လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့မှာ ဘာစီလိုနာရဲ့မက်ဆီလိုမျိုး အလွတ်ကြေးဖြစ်မယ့် ကစားသမားတွေရှိနေပါတယ်။ အသက် ၃၀ ကျော်အရွယ် ကမ္ဘာကျော်တွေဖြစ်ပြီး၊ မန်စီးတီးရဲ့အဂူရိုတို့လိုမျိုး ထိပ်တန်းအဆင့်မှာရှိနေတဲ့ ကစားသမားတော်တော်များများ အလွတ်ပြောင်းရွှေ့ကြေးကို ဖြစ်သွားမယ့်ရာသီပါ။
ဒီလိုမျိုး အသက် ၃၀ ကျော်အရွယ်တွေ အလွတ်ကြေးနီးပါးဖြစ်လာမယ့်အခြေအနေမျိုးမှာတော့ ပရိသတ်တွေအထင်မှာ အသက်ကြီးကစားသမားတွေဟာ ပြောင်းရွှေ့ကြေးတွေ မမြင့်နိုင်တော့ဘူးလို့ ထင်စရာရှိနေပါတယ်။ ဒါပေမဲ့ ဖိုးဖိုးတူး မဂ္ဂဇင်းကထုတ်ပြန်ခဲ့တဲ့ စာရင်းတခုအရ အသက် ၃၀ အရွယ်ကစားသမားတွေဟာ အသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူး။
အသက် ၃၀ အထက်ရှိနေတဲ့ ဥရောပကစားသမားတွေထဲကမှ ပြောင်းရွှေ့ကြေးမြင့်နေသေးတဲ့ ကစားသမားတွေကို ရွေးချယ်ထုတ်ပြန်ခဲ့ပြီး၊ အဲဒီအထဲက ပြောင်းရွှေ့ကြေးမြင့်ကစားသမား ၁၀ ယောက်ကို ဖော်ပြခဲ့ပါတယ်။ အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ကို မက်ဆီက ပြောင်းရွှေ့ကြေး ၇၂ သန်းနဲ့ ထိပ်ဆုံးက အခုလို ရပ်တည်နိုင်ခဲ့ပါတယ်။
(၆)အင်မိုဘိုင်း- လာဇီယို (ပေါင်သန်း ၄၀)
(၅)တိုနီ ခရုစ်- ရီးရဲလ် (ပေါင် ၄၅ သန်း)
(၄)ဟာဇက်- ရီးရဲလ် (ပေါင် ၄၅ သန်း)
(၃)စီရော်နယ်ဒို- ဂျူဗင်တပ် (ပေါင် ၅၄ သန်း)
(၂)လီဝမ်ဒေါစကီး- ဘိုင်ယန်မြူးနစ် (ပေါင် ၅၄ သန်း)
(၁)လိုင်ယွန်နယ်မက်ဆီ- ဘာစီလိုနာ (ပေါင် ၇၂ သန်း)
AZ-SportsGabar