လော်ရိုး၊ လူးဝစ်ဂျုန်း၊ မိုက်ကယ်အိုဝင် သုံးဦးရဲ့ လီဗာပူး V မန်ယူပွဲ ခန့်မှန်းရလဒ်

လက်ရှိအမှတ်ပေးဇယားထိပ်ဆုံးမှာ ရောက်နေတဲ့ မန်ယူနိုက်တက်နဲ့ ဒီနှစ်ရဲ့ရေပန်းအစားဆုံး လီဗာပူးတို့တွေ့ဆုံတဲ့ပွဲက ပရိသတ်စောင့်အကြည့်ချင်ဆုံးပွဲဖြစ်နေမှာပါ။ မြန်မာစံတော်ချိန် (၁၇-၁-၂၀၂၁) ည (၁၁)နာရီမှာ ကစားမယ့်ပွဲက ကြည့်တန်ကောင်းအချိန်လေးဖြစ်နေလို့ ပရိသတ်တွေ အများစုက စောင့်ကြည့်ကြမယ့်ပွဲဆိုလည်း မမှာပါဘူး။
လံ
ထုံးစံအတိုင်း ပွဲကြိုခန့်မှန်းချက်တွေအများအပြားလုပ်နေကြတဲ့အထဲကနေ ရေပန်းအစားဆုံး ဘောလုံးဂုရုသုံးဦးရဲ့ ခန့်မှန်းချက်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးဖို့ရောက်လာပါပြီ။ ဘီဘီစီရဲ့ လော်ရိုး၊ စကိုင်းစပေါ့ရဲ့ လူးဝစ်ဂျုန်းနဲ့ ဘတ်ဗစ်တာရဲ့ မိုက်ကယ်အိုဝင် သုံးဦးပေါင်းခန့်မှန်းချက်တွေကိုပါ။ ရလဒ်တွေက အခုလိုဖြစ်ပါတယ်။

လော်ရိုး- လီဗာပူးရဲ့အိမ်ကွင်းစွမ်းဆောင်ရည်က လုံးဝအထင်ကြီးစရာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလကတည်းကနေ အခုအချိန်ထိ လီဗာပူးဟာ အိမ်ကွင်း အန်ဖီးလ်ဟာ တပွဲမှ ပရီးမီးယားလိဂ်မှာ မရှုံးဖူးသေးပါဘူး။ (တကယ်တပွဲမှ မရှုံးသေးပါ)။ ပြီးတော့ မန်ချက်စတာယူနိုက်တက်ကလည်း ဒီနှစ်မှာ အဝေးကွင်းလုံး၀ မရှုံးသေးပါဘူး။ ကျွန်တော်ကတော့ သရေကျမယ့်ပွဲလို့ ယူဆပါတယ်။ သူတို့လက်ရှိသွားနေတဲ့အတိုင်းကို ထိန်းသွားပါလိမ့်မယ်။ လီဗာပူး ၁-၁ မန်ယူပါ။

လူးဝစ်ဂျုန်း-လီဗာပူးမှာ ဒီရာသီအကောင်းဆုံးအိမ်ကွင်းမှတ်တမ်းရှိပါတယ်။ ပြောရရင် ၆၇ ပွဲအထိ သူတို့ အိမ်ကွင်းမှာ လုံးဝမရှုံးသေးပါဘူး။ တဖက်မှာလည်း မန်ယူက ဒီနှစ်ရဲ့အကောင်းဆုံးအဝးကွင်းစံချိန်ရှင်ဖြစ်နေပါတယ်။ ဒီလိုမျိုး အထိမခံတဲ့အရာနှစ်ခုတွေ့ပြီဆိုရင် ဘာတွေဖြစ်တတ်မလဲ။ လုံးဝလှုပ်မရအောင်ဖြစ်သွားကြပါပြီ။ အဖြေကဒါပါပဲ။ လီဗာပူး ၁-၁ မန်ယူ ပါ။

မိုက်ကယ်အိုဝင်-နှစ်သင်းလုံးက ကောင်တာကစားရတာကြိုက်ကြတယ်။ ကျွန်တော်ကတော့ ဒီပွဲက ကြောင်နဲ့ကြွက်လို ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒါကြောင့်နှစ်သင်းလုံးက သူတို့ရဲ့ကောင်တာတိုက်စစ်တွေနဲ့ အဆုံးသတ်လို့ရအောင် သူတို့ပိုင်နိုင်တဲ့အပိုင်းတွေကို နည်းနည်းလေးလွတ်ပေးထားမယ်။ ပြောခဲ့တဲ့အတိုင်းဖြစ်လာမယ်ဆိုရင် နှစ်သင်းလုံးကတွက်ရင်းချက်ရင်းနဲ့ လှုပ်မရပြုမရဘဲ အဆုံးသတ်သွားပါလိမ့်မယ်။ လီဗာပူး ဝ-၀ မန်ယူပါ။

AZ-SportsGabar