လီဗာပူး-မန်ယူ ပွဲအမှတ်တရ တွစ်တာပို့စ်ကြောင့် ဒဏ်ရိုက်ခံရတဲ့ ကစားသမားကို ပြန်ခံစားခြင်း

လီဗာပူးအသင်း ကစားသမား ဘာဘယ်ဆိုရင် လေးနှစ်ကစားသွားပေမဲ့ ပရိသတ်တွေ သိပ်အမှတ်တရရှိလှသူမဟုတ်ပါဘူး။ နယ်သာလန်သားက လီဗာပူးအတွက် စုစုပေါင်းမှ ၁၂ ဂိုးပဲ ပရီးမီးယားလိဂ်မှာ သွင်းဖူးပါတယ်။ ဆိုပေမဲ့ လီဗာပူးပရိသတ်တွေ သူ့ကိုအမြဲအမှတ်ရနေအောင် ခြေစွမ်းနဲ့မဟုတ်ပေမဲ့ တခြားကိစ္စတခုနဲ့ ဘာဘယ်ကလုပ်ခဲ့ဖူးပါတယ်။

အဲဒါက မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲတွေမှာပါ။ ဘာဘယ်က ၂၀၀၈-၀၉ ရာသီရဲ့ ပထမဆုံးဂိုးကို စသွင်းတော့ လီဗာပူးက မန်ယူကို ၂-၁ နဲ့နိုင်တဲ့ပွဲက အနိုင်ဂိုးဖြစ်နေပါတယ်။ ဘင်နီတက်ဇ်အတွက်လည်း သူတို့ရဲ့မဟာပြိုင်ဘက်ကြီးကို သူ့လက်ထက်ပထမဆုံးနိုင်တာဖြစ်နေတာကြောင့် ဘာဘယ်ဟာ လီဗာပူးပရိသတ်တွေအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။

ဒီလိုအမှတ်တရရှိနေတဲ့ ဘာဘယ်ကို ပရိသတ်တွေ လုံးဝမမေ့နိုင်အောင်ဖြစ်သွားတာက ၂၀၁၁ မှာပါ။ အက်ဖ်အေ တတိယအကျော့မှာ နှစ်သင်းတွေ့တော့ ထုံးစံအတိုင်း ဘာဘာတော့ဗ်က ဧရိယာထဲမှာ ဘောလုံးဆွဲပြေးပါတယ်။ အဂ္ဂါနဲ့ရင်ဆိုင်တွေ့ချိန်မှာ ဟန်ဆောင်ဒိုက်ထိုးလိုက်ပြီး၊ ပင်နယ်တီရအောင် စွမ်းဆောင်လိုက်ပါတယ်။ ကွင်းလယ်ဒိုင် ဟောင်းဝပ် ဝက်ဘ်ကလည်း ပင်နယ်တီတန်းပေးလိုက်ပါတယ်။

ဂစ်ကဂိုးသွင်းလိုက်ပြီး၊ အဆိုပါပင်နယ်တီတလုံးတည်းနဲ့ လီဗာပူးတို့ပြုတ်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်လိုက်ရချိန်မှာ ဝေဖန်သံတွေအမျိုးမျိုးထွက်ခဲ့ပြီး၊ အင်္ဂလန်တိုက်စစ်မှူး ဟောင်းကြီး ကင်နီဒါးဂလစ်ရှ်ကအစ တွစ်တာမှာ ဟာသပဲလို့ ဆိုခဲ့ပါတယ်။ ဘာဘယ်က အဲဒီပို့စ်ကို မြင်ချိန်မှာတော့ သူကိုယ်တိုင် တွစ်တာမှာအားတက်သရော အခုလိုရေးခဲ့ပါတယ်။

” ဘာပြောတယ်။ သူတို့က ဒီဒိုင်ကို အကောင်းဆုံးတွေထဲကတယောက် ဟုတ်စ၊ ဟာသပဲဗျာ၊ ခေါင်းတွေ ချာလပတ်ရမ်းနေပြီ။ ” ဆိုပြီး မန်ယူဂျာစီဝတ်ထားတဲ့ ဟောင်းဝပ်ပုံနဲ့ တွဲတင်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ အက်ဖ်အေက ဘာဘယ်ရဲ့တွစ်တာပို့စ်ကို အရေးယူမယ်လို့ ကြေညာလိုက်တာဖြစ်ပြီး၊ ဘာဘယ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဆိုရှယ်မီဒီယာပို့စ်ကြောင့် ပထမဆုံးအရေးယူခံရသူဖြစ်လာခဲ့ပါတယ်။

အက်ဖ်အေက ဒဏ်ကြေး ပေါင် ၁၀၀၀၀၊ နောက်ဆုံးအကြိမ် သတိပေးချက်နဲ့ အရေးယူခံခဲ့ရပြီး၊ ဘာဘယ်ကနောက်တော့ ပြန်တောင်းပန်ခဲ့ပါတယ်။ ” ဆောရီးပါ ဟောင်းဝပ်ရေ၊ ကျွန်တော်တင်လိုက်တဲ့ ပုံကိုသူတို့အရမ်းဆန်းဆန်းတင့်သွားတာအတွက် ကျွန်တော့်တောင်းပန်မှုပါ။ ဒါက အရေးကြီးတဲ့ပွဲတပွဲရှုံးရင် ဖြစ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမှုတခုပါပဲ” လို့တင်ခဲ့ပါတယ်။

AZ-SportsGabar