ဥရောပဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီပွဲ (၆)ပွဲ

ဒါဘီပွဲလိုဆိုလိုက်တာနဲ့ ကစားပြီးခဲ့တဲ့ လီဗာပူး-မန်ယူပွဲကို ပရိသတ်တွေပြေးမြင်ကြမှာပါ။ ဒါဘီပွဲတွေရဲ့ထုံးစံအတိုင်း တသင်းနဲ့တသင်းအကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး ပရိသတ်တွေထက်ကို နိုင်လိုစိတ်ပြင်းတဲ့စိတ်တွေနဲ့ ကစားကြပါတယ်။ ဒါပေမဲ့ လီဗာပူး-မန်ယူ ပွဲကတော့ ဝ-၀ နဲ့ ပြီးဆုံးသွားခဲ့တဲ့အတွက် သိပ်တော့ အားရဖို့မကောင်းပါဘူး။

ဒီလိုမျိုးဖြစ်နေတဲ့ ပရိသတ်တွေအတွက် ဘယ်လိုဒါဘီပွဲတွေဆိုရင် အကြိတ်အနယ်ရှိမလဲ။ အကြိတ်အနယ်အရှိဆုံးဒါဘီပွဲကဘယ်လိုလဲကို သိချင်ကြမှာပါ။ ဒါကြောင့် ထူးထူးခြားခြားတင်ဆက်မှုတွေကို လုပ်ပေးနေကြ The Athletic ကနေ ပရိသတ်တွေအတွက် အကြိတ်အနယ်အရှိဆုံး ဒါဘီပွဲတွေကို သတ်မှတ်ချက်အလိုက်ရွေးချယ်ပေးခဲ့ပါတယ်။

ရွေးချယ်ပေးခဲ့တဲ့ပုံက ပရိသတ်အရေအတွက်၊ ဆိုရှယ်မီဒီယာအားပြိုင်မှု၊ နှစ်သင်းပေါင်းအရေအတွက်၊ ကွင်းတင်းဝင်ဆန့်မှုပမာဏ၊ နှစ်သင်းကြားအကွာအဝေးနဲ့ ပထမဆုံးတွေ့ဆုံတဲ့ရက်ဆိုတဲ့ အချက်တွေပေါ် မူတည်ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခဲ့ချိန်မှာ ဥရောပရဲ့အကောင်းဆုံး ဒါဘီအတွဲ ခြောက်တွဲကို အခုလိုမျိုးထွက်ပေါ်လာစေခဲ့ပါတယ်။

(၆)တော့တင်စမ် v အာဆင်နယ် (လန်ဒန်ဒါဘီ)

(၅)လီဗာပူး V အဲဗာတန် (မာဆေးဆိုက်ဒါဘီ)

(၄)မန်ယူ V လီဗာပူး (အနောက်မြောက်ဒါဘီ)

(၃)အေစီမီလန် V အင်တာ (မီလန်ဒါဘီ)

(၂)ရီးရဲလ် V ဘာစီ (အယ်ကလက်စီကို)

(၁)မန်ယူ V မန်စီးတီး (မန်ချက်စတာဒါဘီ)

AZ-SportsGabar