အသင်းရဲ့အကောင်းဆုံး ၁၁ ယောက်ကိုသာ မရောင်းချခဲ့ဘူးဆိုရင် ဖြစ်လာနိုင်တဲ့ အတောင့်တင်းဆုံးအေဂျက်အသင်း

အေဂျက်အသင်းဆိုတာနဲ့ လူငယ်ခြေတက်တွေအများကြီးမွေးထုတ်ပေးတဲ့အသင်းဆိုတာ ပရိသတ်တွေသိကြမှာပါ။ လက်ရှိဥရောပကို ထွက်သွားတဲ့အေဂျက်ကစားသမား အများစုလည်း အသင်းကြီးတွေမှာ အောင်မြင်နေကြပြီး၊ ဆွာရက်တို့ကအစ အက်သလက်တီကိုမှာ ခြေစွာနေဆဲပါ။

ဒီလိုခြေစွာနေတဲ့ ကစားသမားတွေကို အေဂျက်ဟာ ခြေတက်လာတိုင်းရောင်းထုတ်ခဲ့ပါတယ်။ အကယ်လို့ ရောင်းသာမထုတ်ခဲ့ဖူးဆိုရင် အေဂျက်မှာ ဥရောပအသင်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ အင်အားအစုအဖွဲ့ရှိနေနိုင်ပါတယ်။ ရောင်းထုတ်ခဲ့တဲ့ ၁၁ ယောက်ရဲ့နေရာအလိုက်ခြေစွမ်းပြခဲ့မှုကြောင့်ပါ။

အငြင်းပွားမှုတွေရှိကောင်းရှိနေနိုင်ပေမဲ့ အေဂျက်ရဲ့လူငယ် ၁၁ ယောက်ထဲကမှ အခုပြောပြမယ့်ကစားသမားတွေက ခေသူတွေမဟုတ်တာတော့သေချာပါတယ်။ ဂိုး – ဂျက်စပါ ဆီလက်ဆန်၊ နောက်တန်း-အယ်ဒါဝီရယ်၊ ဒီလစ်၊ ဗာတွမ်ဂန်၊ ဒါလေဘလိုင်း၊ ကွင်းလယ်-ဇီယက်၊ ဗန်ဒီဘိခ်၊ ဒီဂျောင်၊ အဲရစ်ဆင်၊ တိုက်စစ်-ဆွာရက်နဲ့ ဇလာတန်တို့ပါ။

ပြောခဲ့တဲ့အစုအဖွဲ့မှာ လီဗာပူးချန်ပီယံလိဂ်ဖလားရတဲ့နှစ်က လူငယ်တသိုက်နဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်မှာ စပါးကိုရှုံးသွားတဲ့ အေဂျက်အသင်းက လေးယောက်အထိပါနေပါတယ်။ ဆီလက်ဆန်-ဘာစီဂိုးသမားဟောင်း၊ အယ်ဒါဝီရယ်-ဗာတွမ်ဂန်-အဲရစ်ဆင်-စပါး၊ ဒါဘေဘလိုင်း-မန်ယူ၊ ဇလာတန်-ဆွာရက်တို့လို ရောက်လေရာခြေစွမ်းပြသူတွေလည်းပါပါတယ်။

အေဂျက်က ပြောခဲ့တဲ့ ကစားသမားတွေကို လွန်ခဲ့တဲ့နှစ် ၂၀ ကနေစပြီး၊ ဥရောပအသင်းကြီးတွေကို တစချင်းရောင်းခဲ့တာပါ။ ဒါကြောင့်လည်း လက်ရှိ ၂၁ ရာစုရဲ့အကောင်းဆုံးအကယ်ဒမီလို့ ဂန္ဓဝင်အများစုကရည်ညွန်းနေကြတာလည်းဖြစ်ပါတယ်။

AZ-SportsGabar