လူကာကူအပါအဝင် သုံးနေရာကိုခေါ်ဖို့ ပေါင်သန်း ၂၀၀ သုံးမယ့် မန်စီးတီးရဲ့အစီအစဉ်အသစ်

အော်ပရေးရှင်း မန်စီးတီးလို့တင်စားရမယ့် အစီအစဉ်သစ်တခုကို ဒေးလီးမေး သတင်းဌာနက တင်ဆက်လာပါတယ်။ မန်နေဂျာပတ်ဂွါဒီယိုလာအနေနဲ့ မန်စီးတီးမှာ ပေါင်သန်း ၂၀၀ အထိသုံးစွဲဖို့ ဘတ်ဂျတ်ရမယ်လို့သိရပြီး၊ အသင်းရဲ့နေရာတော်တော်များများကိုအားဖြည့်ဖို့အတွက် အကုန်လုံး သုံးစွဲခွင့်ရမယ်လို့ ဆိုပါတယ်။

အဲဒီဘတ်ဂျတ်တွေထဲမှာ အဓိက သုံးစွဲမှာက အင်တာမီလန်ရဲ့တိုက်စစ်မှူး လူကာကူကို ခေါ်ယူစာချုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အသင်းက လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ရဲ့နောက် လေးမှတ်အကွာနဲ့လိုက်နေပါတယ်။ လီဗာပူးနဲ့မကစားရသေးတဲ့ မန်ယူနိုက်တက်အနေနဲ့ မန်စီးတီးကို လေးမှတ်ပဲဖြတ်ထားနိုင်သေးတာက မန်စီးတီးအနေနဲ့ ဖလားလမ်းကြောင်းမှာ အပြည့်ရှိနေဆဲပါ။

ဒီအခြေအနေကိုဆက်ထိန်းထားပြီး ရာသီအကုန်မှာ အင်အားဖြည့်တင်းနိုင်ဖို့ အသင်းဘုတ်အဖွဲ့က ပတ်ဂါွဒီယိုလာကို ဘတ်ဂျတ်ချပေးဖို့ရှိနေပါတယ်။ တိုက်စစ်မှူးအဂူရို စာချုပ်ခြောက်လပဲ ကျန်တဲ့အတွက် စာချုပ်သစ်ညှိနှိုင်းမှာဖြစ်ပေမဲ့ စာချုပ်အဆင်ပြေပြေ၊ မပြေပြေ အင်တာမီလန်တိုက်စစ်မှူး၊ တချိန်က မန်ယူတိုက်စစ်မှူးဟောင်း လူကာကူကို မဖြစ်မနေခေါ်မယ်လို့ ဆိုပါတယ်။

ကျန်တဲ့ကစားသမားတွေကတော့ လူကာကူအဆင်မပြေခဲ့ရင် မန်စီးတီးရဲ့မူလပစ်မှတ် ဟာလန်း၊ ဒါ့အပြင် အသင်းရဲ့ဘယ်နောက်ခံလူတနေရာနဲ့ ကွင်းလယ်ပိုင်းတနေရာကို ထပ်အားဖြည့်သွားမယ်လို့သိရပါတယ်။ ပတ်ဂွါဒီယိုလာအနေနဲ့ ပြောခဲ့တဲ့ သုံးနေရာကိုအားဖြည့်ဖို့ ပေါင်သန်း (၂၀၀) လုံးအကုန်သုံးခွင့်ရမယ်လို့ ဒေးလီးမေးက ဖော်ပြထားပါတယ်။

အကယ်လို့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အဂူရို၊ ဖာနန်ဒင်ဟိုနဲ့ အဲရစ်ဂါစီယာ သုံးယောက်လုံးထွက်သွားမယ်ဆိုတာသေချာတာနဲ့ ဇန်နဝါရီမှာပဲ အရင်အားဖြည့်သွားမယ်လို့လည်း ဆိုထားပါတယ်။ ဂါစီယာက ဘာစီလိုနာနဲ့သဘောတူထားပြီဖြစ်တဲ့အတွက် မန်စီးတီးဟာ မဖြစ်မနေ ထပ်အားဖြည့်ဖို့လိုနေပြီဖြစ်ပြီး၊ အသင်းကို ကစားသမားသစ်သုံးယောက် ကျိန်းသေခေါ်လာဖို့ရှိနေပါတယ်။

AZ-SportsGabar