စီးရီးအေကလပ်လေးခုပေါင်းလစာထက်ပိုများနေတဲ့ စီရော်နယ်ဒိုရဲ့လစာထွက်ပေါ်

ဂျူဗင်တပ်စတား စီရော်နယ်ဒိုရဲ့လက်ရှိရနေတဲ့ လစာပမာဏဟာ သူကစားနေတဲ့ စီးရီးအေလိဂ်က အသင်းလေးခုပေါင်းလစာထက်ပိုများနေတယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရသိရပါတယ်။ တနှစ်ကို ပေါင် ၂၆ သန်းအထိရနေတဲ့ စီရော်နယ်ဒိုဟာ မူလက ခန့်မှန်းထားတဲ့ လစာထက်ကိုပိုများနေပြီး၊ ပရိသတ်တွေ အံ့အားသင့်စရာဖြစ်လာပါတယ်။

(၂၀၁၈)မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ပြီး၊ ဂျူဗင်တပ်ကို ရောက်လာချိန်မှာ စီရော်နယ်ဒိုဟာ လစာအမြင့်ဆုံးပမာဏတရပ်အဖြစ်ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ဘယ်လောက်ပမာဏလဲကို အတိအကျမိသပေမဲ့ စီရော်နယ်ဒိုရဲ့လစာဟာ တပတ်ကိုပေါင် လေးသိန်းအထက်မှာရှိတယ်လို့ တွက်ချက်ခဲ့ပါတယ်။ ဒါပေမဲ့ လာဂေဇက်တာဒယ်လိုစပေါ့ကနေ အခုဖော်ထုတ်လိုက်တဲ့ပမာဏက များပြားနေပါတယ်။

တပတ်ကို ပေါင် ၅၄၀၀၀၀ အထိရနေတဲ့အပြင် လက်ရှိစီးရီးအေမှာ ဒုတိယလစာအများဆုံးရနေတဲ့ ကစားသမားထက် လေးဆပိုများနေတယ်ဆိုပါတယ်။ စုစုပေါင်း တနှစ်ကို ပေါင် ၂၆ သန်းအထိ ဂျူဗင်တပ်က ပေးချေထားရတာပါ။ ဒုတိယအများဆုံး ကစားသမားကလည်း ဂျူဗင်တပ်ရဲ့ ဒီလစ်ချ်ဖြစ်ပြီး၊ တနှစ်ကို ပေါင် ၇.၂ သန်းပေးချေထားရပါတယ်။

သူ့နောက်မှာ ဒိုင်ဘာလာ (၆.၆)သန်း၊ ရာဘီရော့ (၆.၃)သန်း၊ ရမ်ဆေး (၆.၃)သန်းပါ။ နာမည်ကြီးတွေအတွက် ပုံမှန်လစာတွေဖြစ်ပေမဲ့ ရော်နယ်ဒိုရဲ့လစာကတော့ အူဒီးနိစ်၊ ဗီရိုနာ၊ ခရိုတွန်း၊ စပီဇီယာ ကယ်စီယို လေးသင်းပေါင်းပေးချေနေရတဲ့ လစာပမာဏထက်ကို များနေတာဖြစ်ပါတယ်။ ဒီလိုများပြားနေတာက နည်းပြ ပီယာလိုနဲ့ယှဉ်ရင်လည်း အကွာကြီးပါ။



နည်းပြပီယာလိုဟာ တနှစ်ကို ပေါင် (၁.၆)သန်းပဲ လစာရပြီး၊ အသင်းမှာရှိတဲ့ ကစားသမားတွေထက် ပုံမှန်လစာအောက်တောင် လျော့နည်းနေပါတယ်။ ခြုံကြည့်ရင်တော့ ရော်နယ်ဒိုတဦးတည်းကိုပဲ ပုံအောပေးထားတာလို့လည်း သတ်မှတ်နိုင်ပါတယ်။ နှစ်နှစ်ကစားပြီးပြီဖြစ်တဲ့အတွက် ရော်နယ်ဒိုဟာ လစာ ၅၂ သန်းအထိရပြီးပြီလို့လည်း ခန့်မှန်းရပါတယ်။

AZ-SportsGabar