နံနက်ပိုင်းအားကစားသတင်းတိုများ (၁၅.၁.၂၀၂၁)

အာဆင်နယ်အသင်းနဲ့ ပဲလေ့စ်အသင်းတို့ကစာခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က ဝ-၀ နဲ့ ပြီးဆုံးခဲ့ပါတယ်။ ပဲလေ့စ်အသင်းပထမပိုင်းမှာတင် ဂိုးပေါက်ကန်သွင်းမှု ၉ ခုအထိလုပ်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ပွဲစဉ်တောက်လျှောက်အာဆင်နယ်အသင်း ကြုံတွေ့ခဲ့ရတဲ့ ခံစစ်ခြိမ်းခြောက်ခံရမှုဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း အက်သလက်တစ်ဘီလ်ဘာအိုကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် စပိန့်ဘုရင်ဖလားဖိုင်နယ်ဟာ အယ်ကလက်စီကိုမဖြစ်တော့ပါဘူး။ ဘာစီလိုနာနဲ့ ဘီလ်ဘာအိုတို့ရင်ဆိုင်လုရမှာဖြစ်ပြီး၊ ဖိုင်နယ်ပွဲစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းတိုက်စစ်မှူး ဒန်နီအင်းကတော့ ကိုဗစ် ၁၉ ပေါ့စတစ်တွေ့ခဲ့တယ်လို့ သိရပါတယ်။ ကူးစက်မှုတွေထပ်တွေ့ခဲ့တဲ့အထဲက ကစားသမားတယောက်ဖြစ်ပြီး၊ ဒန်နီအင်းဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ကူးစက်ခံနေရတာကြောင့် မကြာခင်မှာထရိန်နင်ပြန်ဆင်းနိုင်မယ်လို့ နည်းပြကဆိုပါတယ်။

မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး အိုင်ဂါလိုကတော့ မေဂျာလိဂ်ကလပ်တွေကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းနေပါတယ်။ တရုတ်ကလပ်နဲ့စာချုပ်မကုန်သေးတဲ့ ကစားသ မားဟာ ရှန်ဟိုင်းကလပ်ကို ပြန်မသွားတော့ဘဲ လက်ကျန်စာချုပ်တွေကိုဖျက်သိမ်းပြီး၊ မေဂျာလိဂ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ဖရန့်ဖတ်အသင်းကနေ ဒေါ်လာ ၇၃ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ဝယ်ထားခဲ့တဲ့ လူကာဂျိုဗစ်ကတော့ ရီးရဲလ်မှာအသားမကျမှုတွေနဲ့အတူ ဖရန့်ဖတ်ကို ရာသီဝက်အငှားနဲ့ပြန်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဟာ ရီးရဲလ်မှာအသားမကျမှုတွေနဲ့အတူ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့အတွက် အသင်းဟောင်းကိုအငှားပြန်ချခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ကီရန်ထရစ်ပီယာရဲ့ ဘောလုံးလောကကနေ ၁၀ ပတ် အနားပေးခံထားရတဲ့ ပြစ်ဒဏ်ကို အယူခံဝင်ဖို့မရှိဘူးလို့ သိရပါတယ်။ လောင်းကစားဆိုင်ရာ ပြစ်ဒဏ်ချိုးဖောက်မှုတွေကြောင့် ၁၀ ပတ်ပွဲပယ် ပြစ်ဒဏ်ကျခံထားရတဲ့အပေါ် ပြစ်ဒဏ်အတိုင်းဆက်သွားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

AZ-SportsGabar