပါတယ်။ စပါးအသင်းရဲ့ အခုလို ကမ်းလှမ်းမှုဟာ ပရိသတ်တွေအတွက်တော့ ကျေနပ်ဖွယ်ရာဖြစ်ခဲ့ရပြီး၊ လူကပ်မိုရာကို ပီအက်ဂျီအသင်းကနေ ပေါင် (၂၃)သန်းနဲ့ ခေါ်ပြီးကတည်းက စပါးတို့ အပြောင်းအရွှေ့တစ်ခုမှ မလုပ်ခဲ့တာဖြစ်ပါတယ်။

ဈေးနှုန်းညှိနှိုင်းမှု အဆင်ပြေမပြေနဲ့ ကမ်းလှမ်းခဲ့ပြီဖြစ်တဲ့အတွက် မကြာခင်ရောက်လာတော့မလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ရွှေရင်အေး@SportsGabar