စကေးတကွက်ထုတ်ပြလိုက်ချိန်မှာ ဇီဒန်းလက်သစ်လို့ တင်စားခံနေရတဲ့ ဖီလ်ဖိုဒင်

ဘရိုက်တန်ကို (၁-ဝ)နဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးပွဲစဉ်မှာ ၂၀ နှစ်သားလေး ဖိုဒင်ဟာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ တလုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်း ၄၄ မိနစ်မှာတင်သွင်းယူပေးနိုင်ခဲ့ပြီး၊ ဖိုဒင်ရဲ့ကန်ချက်က ၂၀ နှစ်သားလို့မထင်ရလောက်အောင်ကို သေသပ်ခဲ့ပါတယ်။

မန်စီးတီးရဲ့ဒီနှစ်ရာသီ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၈ ဂိုးနဲ့ရှိလာခဲ့သလို ပြိုင်ပွဲစုံမှာြခေစွမ်းပြနေတဲ့ သူ့ရဲ့စကေးတွေက ကွင်းလယ်မှာဆရာတဆူဖြစ်လာမှာကို မြင်နေရပါပြီ။ ဒီအချက်ကို ပိုသေချာစေဖို့ ဖိုဒင်က ကွင်းထဲမှာ အများနဲ့မတူတဲ့ ဟန်ပန်တခုနဲ့ စကေးတကွက်ထုတ်ပြခဲ့ပါတယ်။

ပြိုင်ဘက်ကစားသမားနှစ်ယောက်နဲ့ ကွင်းထဲမှာ ရင်ဆိုင်အတွေ့ နှစ်ယောက်လုံးကိုလိမ်ခေါက်ဖို့ ကြိုးစားခဲ့ချိန်၊ ဇီဒန်းကွက်လို့လူသိများတဲ့ ဖိန့်ကွတ်နဲ့လှည့်ထွက်ပြခဲ့ပါတယ်။ ရုပ်သံဟိုက်လိုက်မှာ ပြသခဲ့တဲ့ စကေးအရ ဖိုဒင်ကို ဘရိုက်တန်ကစားသမားနှစ်ယောက်လုံးက ဖောင်းဘောလုပ်ခဲ့တာပါ။

ဒါပေမဲ့ လှလှပပရှောင်ထွက်ပြခဲ့ပြီး၊ ဧရိယာဘေးတလျှောက်ဆွဲပြေးဖို့လုပ်ခဲ့ပါတယ်။ ဖိုဒင်ကို ဘယ်လိုမှမထိန်းနိုင်တော့တဲ့အဆုံးမှမှ အဒမ်ဝဘ်စတာတယောက် ဘေးကနေလိုက်ဆွဲ၊ ဖောင်းဘောလုပ်ခဲ့ကာ ဖိုဒင်ရဲ့ ပြေးလမ်းကြောင်းကို ဆက်မသွားအောင် ဟန့်တားခဲ့ရပါတယ်။

ဖိုဒင်လုပ်ပြသွားတဲ့လှည့်ကွက်ကို မြင်လိုက်ချိန်မှာတော့ အင်္ဂလန်ဂန္ဓဝင်ဂယ်ရီလိုင်ကာကအစ ဖိုဒင်ဟာ အံ့သြစရာခြေစွမ်းနဲ့ဖိုဒင်ကတော့ ထပ်လုပ်ပြလိုက်ပြန်ပြီလို့ တင်စားခဲ့ပါတယ်။ ဒီလှည့်ကွကို တွစ်တာမှာလည်း ချီးမွန်းနေကြပြီး၊ ဇီဒန်းလက်သစ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

AZ-SportsGabar