ဖီဖာအမ်ိဳးသမီးကမာၻဖလားျပိဳင္ပြဲအေၾကာင္းသိေကာင္းစရာမ်ား(၂)

ဖီဖာကၾကီးမွဴးက်င္းပတဲ့ အမ်ိဳးသမီးကမာၻဖလားျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ခြင့္ရရွိဖို႔ ဇုန္ၾကီး(၆)ခုမွာ ပါ၀င္တဲ့အသင္းေတြဟာ ေျခစစ္ပြဲအသီးသီးကစားရပါတယ္။ အဲဒီ့ဇုန္ေတြကေတာ့ အာရွဇုန္ (ေအအက္စီ)၊ အာဖရိကဇုန္ (စီေအအကဖ္)၊ ေျမာက္အေမရိကဇုန္ (ကြန္ကာကပ္)၊ ေတာင္အေမရိကဇုန္(ကြန္မီဘိုးလ္)၊ သမုဒၵရာပိုင္းဇုန္ (အိုအက္ဖ္စီ) နဲ႔ ဥေရာပဇုန္(ယူအီးအက္ဖ္ေအ) တို႔ပဲျဖစ္ၾကပါတယ္။

အာရွရဲ႕အေအာင္ျမင္ဆံုး အသင္းအျဖစ္ (၂၀၁၁) ခုႏွစ္မွာခ်န္ပီယံျဖစ္ခဲ့တဲ့ ဂ်ပန္အမ်ိဳးသမီးလက္ေရြးစင္အသင္းက ရပ္တည္ေနျပီး၊ ဥေရာပရဲ႕အေအာင္ျမင္ဆံုး အသင္းကေတာ့ (၂၀၀၃)ခုႏွစ္နဲ႔(၂၀၀၇)ခုႏွစ္ေတြမွာ ဗိုလ္စြဲႏိုင္ခဲ့တဲ့ ဂ်ာမနီအမ်ိဳးသမီးအသင္းပဲျဖစ္ပါတယ္။ ကြန္ကာကပ္ဇုန္ရဲ႕အေအာင္ျမင္ဆံုးအသင္းအျဖစ္ အေမရိကန္အမ်ိဳးသမီးအသင္းက ခ်န္ပီယံဆု (၃)ၾကိမ္နဲ႔ ဦးေဆာင္ေနျပီး၊ ဘရာဇီးလ္ကေတာ့ ေတာင္အေမရိကဇုန္ရဲ႕အေအာင္ျမင္ဆံုးအသင္းျဖစ္ျပီး (၂၀၀၇)မွာဒုတိယတစ္ၾကိမ္ရရွိထားပါတယ္။

ကမာၻ႔ဖလားျပိဳင္ပြဲဆိုတာ(၄)ႏွစ္မွာတစ္ၾကိမ္သာက်င္းပတာျဖစ္လို႔ အမ်ိဳးသမီးကစားသမားေတြအေနနဲ႔ တစ္ၾကိမ္နဲ႔အထက္၀င္ေရာက္ကစားခြင့္ရဖို႔က မလြယ္ကူပါဘူး။ ဒါေပမဲ့လည္း အဲဒီလိုခက္ခဲမႈေတြကို ေက်ာ္ျဖတ္ျပီး အမ်ိဳးသမီးကမာၻဖလားကို အၾကိမ္အမ်ားဆံုးအျဖစ္ အံ့အားသင့္ဖြယ္(၇)ၾကိမ္ဆက္တိုက္ပါ၀င္ကစားထားခဲ့သူကေတာ့ ဘရာဇီးလ္ ကစားသမား ေဖာ္မီဂါပဲျဖစ္ပါတယ္။

သူ႔ေနာက္မွာေတာ့ ဂ်ပန္အမ်ိဳးသမီး လက္ေရြးစင္ ဟိုမဲဆာ၀ါက (၆)ၾကိမ္၊ အေမရိကန္လက္ေရြးစင္ ခရစ္စတိုင္းလိုင္လီနဲ႔ခရစ္စတင္းရမ္ဖုန္း၊ ေနာ္ေ၀မွ ဘန္တီေနာ္ဘီ၊ ဂ်ာမနီမွ ဘာဂ်စ္ပရင့္ဇ္နဲ႔ အန္ဂါရီယာ၊၊ ကေနဒါမွ ကာရီနာလီဘလန္႔၊ ႏိုက္ဂ်ီးရီးယားမွ အိုႏိုမီအဘီ တို႔က (၅)ၾကိမ္စီ ကမာၻ႔ဖလားျပိဳင္ပြဲကို ၀င္ေရာက္ကစားထားပါတယ္။

ပြဲအမ်ားဆံုးအျဖစ္ အေမရိကန္ကစားသမား ခရစ္စတင္းလိုင္လီက ပြဲေပါင္း (၃၀)ကစားထားျပီး၊ အသင္းေဖာ္အဘီ၀မ္ဘက္ခ်္က (၂၅)ပြဲ၊ ဘရာဇီးလ္မွ ေဖာ္မီဂါ၊ ဂ်ပန္မွ ဟိုမဲဆာ၀ါ၊ ဂ်ာမနီမွ ဘာဂ်စ္ပရင့္ဇ္၊ အေမရိကန္မွ ဂ်ဴလီေဖာင္ဒီ တို႔က (၂၄)ပြဲစီ အသီးသီးကစားထားၾကပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီဖာအမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲအကြောင်းသိကောင်းစရာများ(၂)

ဖီဖာကကြီးမှူးကျင်းပတဲ့ အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိဖို့ ဇုန်ကြီး(၆)ခုမှာ ပါဝင်တဲ့အသင်းတွေဟာ ခြေစစ်ပွဲအသီးသီးကစားရပါတယ်။ အဲဒီ့ဇုန်တွေကတော့ အာရှဇုန် (အေအက်စီ)၊ အာဖရိကဇုန် (စီအေအကဖ်)၊ မြောက်အမေရိကဇုန် (ကွန်ကာကပ်)၊ တောင်အမေရိကဇုန်(ကွန်မီဘိုးလ်)၊ သမုဒ္ဒရာပိုင်းဇုန် (အိုအက်ဖ်စီ) နဲ့ ဥရောပဇုန်(ယူအီးအက်ဖ်အေ) တို့ပဲဖြစ်ကြပါတယ်။

အာရှရဲ့အအောင်မြင်ဆုံး အသင်းအဖြစ် (၂၀၁၁) ခုနှစ်မှာချန်ပီယံဖြစ်ခဲ့တဲ့ ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်းက ရပ်တည်နေပြီး၊ ဥရောပရဲ့အအောင်မြင်ဆုံး အသင်းကတော့ (၂၀၀၃)ခုနှစ်နဲ့(၂၀၀၇)ခုနှစ်တွေမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ဂျာမနီအမျိုးသမီးအသင်းပဲဖြစ်ပါတယ်။ ကွန်ကာကပ်ဇုန်ရဲ့အအောင်မြင်ဆုံးအသင်းအဖြစ် အမေရိကန်အမျိုးသမီးအသင်းက ချန်ပီယံဆု (၃)ကြိမ်နဲ့ ဦးဆောင်နေပြီး၊ ဘရာဇီးလ်ကတော့ တောင်အမေရိကဇုန်ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပြီး (၂၀၀၇)မှာဒုတိယတစ်ကြိမ်ရရှိထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ(၄)နှစ်မှာတစ်ကြိမ်သာကျင်းပတာဖြစ်လို့ အမျိုးသမီးကစားသမားတွေအနေနဲ့ တစ်ကြိမ်နဲ့အထက်ဝင်ရောက်ကစားခွင့်ရဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့လည်း အဲဒီလိုခက်ခဲမှုတွေကို ကျော်ဖြတ်ပြီး အမျိုးသမီးကမ္ဘာဖလားကို အကြိမ်အများဆုံးအဖြစ် အံ့အားသင့်ဖွယ်(၇)ကြိမ်ဆက်တိုက်ပါဝင်ကစားထားခဲ့သူကတော့ ဘရာဇီးလ် ကစားသမား ဖော်မီဂါပဲဖြစ်ပါတယ်။

သူ့နောက်မှာတော့ ဂျပန်အမျိုးသမီး လက်ရွေးစင် ဟိုမဲဆာဝါက (၆)ကြိမ်၊ အမေရိကန်လက်ရွေးစင် ခရစ်စတိုင်းလိုင်လီနဲ့ခရစ်စတင်းရမ်ဖုန်း၊ နော်ဝေမှ ဘန်တီနော်ဘီ၊ ဂျာမနီမှ ဘာဂျစ်ပရင့်ဇ်နဲ့ အန်ဂါရီယာ၊၊ ကနေဒါမှ ကာရီနာလီဘလန့်၊ နိုက်ဂျီးရီးယားမှ အိုနိုမီအဘီ တို့က (၅)ကြိမ်စီ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားထားပါတယ်။

ပွဲအများဆုံးအဖြစ် အမေရိကန်ကစားသမား ခရစ်စတင်းလိုင်လီက ပွဲပေါင်း (၃၀)ကစားထားပြီး၊ အသင်းဖော်အဘီဝမ်ဘက်ချ်က (၂၅)ပွဲ၊ ဘရာဇီးလ်မှ ဖော်မီဂါ၊ ဂျပန်မှ ဟိုမဲဆာဝါ၊ ဂျာမနီမှ ဘာဂျစ်ပရင့်ဇ်၊ အမေရိကန်မှ ဂျူလီဖောင်ဒီ တို့က (၂၄)ပွဲစီ အသီးသီးကစားထားကြပါတယ်။

လူညိုချော@SportsGabar